What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 08 November 2021 23:07

အင်ဒိုနီးရှားတွင် လူဦးရေ ၅၀ % ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီးလျှင် တ-ကြိမ် ဆေးထိုးနှံမှု စတင်မည်

လူဦးရေ ၅၀ % ကို ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသည့်အခါ ယခင် အပြည့်ထိုးပြီးသူများအား

တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်နေကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။ အစောဆုံးအနေဖြင့် နောက်လကုန်တွင် ဖြစ်လိမ့်မယ်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားသည် လူဦးရေ စတုတ္ထ အများဆုံးနိုင်ငံဖြစ်ပြီး အာရှတွင် ကိုဗစ်ကူးစက်မှု အဆိုးဝါးဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သန်း ၂၇၀ ရှိသော လူဦးရေ၏ ၂၉ % ကို ကိုဗစ်ကာကွယ်ဆေး အမျိုးမျိုးဖြင့် အပြည့်ထိုးနှံပေးပြီးပြီ ဖြစ်သည်။

ဝန်ကြီး Budi Gunadi Sadikin က ပါလီမန်တွင် တင်ပြခဲ့ရာတွင် တတိယအကြိမ် ဆေးထိုးနှံပေးမည့် အစီအစဉ်ကို ပြောပြခဲ့ခြင်း ဖြစ်သည်။


အသက်ကြီးသူများနှင့် ဆင်းရဲသူများကို အစိုးရမှ ကျခံပေးမည် ဖြစ်ပြီး ကျန်သည့်သူများသည် ကိုယ့်စရိတ်ကိုယ်ခံမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။
ယခုအခါ ကျန်းမာရေးဝန်ထမ်း အများအပြားတို့ကို တ-ကြိမ် ထိုးနှံပေးထားပြီးဖြစ်သည်။

ဩစတေးလျသည်လည်း ကိုဗစ်ကာကွယ်ဆေး တ-ကြိမ် ထိုးနှံမှု စတင်နေပြီ ဖြစ်သည်။
ဂျာမနီက တ-ကြိမ် ဆေးထိုးနှံရန် စီစဉ်နေသည်။
ထိုင်းနိုင်ငံက Sinovac ထိုးထားသူများကို Delta မျိုးကွဲဗိုင်းရပ်စ်အတွက် ခုခံအား ရှိမရှိ စိုးရိမ်သဖြင့် တ-ကြိမ် ထိုးနှံပေးသည်။

bangkokpost.com

Read times
Rate this item
(0 votes)