What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 June 2019 12:05

သူနာပြု ဆိုတာ ဘယ်ကနေစတင်ဖြစ်ပေါ်လာလဲ

ရှေးအခါက ရောဂါဝေဒနာခံစားရသော လူနာများကို မိမိတို့၏သွေးရင်းများထဲမှ လူများကလွဲ၍ မည်သူတစ်ဦး တစ်ယောက်ကမျှ ပြုစုမည့်သူမရှိချေ။

ထိုနောက်ခိုကိုးရာမဲ့နေသော ဒုက္ခသည်ဝေဒနာရှင်များအား ခရစ်ယာန်ဘုန်းကြီး နှင့် မယ်သီရှင်များက စေတနာ ဝန်းထမ်းများအဖြစ် ပြုစုကုသကြပေးခဲ့ပါတယ်။

 

ဤကဲ့သို့ သူနာပြုများမပေါ်မီအချိန်ကာလတွင် လူနာများ၏ဝေဒနာ မခံစားရသင့်ဘဲ ပိုမို၍ ဝေဒနာခံစားရခြင်း ၊ အနာများ ပျောက်သင့်လျက် နှင့် မပျောက်ခြင်း ၊ မသေသင့်ဘဲ သေခြင်းများ ဖြစ်ပေါ်လျက်ရှိခဲ့ပါတယ်။ ဤအဖြစ်အပျက်များကို မကြည့်နိုင်သောကြောင့် အလွန်ကြွယ်ဝချမ်းသာသော အမျိုးအနွယ်မှ ဆင်းသက်လာသည့် Miss Florence Nightingale ခေါ် အမျိုးသမီးကြီးသည် သူ၏ စည်းစိမ်ဥစ္စာကစ္စည်းများကို စွန့်လွှတ်ပြီး သူနာပြုဝန်ထမ်းကို အခက်ခဲကြားမှ ဝင်ရောက်၍ စတင်တမ်းဆောင်ခြင်းပြုလုပ်သောကြောင့် သူနာပြုအစ Miss Florence Nightingale ဟုခေါ်ဝေါ် သမုတ်ကြလေခြင်း ဖြစ်ပါတယ်။

Related image

 

သူမသည် ၁၈၂၀ ခုနှစ်တွင် ဖွားမြင်ပြီး ၁၉၁၀ ခုတွင် အနိစ္စ ရောက်ခဲ့ပါတယ်။ Miss Florence Nightingale သည် မြို့ရွာကြီးများတွင်သာ တာဝန်တမ်းဆောင်သည် မဟုတ်ဘဲ အန္တရာယ်မကင်းသော စစ်မြေပြင်များရှိ စစ်သားများကြားတွင် အသက်ကိုစွန့်၍ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ညအခါများတွင် Miss Florence Nightingale သည် မိုင်ပေါင်းများစွာ ရှည်လျားသော လူနာ၏ စစ်တမ်းလျားဆီသို့ မီးခွက်ကလေးကို ကိုဆောင်၍ လှည့်လည်သွားရောက်ခါ အလုပ်တာဝန်များကို ထမ်းဆောင်သွားသောကြောင့် သူမအား မီးခွက်ပိုင်ရှင်အမျိုးသမီးကြီး " The Lady With Lamp " ဘွဲ့ထူးကိုချီးမြှင့်ခံခဲ့ ရပါတယ်။

Related image

သူနာပြုစုခြင်း ၏ အဓိပ္ပါယ် ကား သူတစ်ပါးကို ကျန်းမာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ မကျန်းမာသူ တစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးပိုင်ဆိုင်ရာ ပြုစုမှု လိုအပ်ချင်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ကျန်းမာလာစေရန် မကုသနိုင်သည့်အဆုံးတွင် လူနာ၏ နာကျင်မှု နှင့် မအီမသာဖြစ်ခြင်းတွေကို သက်သူမှုရရှိစေရန် ပြုစုခြင်း ဖြစ်ပါတယ်။

 

သူနာပြုအတတ်ပညာဆိုသည်မှာ မကျန်းမာသူအား ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးပိုင်ဆိုင်ရာ ပြုစုမှုလိုအပ်ချင်များကို လည်းကောင်း ၊ မကျန်းမာသူ၏ မိသားစု ၊ မကျန်းမာသူနှင့် ဆက်နွယ်သူများ၏ ကျန်းမာရေးဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းရှိသည့် အတတ်ပညာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

Read More : မိုးတွင်းမှာ သတိထားရမယ့် ရေကြောင့်ဖြစ်နိုင်တဲ့ ရောဂါများ

မိုးတွင်းမှာ သတိထားရမယ့် ရေကြောင့်ဖြစ်နိုင်တဲ့ ရောဂါများ

 

ယင်းစကားတွင် မကျန်းမာသူမား ကျန်းမာရေး ပိုကောင်းလာစေရေး နှင့် ရောဂါကြိုတင်ကာကွယ်ရေး စသည့်တို့ကို ဆောင်ရွက်ပေးသည့် လုပ်ငန်းများလည်း ပါဝင်ပါတယ်။

 

Nurse ဆိုတဲ့စကားလုံးတစ်လုံးခြင်းစီ ၏ အဓိပ္ပါယ်မှာ

N = Nobility , Knowledge ( မြင့်မြတ်ခြင်း ၊ ဗဟုသုတရှိခြင်း)
U = Usefulness , Understanding ( အသုံးဝင်ခြင်း ၊ နားလည်ခြင်း )


R = Righteousness, Respondibility ( ဖြောင့်မတ်မှန်ကန်ခြင်း ၊ တာဝန်ယူတတ်ခြင်း )
S = Simplicity , Sympathy ( ရိုးသားခြင်း ၊ ကြင်နာခြင်း )
E = Efficiency , Equanimity ( လိုလားချက်ပြည့်ဝခြင်း ၊ သမာဓိရှိခြင်း ) တို့ပဲ ဖြစ်ပါတယ်။

NURSE TRAINING သင်တန်းကောင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါပြီး ??  NURSE TRAINING ??

 

 အောင်မြေသာစည် 

Read times Last modified on Wednesday, 26 June 2019 13:56
Rate this item
(1 Vote)