What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 October 2021 18:33

ဘေးထွက်ဆိုးကျိုး အန္တရာယ်ရှိနေသဖြင့် လူငယ်လူရွယ်များအတွက် Moderna ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသုံးပြုခြင်းကို ဆွီဒင် ယာယီရပ်ဆိုင်း

လူငယ်များအကြားတွင် Moderna ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အသုံးပြုခြင်း ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု

အောက်တိုဘာ ၆ ရက်တွင် ဆွီဒင်၏ ပြည်သူ့ကျန်းမာ ရေးဌာနကအကြံပြုလိုက်ပြီး နှလုံးကို ရှားရှားပါးပါးဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေ မည်ကို စိုးရိမ်သည်ဟု ကိုးကားပြောဆိုသည်။

Moderna ကာကွယ်ဆေးကို အသက် ၁၈ နှစ်အောက ်အရွယ်အတွက် အကြံပြုထား ခြင်းမရှိဟု အောက်တိုဘာ ၆ ရက်တွင် ဆွီဒင် ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော နော်ဝေနှင့် ဒိန်းမတ်တို့က ထပ်လောင်း ပြောကြားခဲ့ကြ သည်။

၁၉၉၁ ခုနှစ် နောက်ပိုင်း မွေးဖွားခဲ့သူများအတွက် ကာကွယ်ဆေးကို ရပ်ဆိုင်းလိုက် ခြင်း ဖြစ်သည်ဟု ဆွီဒင်ကျန်းမာရေးဌာနက ပြောကြားပြီး ကနဦးအားဖြင့် ဒီဇင်ဘာ ၁ ရက်အထိ ရပ်ဆိုင်းထားမည်ဟု ဆိုသည်။ နှလုံးကြွက်သားရောင်ရမ်းခြင်း၊ နှလုံးကို ဖုံး ထားသည့်အလွှာ ရောင်ရမ်းခြင်းတို့ကဲ့သို့ သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားမည့် အန္တရာယ်မြင့်တက်လာသည့် အထောက်အ ထားကို လက်ခံရရှိထားသည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။

“ ၁၉၉၁ ခုနှစ်မှာ မွေးသူတွေနဲ့ အဲဒီ နောက်ပိုင်းမွေးသူတွေအတွက် ကြိုတင် ကာကွယ်တဲ့အနေနဲ့ Moderna ရဲ့ Spikevax ကာကွယ်ဆေး အသုံးပြုတာကို ရပ်ဆိုင်းဖို့ ပြည်သူ့ကျန်းမာရေးဌာနက ဆုံးဖြတ်ခဲ့ပါ တယ်” ဟု ယင်းဌာနက ထုတ်ပြန်ခဲ့ပြီး အဆို ပါ အသက်အရွယ်အုပ်စုများသည် Moderna ကာကွယ်ဆေးအစား Pfizer/BioNtech ကာကွယ်ဆေး ထိုးနှံမှု ခံယူသင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

ဘေးထွက်ဆိုးကျိုးအန္တရာယ်သည် ဒုတိယအကြိမ် Moderna ကာကွယ်ဆေးထိုး နှံမှု ခံယူခြင်းနှင့် အထူးသဖြင့် ဆက်စပ်နေ ပြီး ဒုတိယအကြိမ်ထိုးနှံပြီးနောက် သီတင်း ပတ်အနည်းငယ်အတွင်း လူငယ်လူရွယ်များ နှင့် ယောကျ်ားလေးများတွင် ဘေးထွက်ဆိုး ကျိုးဖြစ်ပေါ်မှု ပိုမိုများပြားသည်ဟု ဆွီဒင် ပြည်သူ့ကျန်းမာရေးဌာနကပြောကြားခဲ့ သည်။

ရောဂါလက္ခဏ ာများသည် သူ့ဘာသာသူ ပြောင်းလဲသွားလေ့ရှိသည်ဆိုသော်လည်း ဆရာဝန်က အကဲဖြတ်ပေးသင့်သည်ဟု ဆို သည်။


“မကြာသေးခင်က Moderna ကာ ကွယ်ဆေးကို ပထမအကြိမ် ဒါမှမဟုတ် ဒု တိယအကြိမ် ထိုးနှံမှု ခံယူထားသူတွေအနေနဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ် အလွန်နည်းတဲ့ အတွက် စိုးရိမ်နေဖို့ မလိုပါ ဘူး”ဟု နိုင်ငံ၏ ကပ်ရောဂါပညာရှင် အန်ဒါးစ်တက်နယ်လ် က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များ သည် ဆွီဒင်နိုင်ငံ၏ ဒေသဆိုင်ရာ ခရိုင်ကျန်း မာရေးဌာနများအတွက် လမ်းညွှန်ဖြစ်ပြီး ၎င်းင်းတို့ကို ယေဘုယျအားဖြင့် လိုက်နာကြရ မည်ဟု ဆိုသည်။

အဆိုပါ အသက်အရွယ်အုပ်စုအတွင်း က လူ ၈၁,၀၀၀ ခန့်မှာ ဆွီဒင်နိုင်ငံတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှု ခံယူထားကြပြီး ဖြစ်သော်လည်း ၎င်းင်းတို့ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကမ်းလှမ်းမည်မဟုတ် ဟု ဆွီဒင်ပြည်သူ့ကျန်းမာရေးဌာနက ဖြည့် စွက်ဖော်ပြခဲ့ပြီး ဤအုပ်စုအတွက် အကောင်း ဆုံးအဖြေကို ဆွေးနွေးမှုများပြုလုပ်နေသည် ဟု ဆိုသည်။ ဒိန်းမတ်တွင် Pfizer ကာကွယ် ဆေးကို အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်ရှိသူ များကိုသာ ထိုးနှံပေးနေသည်။

 

news-eleven.com

Read times
Rate this item
(0 votes)