What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 October 2021 17:44

Pfizer အားဖြည့်ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါအား အပြည့်အဝကာကွယ်ပေးဟုဆို

Pfizer နှင့် BioNTech တို့က လူများစွာပါဝင်သော ကိုဗစ်-၁၉ (COVID-19) အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွင်

ရောဂါအား အပြည့်အဝကာကွယ်ပေးနိုင်သည်ကို ပြသလျက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာခဲ့သည်။
လက်တွေ့စမ်းသပ်မှု အဆင့် ၃ တွင် Pfizer-BioNTech အားဖြည့်ကာကွယ်ဆေးကို အသက် ၁၆ နှစ်နှင့်အထက် လူ ၁၀,၀၀၀ ကျော်အား ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ယခင်က Pfizer-BioNTech ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများ ဖြစ်သည်။
လက်တွေ့စမ်းသပ်မှုအရ အားဖြည့်ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများနှင့် နှိုင်းယှဉ်ပါက ကာကွယ်ဆေး အာနိသင်ထိရောက်မှုအနေဖြင့် ၉၅.၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။
ယခုရလဒ်များမှာ ကိုဗစ်-၁၉ အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအား အလျဉ်းသင့်သလို စမ်းသပ်ခြင်းမှ ပထမဆုံး ဆေးအာနိသင်ရလဒ်များဖြစ်သည်။
“ဒီရောဂါကနေ လူတွေကို ကောင်းမွန်စွာကာကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့အတွက် ဒီရလဒ်တွေက အားဖြည့်ကာကွယ်ဆေးတွေရဲ့ အကျိုးကျေးဇူးတွေကို ထပ်မံသက်သေပြုပေးတာဖြစ်ပါတယ်” ဟု Pfizer ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Albert Bourla က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက Pfizer-BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အားဖြည့်ကာကွယ်ဆေးများအား ယခင်လက ခွင့်ပြုခဲ့ကြောင်း၊ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအနေဖြင့် ယခင်ကာကွယ်ဆေးများ ထိုးနှံပြီး အနည်းဆုံး ၆ လအကြာ၌ Pfizer-BioNTech အားဖြည့်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံရန် ခွင့်ပြုထားကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)