What's New




Monday, 15 January 2024 13:54

ကြာရှည်ကိုဗစ်နှင့် ကာကွယ်ဆေးများ‌ကြောင့် ရောဂါဖြစ်ပွားပြီး သေဆုံးစေနိုင်သည်

ကြာရှည်ကိုဗစ်နှင့် ကာကွယ်ဆေးများ‌ကြောင့်  ရောဂါဖြစ်ပွားပြီး သေဆုံးစေနိုင်သည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Covid-19 ရောဂါလက္ခဏာ ကြာရှည် ရှိနေခြင်းနှင့် Covid-19 ကာကွယ်ဆေး အကြိမ်ကြိမ်ထိုးခြင်းသည် မြုံနေသော ရောဂါများ ပြန်ပေါ်ထွက်စေသည်။ ကိုယ်ခံစွမ်းအားကို အားနည်းသည် ကင်ဆာဖြစ်ပွားစေနိုင်သည်။ ဦးနှောက် ထိခိုက်စေနိုင်သည်ဟု  Chulalongkorn နှင့် Rangsit တက္ကသိုလ်များမှ ပါ‌မောက္ခနှင့် ဌာနမှူးတို့က ပြောကြားသည်။

 

အဆိုပါ သတိပေးချက်ကို ချူလာလောင်ကွန်တက္ကသိုလ်ရှိ ထိုင်းကြက်ခြေနီ ပေါ်ထွက်စ ကူးစက်ရောဂါများဆိုင်ရာ ကျန်းမာရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ပါမောက္ခဒေါက်တာ Thiravat Hemachudha နှင့် ရမ်စစ်တက္ကသိုလ် အရှေ့တိုင်းဆေးပညာကောလိပ်မှ ဌာနမှူး Panthep Puapongphan တို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

Covid-19 ကူးစက်ပြီးနောက် သုံးလထက် ပိုကြာသော ရောဂါလက္ခဏာများ ရှိနေခြင်းကို ကြာရှည်ကိုဗစ် "long Covid" ဟုခေါ်ပြီး ရောဂါလက္ခဏာများတွင် နှလုံး၊ အဆုတ်နှင့် အာရုံကြောများအပြင် အရေပြား၊ အရွတ်များ၊ အမျှင်တစ်ရှူးများ၊ ကြွက်သားများနှင့် အဆစ်များတို့နှင့် ပတ်သက်သော ရောဂါလက္ခဏာများ ပါဝင်သည်။ ၎င်းတို့သည် ကင်ဆာ ဖြစ်ပွားစေနိုင်သည်။ ရေယုန် ကဲ့သို့သော မြုံနေသည့် ရောဂါများကို ဖြစ်ပွားစေနိုင်သည်ဟု ၎င်းတို့က ပြောကြားသည်။

 

ကာကွယ်ဆေးထိုးခြင်းကြောင့် ထိခိုက်သေဆုံးသူများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖုံးကွယ်ထားရန် ကြိုးပမ်းမှုများရှိကြောင်း ပါမောက္ခ ဒေါက်တာသီရာဝပ်နှင့် မစ္စတာပန်သက်က ပြောကြားခဲ့သည်။ ထိုသို့ ဖုံးကွယ်ခြင်း၊ မျက်ကွယ်ပြုခြင်းများကြောင့် ကာကွယ်ဆေးထိုးခြင်းမှ ဒဏ်ခံရသော တရားဝင် လူနာအရေအတွက်သည် လက်တွေ့မဆန်လှအောင် အနည်းအကျဉ်းမျှသာ ဖြစ်နေသည်ဟု ၎င်းတို့က ပြောကြားသည်။

 

ထို့ကြောင့် နောက်ဆက်တွဲ အနေဖြင့် လူနာများသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ၎င်းတို့ကို ထိခိုက်စေခဲ့ကြောင်း မသိကြရသဖြင့် သင့်လျော်သော ကုသမှုကို မရခဲ့ကြပေ။

 

ထိုင်းနိုင်ငံသားများ သေဆုံးမှုနှုန်းသည် Covid-19 ကပ်ရောဂါမတိုင်မီနှင့် ကိုဗစ်ကာလအတွင်းကထက် ရေချိန် ပိုမြင့်တက်ခဲ့ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။ ကာကွယ်ဆေးထိုးခြင်းနှင့် ဆက်စပ်မှုရှိမရှိ သိရှိရန်အတွက် စုံစမ်းစစ်ဆေး‌ပေးရန် ၎င်းတို့က တိုက်တွန်းသည်။

 

အခြားနိုင်ငံများတွင် လေ့လာမှုများအရ Covid-19 ကာကွယ်ဆေးထိုးခြင်းသည် နှလုံး၊ သွေးနှင့် အသက်ရှူလမ်းကြောင်းစနစ်များအပါအဝင်  စနစ်များ ပျက်စီးသွားသောသူများ ရှိခဲ့ပြီး လူနာ အသက်ဆုံးရှုံးစေခဲ့ကြောင်း ၎င်းတို့က အခိုင်အမာ ပြောဆိုသည်။ 

 

ချူလာလောင်ကွန်တက္ကသိုလ်မှ ဆေးပညာဌာနမှ ကာကွယ်ဆေးထိုးထားသည့် Covid-19 ရောဂါဖြစ်ပွားသူ ၁၀၀ နီးပါးတွင် ဦးနှောက်ချို့ယွင်းမှုများကို ပြသသည့် လက္ခဏာများ ဖြစ်သော ရောင်ရမ်းခြင်းနှင့် ပရိုတင်းဓာတ်အခြေအနေများ တွေ့ရှိရကြောင်း၊ အချို့တွင် ဦးနှောက်ချို့ယွင်းသည့် လက္ခဏာများ ပြသနေပြီဟု ၎င်းတို့က ပြောကြားသည်။ 

 

ပါမောက္ခဒေါက်တာ Thiravat နှင့် Mr Panthep တို့က မဟီဒေါတက္ကသိုလ် ဆေးပညာဌာနမှ Ramathibodi ဆေးရုံတွင် လုပ်ဆောင်ခဲ့သည့် သုတေသနတစ်ခု၏ အစီရင်ခံစာကို ကိုးကား၍ ပြောကြားခဲ့သည်မှာ Covid-19 ကာကွယ်ဆေး တတိယအကြိမ် ထိုးပြီးနောက် အချို့တို့တွင် T-Cell ခုခံအား အားနည်းနေသည်။ သို့ဖြစ်ရာ ကာကွယ်ဆေး အလွန်အကျွံ ထိုးနှံခြင်းသည် ကိုယ်ခံစွမ်းအားကို အားနည်းစေသည်ဟု ၎င်းတို့ကဆိုသည်။

 

T-cell (T-lymphocytes)သည်  ခုခံအားစနစ်ထဲရှိ သွေးဖြူဥဆဲလ် အမျိုးအစားတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော ဆဲလ်များဖြစ်နေသည့် ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရသော ဆဲလ်များကို သိရှိနိုင်သော အစွမ်းရှိပါသည်။ ၎င်းပုံမှန်မဟုတ်သော ဆဲလ်များကို ဖျက်ဆီး‌ေပးလိုက်ပါသည်။

ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး အချက်အလက် အမှန်များကို ထုတ်ဖော်သင့်သည်ဟု ၎င်းတို့က ဆိုသည်။ သို့မှသာ လူအများတို့သည် သိသင့်သိထိုက်သည်တို့ကို အမှန်အတိုင်း သိရှိပြီး နည်းမှန်လမ်းမှန် ကုသမှုများကို  ခံယူနိုင်မည်။ ကာကွယ်ဆေး ထိုးနှံရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချနိုင်စေမည်ဟု ၎င်းတို့က ပြောကြားပါသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 15 January 2024 13:55
Rate this item
(0 votes)