What's New




Tuesday, 30 May 2023 14:01

ဆေးဝါးစမ်းသပ်ရန် မျောက် တင်ပို့မှု တရုတ် ပိတ်ပင်သဖြင့် မျောက်ဈေးနှုန်းများ မြင့်တက်

ဆေးဝါးစမ်းသပ်ရန်  မျောက် တင်ပို့မှု တရုတ် ပိတ်ပင်သဖြင့် မျောက်ဈေးနှုန်းများ မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ ဆေးဝါးစမ်းသပ်ရန် မျောက် တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးသည့်နောက်တွင် မျောက်ဈေးနှုန်းများ မြင့်တက်လာသည်။

အမေရိကန်နိုင်ငံတွင် မျောက်မြီးရှည်(ဂဏန်းစားမျောက်) အပါအဝင် သုတေသနလုပ်ငန်းသုံး မျောက်များ၏ ဈေးနှုန်း ခေါက်ခိုက်သွားသည်။ ကိုဗစ်အကြိုကာလ ပေါက်ဈေးထက် ၁၅ ဆ အထိ မြင့်တက်ကုန်သည်။ တရုတ်နိုင်ငံအစား အခြား ပုံမှန်ရနိုင်မည့်နေရာကို ရှာနေဆဲ ဖြစ်သည်။

.

မျောက်မြီးရှည်နှင့် မျောက်ဖင်နီ ကဲ့သို့သော စမ်းသပ်ခန်းတွင် အသုံးများသည့် မျောက်ဈေးနှုန်းသည် ဧပြီလတွင် $55,000 မှ $60,000 အထိ မြင့်တက်သွားသည်။

ကိုဗစ်အကြိုကာလ ၂၀၂၃ ဇန်နဝါရီလတွင် $35,000 မှ $40,000 အထိ ဈေးပေါက်သော မျောက်မျိုးများသည် $4,000 မှ $7,000 အထိ မြင့်တက်သည်။

.

ဆေးဝါးအသစ်များ၊ ကာကွယ်ရေးထိုးဆေးအသစ်များကို လူဖြင့် လက်တွေ့မစမ်းသပ်ခင် တိရစ္ဆာန်များဖြင့် စမ်းသပ်ရမည်ဖြစ်ကြောင်း အမေရိကန်တွင် ဥပဒေပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်ရာ မျောက်များသည် ဆေးဝါးအသစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ မျောက်များ လုံလုံလောက်လောက် မရလျှင် ဆေးဝါးအသစ် ထုတ်လုပ်မှု နှောင့်နှေးကြန့်ကြာမည် ဖြစ်သည်။

 .

အမေရိကန်အတွက် မျောက်များ ရရှိရန် အဓိကအရင်းအမြစ်ဖြစ်သော တရုတ်နိုင်ငံသည် ကိုဗစ် ကပ်ရောဂါ စတင်ချိန်တွင် မျောက်တင်ပို့မှုကို ရုတ်တရက် ပိတ်ပင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကြောင့် မျောက်တင်ပို့မှု  ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားသည်။

.

ကိုဗစ်အကြိုကာလ ၂၀၁၉ တွင် အမေရိကန်သည် စမ်းသပ်ခန်းသုံး မျောက် ၂၀,၂၇၀ ကောင်ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။ အမေရိကန်မှ တင်သွင်းသည် စမ်းသပ်ခန်းသုံး မျောက် ကောင်ရေ စုစုပေါင်း၏ ၆၀% ကို တရုတ်ပြည်မှ တင်သွင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်မှ မျောက် ၃,၇၂၃ ကောင်မျှသာ တင်သွင်းနိုင်ခဲ့သည်။

 

အမေရိကန်အနေဖြင့် ကိုယ်တိုင် မျောက်မွေးမြူခြင်းထက် ပြည်ပမှ ဝယ်ယူတင်သွင်းခြင်းကိုသာ အားကိုးအားထားပြုခဲ့သဖြင့် ယခုအခါ မျောက်မရသည့် ပြဿနာ အကျပ်ရိုက်နေသည်။

.

စမ်းသပ်ခံအဖြစ် အသုံးပြုမည့် မျောက်များကို စနစ်တကျ မွေးမြူရသည်။ တောရိုင်းမျောက်များတွင် ရောဂါအမျိုးမျိုး ပါလာနိုင်သဖြင့် စမ်းသပ်ခံအဖြစ် အသုံးမပြုရပေ။ ဆေးဝါးစမ်းသပ်မှုအတွက် အသုံးပြုမည့်မျောက်များကို မျောက်မွေးမြူရေးစခန်းများတွင် သတ်မှတ်ချက်များကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး မွေးမြူကြရသည်။

.

 တရုတ်နိုင်ငံက မျောက်တင်ပို့မှုကို ရပ်လိုက်ပြီးနောက်  အမေရိကန်သည်  ကမ္ဘောဒီးယားမှ တင်သွင်းခဲ့သည်။ ၂၀၂၂ နိုဝင်ဘာလတွင် ပြဿနာတက်သည်။ တောရိုင်းမျောက်များကို ဖမ်းဆီးပြီး မွေးမြူရေးမျောက်များအဖြစ် လိမ်လည်ပြီး တင်ပို့ခဲ့ကြသည်။ သို့ဖြစ်ရာ အမေရိကန် ငါးနှင့် သဘာဝတောရိုင်း ဝန်ဆောင်မှုဌာနက ကမ္ဘောဒီးယားမျောက်များ တင်သွင်းခြင်းကို ပိတ်ပင်လိုက်သည်။

သို့ဖြစ်ရာ လက်ရှိတွင် တရုတ်နှင့် ကမ္ဘောဒီးယားတို့ထံမှ မျောက် မရနိုင်ချေ။

အကယ်၍ မျောက်များကို အခြားနေရာအသစ်မှ အလုံအလောက် ရရှိအောင် မဆောင်ရွက်နိုင်ပါက အမေရိကန် ဆေးဝါးကုမ္ပဏီများသည် ဇွန်လကုန်မှစ၍ ဆေးဝါးအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် နှောင့်နှေးမှုများ စတင်ကြုံတွေ့ကြမည်ဖြစ်သည်။

 

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)