What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 November 2021 09:39

Pfizer ကိုဗစ်ကု ဆေးပြား ၁၀ သန်း အမေရိကန် အစိုးရဝယ်ယူမည်

Pfizer ကိုဗစ်ကု ဆေးပြား ၁၀ သန်း အမေရိကန် အစိုးရဝယ်ယူမည်

Pfizer ကုမ္ပဏီထုတ် အတည်မပြုရသေးတဲ့ ကိုဗစ် ၁၉ ကုသတဲ့ သောက်ဆေးသစ် ၁၀ သန်းကို ဒီနှစ်ကုန်လောက်ကနေ ရှေ့နှစ်အတွင်း ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အမေရိကန် အစားအစာနဲ့ဆေးဝါး စီမံခန့်ခွဲရေးဌာန FDA နဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး CDC တို့ဆီက ခွင့်ပြုချက်ရတာနဲ့ ဒီဆေးလုံးတွေကို အခမဲ့ လွယ်လွယ်ကူကူရစေဖို့ လိုအပ်တာတွေကို သူ့အစိုးရအဖွဲ့က လုပ်ဆောင်နေပြီလို့ သမ္မတအိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။

Pfizer ကုမ္ပဏီကလည်း ခွင့်ပြုချက်မရသေးတဲ့ သူ့ကုမ္ပဏီထုတ် Paxlovid ဆေးလုံးတွေဝယ်ဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၅.၂၉ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း သူ့တို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။ ဒီလအစောပိုင်းမှာ Pfizer က သောက်ဆေးထုတ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပြီး သူ့ဆေးကို လူတွေနဲ့ စမ်းသပ်ကြည့်ရာမှာ ကိုဗစ် ၁၉ ရောဂါနဲ့ ဆက်နွယ်ပြီး ဆေးရုံတက်ရတာ၊ သေဆုံးရတာကို ၈၉ ရာခိုင်နှုန်း အထိလျှော့ချနိုင်တာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

Pfizer က ကိုဗစ် သောက်ဆေး ဒုတိယမြောက် ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီရောဂါ ကုသဖို့ ပထမဆုံး သောက်ဆေးကို Merck ကုမ္ပဏီကထုတ်နိုင်ကြောင်း အောက်တိုဘာလမှာ ကြေညာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ Molnu pira vir ဆေးဟာ ကိုဗစ် ၁၉ ကြောင့် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို ရာခိုင်နှုန်း ၅၀ အထိ လျှော့ချနိုင်တယ်လို့ ပြောပါတယ်။

Merck ရဲ့ သောက်ဆေးကို အတည်ပြုပေးမပေး FDA က ဒီလနှောင်းပိုင်းမှာဆုံးဖြတ်မှာ ဖြစ်ပါတယ်။ Merck ရဲ့ ဆေး အလုံးပေါင်း ၁.၇ သန်း ဝယ်ယူမှာ ဖြစ်ပြီး လိုအပ်ရင် ပိုဝယ်ဖို့ စီစဉ်နေတယ်လို့ သမ္မတအိမ်ဖြူက ဒီလဆန်းမှာ ကြေညာခဲ့ပါတယ်။

voanews

Read times
Rate this item
(0 votes)