What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 February 2022 10:03

KF94 ဆိုတာ ဘာကိုဆိုလိုတာလဲ

KF94 ဆိုတာ ဘာကိုဆိုလိုတာလဲ

COVID-19 ကူးစက်မှုများ ပြန်လည်များလာခြင်းနှင့် Omicron မျိုးကွဲ ကူးစက်မှုများလည်း ရှိလာသဖြင့် မတ်စ်တပ်ဖို့ အရေးကြီးပါတယ်။
မတ်စ်အမျိုးမျိုးအနက် သုံးလွှာပါ ဆေးဘက်သုံး မတ်စ်များအပြင် KF94 မတ်စ် အမျိုးအစားလည်း ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။

N95 နှင့် KF94 မတ်စ်များအကြား ကွာခြားမှု မကြီးမားတဲ့အတွက် KN95 နှင့် KF94 မတ်စ် အမျိုးအစားများကို လူသုံးများပါတယ်။

Infectious Diseases Society of America ရဲ့ ပြောရေးဆိုခွင့်ရသူ ဖြစ်ပြီး ကူးစက်ရောဂါ အထူးကု ဖြစ်သူ Dr. Ravina Kullar က ရှင်းပြထားတာမှာ KF94 အမည်မှ “KF” က “Korean filter” ကိုရီးယား လေစစ်လို့ ဆိုလိုပါတယ်။“94” က လေစစ်နိုင်စွမ်း ၉၄% ရှိတယ်လို့ အသိပေးတာ ဖြစ်ပါတယ်။ "အဲဒီမတ်စ် အမျိုးအစားက ကိုရီးယားအဖို့ N95 မတ်စ်နဲ့ အတန်းအစား တန်းတူညီမျှ ဖြစ်ပါတယ်။ N95 မှာ ပါတာတွေက်ု အဝတ်စနဲ့ ပေါင်းစပ်ပေးထားတယ်။ သာမန် အဝတ်မတ်စ်တွေနဲ့ ကွာခြားတာက နှာခေါင်းနဲ့ မျက်နှာမှာ ထိကပ်နေအောင် အသာအယာ ဖိပြီး ထိကပ်ပေးလို့ရအောင် လုပ်ပေးထားတယ်" လို့ သူက ပြောပြပါတယ်။
ပါးစပ်ပေါက်ရှေ့မှာ လေအိတ်‌အသေးစားလေး တစ်ခု ရှိနေတာကြောင့် KF94 ကို လူကြိုက်များကြပါတယ်။

နောက်တစ်မျိုး ဖြစ်တဲ့ KN95 မတ်စ်တွေမှာလည်း အဖောင်းပါပြီး ငှက်နှုတ်သီးသဖွယ် ချွန်ပါတယ်။ N95 နည်းတူ သုံးထားတဲ့ ပစ္စည်း တူပြီး လေထဲ ပါလာတဲ့ အမှုန်အမွှားတွေကို စစ်ပေးတာ ၉၅% ထိရောက်မှုရှိတာကြောင့် KF94 ထက် ၁% သာပါတယ်။ တရုတ်ပြည်မှာ N95 နှင့် တန်းတူညီမျှ ဖြစ်ပါတယ်။
၁% ကွာခြားတာ မပြောပလောက်ပါဘူးလို့ Dr. Ravina Kullar က ပြောကြားပါတယ်။
အရေးကြီးတာက မျက်နှာပုံစံနဲ့ အရွယ်အစားအရ အံဝင်ဖို့ ဖြစ်ပြီး မတ်စ်တပ်ထားချိန်မှာ မျက်နှာအရေပြားမှာ မတ်စ်အနားစွန်းတွေ လုံနေဖို့ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
"အရေးအကြီးဆုံး အဲဒီမတ်စ်တွေ ဝတ်ထားချိန်မှာ ကောင်းကောင်းလုံနေဖို့ပဲ။ သူတို့အားလုံးက အတူတူနီးပါး လေစစ်ပေးနိုင်တယ်။ မတ်စ်ကို မဖြတ်သန်းဘဲ မလုံတဲ့နေရာမှ လေဝင်လေထွက် ရှိနေရင် ထိရောက်မှု ရှိမှာ မဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။

Read times
Rate this item
(0 votes)