What's New




Tuesday, 11 April 2023 19:24

ကင်ဆာနှင့် နှလုံးရောဂါအတွက် ကာကွယ်ဆေးအမျိုးမျိုး ၂၀၃၀ ခုနှစ်တွင် အဆင်သင့်ဖြစ်နိုင်ဟု Moderna မှ ပြောကြား

ကင်ဆာနှင့် နှလုံးရောဂါအတွက် ကာကွယ်ဆေးအမျိုးမျိုး ၂၀၃၀ ခုနှစ်တွင် အဆင်သင့်ဖြစ်နိုင်ဟု Moderna မှ ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Moderna က ၎င်းသည် ကင်ဆာအကျိတ်အမျိုးမျိုးအတွက်  ကင်ဆာကာကွယ်ဆေး အမျိုးမျိုး တီထွင်ထုတ်လုပ်နေသည်ဟု ပြောကြားခဲ့သည်။

Moderna သည် Covid-19 ကာကွယ်ရေး ထိုးဆေးကြောင့် လူသိများခဲ့ပြီး ကင်ဆာအမျိုးမျိးအတွက် ကာကွယ်ဆေးအမျိုးမျိုး၊ နှလုံးရောဂါအမျိုးမျိုးအတွက် ကာကွယ်ဆေးအမျိုးမျိုးတို့ကို ၂၀၃၀ တွင် ထုတ်လုပ်ဖြန့်ဖြူးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

.

Moderna ၏ ဆေးဘက်ဆိုင်ရာအရာရှိချုပ် Paul Burton က ကုမ္ပဏီသည်ငါးနှစ်အတွင်း "ရောဂါအမျိုးအစားအားလုံး" အတွက် ကာကွယ်ဆေးများပေးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

.

ကာကွယ်ဆေးအမျိုးမျိုးကို စူးစမ်းလေ့လာလျက်ရ‌ှိပြ‌ီး အလားအလာ အလွန်ကောင်းသည်ဟု Dr Burton က ပြောကြားသည်။

ကင်ဆာအတွက်ဆိုလျှင် အကျိတ်ဖု အမျိုးစုံအတွက် ကာကွယ်ဆေးအမျိုးမျိုး ထုတ်လုပ်ပေးမည် ဖြစ်သည်။

.

"အဲဒီ ကာကွယ်ဆေးတေ‌ွ ကျွန်တော်တို့  ရရှိမှာပါ။ အလွန်အစွမ်းထက်ပါတယ်။ အသက် သန်းချီပြီး မကယ်တင်နိုင်ရင်တောင် အသက်ပေါင်း ထောင်ချီပြီး ကင်ဆာကြောင့် မသေရအောင် ကာကွယ်ပေးနိုင်မှာပါ။ တစ်ဦးချင်းအရ လိုအပ်တဲ့ တသီးတသန့် ကင်ဆာရောဂါ ကာကွယ်ဆေးများကိုလည်း ပေးနိုင်မှာပါ" ဟု ၎င်းက ဆိုသည်။

.

နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ကင်ဆာများသည် ကမ္ဘာတစ်ဝှမ်းတွင် လူအများ သေဆုံးစေသည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။

၂၀၁၉ ခုနှစ်တွင် ခန့်မှန်းခြေ လူပေါင်း ၁၇.၉ သန်းသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြင့် သေဆုံးခဲ့ကြောင်း WHO မှ ပြောကြားခဲ့သည်။

ကင်ဆာကြောင့် ၂၀၁၀ ခုနှစ်တွင် သေဆုံးသူ ၁၀ သန်းနီးပါး ရှိသည်။ အချိုးချကြည့်ပါက သေသူ ၆ ဦးတွင် တစ်ဦးသည် ကင်ဆာကြောင့် သေဆုံးရခြင်း ဖြစ်သည်။

.

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများ အမျိုးမျိုးကို တစ်ကြိမ်ဆေးထိုးရုံဖြင့် ကာကွယ်ထားနိုင်သည်ဟု Dr Burton က ဆိုသည်။

.

Moderna ၏ ကာကွယ်ဆေးများသည် ဆဲလ်များအား ကိုယ်ခံအား တုံ့ပြန်မှုကို လှုံ့ဆော်ပေးသည့် ပရိုတင်းတစ်မျိုး ဖန်တီး‌ေစပြီး ကာကွယ်ပေးသော messenger ribonucleic acid (mRNA) ကုထုံးကို အသုံးပြုထားပါသည်။

Source straits times

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

 

Read times Last modified on Tuesday, 11 April 2023 19:26
Rate this item
(0 votes)