What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 November 2021 16:47

ကင်ဆာ အမျိုး ၅၀ ကျော် သွေးစစ်ကြည့်ပြီး ရောဂါမရင့်ခင် သိနိုင်မည်

ကင်ဆာဖြစ်သည်ကို ရောဂါဖြစ်ခါစတွင် သိလျှင် ကုသမှု အနိုင်ရဖို့ ပိုများသည်။ သို့ဖြစ်ရာ သွေးစစ်ကြည့်ခြင်းဖြင့် ကင်ဆာရှိမရှိ သိနိုင်ဖို့ နည်းလမ်းတစ်ခုကို သုတေသီတို့ လေ့လာစူးစမ်းလျက် ရှိကြသည်။

Mayo Clinic က ကင်ဆာ အမျိုးမျိုး ၅၀ ကျော်ကို ဆေးစစ်ပြီး သိနိုင်မည့် ဆေးစစ်ခြင်းကိုသုတေသနပြုရာ၌ ပါဝင်ခဲ့သည်။

Mayo Clinic မှ Dr. Julia Feygin ၏ ဖခင်သည် အသက် ၄၀ နှစ်တွင် ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ အဆင့် ၃ သို့ရောက်မှ ဆေးစစ်ကြည့်ပြီး ကင်ဆာ ဖြစ်ကြောင်းသိရပြီး ၉ လ အကြာတွင် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က Dr. Julia Feygin သည် အသက် ၁၃ နှစ်သမီး အရွယ် ဖြစ်သည်။

ယခုအခါ Dr. Julia Feygin သည် အမေရိကန် ကယ်လီဖိုးနီးယားမှ GRAIL ဟု အမည်ရှိသည့် ကုမ္ပဏီတွင် လုပ်ကိုင်နေသည်။

GRAIL က သွေးစစ်ကြည့်ပြီး ကင်ဆာရောဂါကို ဆန်းစစ်အဖြေထုတ်ရန် သုတေသန လုပ်ကိုင်လျက် ရှိသည်။

Feygin က ရှင်းပြသည်။ သွေးထဲတွင် DNA ပငါကိုလက္ခဏာ ပါသည်။ သွေးစစ်သည့်နည်းက ကင်ဆာဆဲလ်မှ ပဲ့ပါလာသည့် အစအနများကို ကြည့်ပြီး မည်သည့်ကင်ဆာ အမျိုးအစား ဆိုသည်ကို သိနိုင်သည်။
"ကင်ဆာရှိနေကြောင်း အချက်ပြတာကို ကျွန်မတို့ သိကြရတယ်။ အဲဒီ အချက်ပြတဲ့ အစအနက ကိုယ်ခန္ဓာရဲ့ ဘယ်နေရာက လာသလဲဆိုတာ ကျွန်မတို့ အလွန်အတိအကျ ပြောနိုင်တယ်' ဟု Feygin က ပြောသည်။

ထိုသို့ သွေးနမူနာကို စစ်ဆေးရန် နှင့် အဖြေထုတ်ရန် ၁၀ ရက် အချိန်ယူရသည်။

Mayo Clinic က သွေးနမူနာ ပေးသူ ၆,၆၀၀ ၏ သွေးများဖြင့် သုတေသန ပြုခဲ့သည်။ ကင်ဆာ အချက်ပြ တွေ့သူ ၂၉ ဦး ရှိပြီး အမှားအယွင်း ၁% အောက်မှာသာ ရှိသည်။

GRAIL သည် FDA ထံမှ အတည်ပြုချက် တစိတ်တဒေသကိုသာ ရရှိထားသည်။ ယခုထက် ပိုကောင်းအောင် သုတေသန ဆက်လက်လုပ်ကိုင်နေသည်။
"ကင်ဆာ ဖြစ်ဖို့ ‌အန္တရာယ်ရှိနေတဲ့သူတွေကို စစ်ဆေးပေးဖို့ ရည်ရွယ်ပါတယ်" ဟု Feygin က ပြောပြသည်။
ကျန်းမာရေး အာမခံလုပ်ငန်းများ အနေဖြင့် ကင်ဆာ ရှိမရှိ စစ်ဆေးလေ့မရှိပေ။

ဆရာဝန်ညွှန်ကြားချက်ဖြင့် သွေးစစ်သူများ၏ သွေးနမူနာတို့ကို စစ်ဆေးပေးသည်။ ဆေးစစ်ခမှာ သွေးနမူနာ တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၉၄၉ ဖြစ်သည်။

-cbsnews

Read times Last modified on Friday, 05 November 2021 09:18
Rate this item
(0 votes)