What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 December 2021 18:14

ကပ်ရောဂါကာလအတွင်း အောင်မြင်မှုဆီ လှမ်းနိုင်ခဲ့တဲ့ စင်ကာပူ ဆေးဝါးလုပ်ငန်း

စင်ကာပူမှ ဆေးဝါးလုပ်ငန်းတစ်ခုက ဒစ်ဂျစ်တယ်နည်းလမ်းနှင့် မဟာဗျူဟာမြောက်ချဲ့ထွင်ခြင်းတို့ဖြင့် ကျန်းမာရေး ကောင်းမွန်စေရန်လုပ်ကိုင်ရင်း စီးပွားရေး ကောင်းစေခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါအတွက် မန္တန်ကို တရင်းတနှီး သိထားပြီးသား ဖြစ်ကြပါတယ်။
ဆပ်ပြာနှင့် ရေကို သုံးစွဲပြီး လက်ကို မကြာခဏ ဆေးကြောပါ။

ဆပ်ပြာ မရှိ၊ ရေမရှိရင် ဘယ်လို ဆေးမလဲ။ လက်သန့်ဆေးရည်တွေ သုံးစွဲပါ။ အရေပြား ခြောက်တဲ့သူ ဖြစ်နေလို့၊ အရက်ပျံနဲ့ အဆင်မပြေလို့ အရက်ပျံ လက်သန့်ဆေးရည်ကို ရှောင်ကြည်လိုပါသလား။
အဲဒီအတွက် စင်ကာပူမှ ဆေးဝါးလုပ်ငန်းတစ်ခုက စီစဉ်ပေးထားပါတယ်။ အရေပြား လိမ်းဆေးရည် တစ်မျိုးကို ပိုးသတ်ဖို့ အရက်ပျံအပြင် လက်အရေပြား ခြောက်တဲ့ပြဿနာကို ကုစားပေးဖို့ အစိုဓာတ်ပေးတဲ့ အဆီတစ်မျိုး ရောစပ်ပေးထားတယ်။ ပိုးလည် သတ်ပေးတယ်။ အရေပြားခြောက်တာကိုလည်း ကုသပေးတယ်။

အဲဒီ ဆေးဝါးလုပ်ငန်းက Hyphens Pharma International ဖြစ်ပြီး ဦးစီးပဲ့ကိုင် ဥက္ကဋ္ဌက အသက် ၅၄ နှစ်ရှိသူ Mr Lim See Wah ဖြစ်ပါတယ်။
"Covid-19 ကာလတစ်လျှောက်လုံး လူတိုင်း လက်ကို မကြာခဏ ဆေးပေးရတယ်။ ပိုးသတ်ပေးကြရတယ်။ ဒါပေမဲ့ အရက်ပျံအခြေပြုတဲ့ လက်သန့်ဆေးရည်ကို မကြာခဏ သုံးရလွန်းတော့ အရေးပြားရဲ့ ကာကွယ်ရေ အတားအဆီး ပျက်စီးစေတယ်" လို့ သူက ပြောတယ်။

လိမ်းဆေးရည် (lotion) ကို ကုမ္ပဏီမှ ထုတ်လုပ်နေတဲ့ ထုတ်ကုန် အများအပြားထဲမှ တစ်ခုအဖြစ် ဇွန်လမှာ စတင်ရောင်းချခဲ့ပါတယ်။ အဲဒီ လိမ်းဆေးရည်ကြောင့် Hyphens Pharma International က စင်ကာပူ ပြည်တွင်းဈေးကွက်မှာသာမက ပငလယ်ရပ်ခြား ဈေးကွက်တွေမှာပါ အောင်မြင်မှုများ ရရှိခဲ့ပါတယ်။

National University of Singapore မှ ဆေးဝါးဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူ Mr Lim က " ကျွန်တော်တို့ရဲ့ စေတနာက လူတွေကို ကူညီချင်တယ်။ အထူးသဖြင့် အရေပြား ခြောက်တဲ့သူ၊ အရေပြား နုတဲ့သူတွေရဲ့ လက်တွေကို ကာကွယ်ပေးချင်တယ်။ တကယ်တော့ ဈေးကွက်ထဲ ရှိဖို့ လိုအပ်နေတာက သိပြီးတဲ့အခါ ကျွန်တော်တို့ ခြောက်လအကြာမှာ စိတ်ကူးရရှိခဲ့တယ်။ အဲဒီအကြံကို အများက လက်ခံအားပေးကြတယ်"


ကုမ္ပဏီရဲ့ skincare ထုတ်ကုန်တွေရဲ့ brand ဖြစ်တဲ့ Ceradan ကို လူသိများပါတယ်။ အရေပြားရဲ့ အတားအဆီး မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။
Mr Lim ရဲ့ ဦးစီးမှုအောက်မှာ Hyphens Pharma က စင်ကာပူမှာ အခြေစိုက်ထားပြီး ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှာ ရုံးခွဲတွေ ထားရှိပါတယ်။ ဝန်ထမ်း ၃၂၀ ဦး ခန့်ထားတယ်။ တရုတ်၊ တောင်ကိုရီးယား၊ သီရိလင်္ကာနှင့် အိုမန် အပါအဝင် ဈေးကွက် ၁၅ ခုမှာ ဖောက်သည်တွေ ရရှိထားပါတယ်။


e-commerce မတွင်ကျယ်သေးခင် ၂၀၀၁ ခုနှစ်မှာကတည်းက Hyphens Pharma က ဝဘ်ဆိုက် ထားရှိပြီး ဆေးခန်းတွေမှာ ပြသဖို့နဲ့ ဆေးဝါးတွေ ဝယ်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ၂၀၁၉ မှာတော့ e-pharmacy အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဆရာဝန် ပြသဖို့ စီစဉ်ပေးထားပါတယ်။ အိမ်တိုင်ရာရောက် ဆေးတွေ ပို့ပေးတယ်။ ဆရာ ဝန်တွေအတွက် အရမ်းအဆင်ပြေလို့ ပုဂ္ဂလိကဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန် ၁၀၀ ကျော် သုံးစွဲခဲ့ကြပါတယ်။

ရောင်းရေးဝယ်တာတွေကိုလည်း ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် ဆောင်ရွက်ပါတယ်။ အမှာစာ၊ ငွေတောင်းခံလွှာ၊ ငွေရပြေစာ စတဲ့ စာရွက်စာတမ်းအားလုံ ဒစ်ဂျစ်တယ်ဖြင့်သာ ဆောင်ရွက်ပါတယ်။

Read times
Rate this item
(0 votes)