What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 October 2021 12:48

အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေပြီး လူဦးရေ ၁ ဒသမ ၁၅ သန်းအား ထိုးနှံပေးမည်

အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေပြီး လူဦးရေ ၁ ဒသမ ၁၅ သန်းအား ထိုးနှံပေးမည်

 

လက်ရှိတွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေပြီး ကျောင်းသားကျောင်းသူဦးရေစုုစုပေါင်း ၁ ဒသမ ၁၅ သန်းကို ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်မှစ၍ တစ်နိုင်ငံလုံးအနေဖြင့် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ကျောင်းသားကျောင်းသူများကို ထိုးနှံပေးနေသည့် COVID-19 ကာကွယ်ဆေး ခုနစ်သိန်းကျော်နှင့် တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော ကာကွယ်ဆေးနှစ်သန်းဖြင့် စုစုပေါင်း ကာကွယ်ဆေး၂ ဒသမ ၇ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်၌ ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများ ရည်မှန်းဦးရေ တစ်သန်းခန့်ကို စတင်၍ ကာကွယ်ဆေးထိုးနှံပေးနေကြောင်းသိရသည်။

ထို့နောက် ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသူကျောင်းသားများကို ဦးစားပေး အလိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးများ ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် ဦးစားပေးမဟုတ်သော်လည်း ကလေးများတွင် ရောဂါကူးစက်မှုမရှိစေရန်နှင့် ဘေးကင်းစိတ်ချစွာ ပညာသင်ကြားနိုင်ရေး ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကျောင်းများမှတစ်ဆင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


ကလေးများတွင် ရောဂါပိုးကူးစက်ပါက ဆိုးဆိုးရွားရွားဖြစ်လေ့မရှိကြောင်းနှင့် အနံ့အရသာပျောက်ခြင်းထက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ မအီမသာ ဖြစ်ခြင်းစသည့် လက္ခဏာများ ပေါ်လာတတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဆီးချိုရှိသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ ဝသူ၊ အဆုတ်မကောင်းသူ၊ ကိုယ်ခံအားကျဆင်းသူ၊ သွေးထဲတွင် သွေးနီဥ ပုံပျက်နေသည့်ရောဂါ ရှိသူ စသည့်ကလေးများတွင် COVID-19 ကူးစက်မှုအန္တရာယ် ပိုရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အသက် ၁၂ နှစ်မပြည့်သေးသူများနှင့် လက်ရှိဖျားနာနေသော ကျောင်းသားကျောင်းသူများကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းမပြုကြောင်းနှင့် နောက်ခံရောဂါအခံရှိသူများ ကျွမ်းကျင်သည့် သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ၎င်းတို့၏အကြုံပြုချက်အရ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)