What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 08 November 2021 12:40

တတိယအကြိမ်ကာကွယ်ဆေး ထိုးနှံရန်လိုအပ်ပါက ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးမည်

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု ဦးတည်အုပ်စုများအလိုက် မြင့်မားစွာရရှိလာသည့်အခါတွင်

တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထိုးနှံရန်လိုအပ်ပါက ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဦးစားပေး အစီအစဉ်အလိုက် လိုအပ်ချက်အရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေးသည် အနည်းဆုံး ခြောက်လတစ်ကြိမ်ထိုးရမည့် အနေအထားရှိပြီး အသက်ပြည့်သည့် အရွယ်ရောက်သည့်ကလေးများနှင့် မထိုးရသေးသူများလည်း ကျန်ရှိနေသဖြင့် ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ တတိယအကြိမ်ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် COVID-19 ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေးတစ်ကြိမ်မျှပင် ထိုးနှံရခြင်းမရှိသေးသည့် ရောဂါကာကွယ်မှုမရရှိသေးသူများကို ဦးစားပေး၍လည်းကောင်း၊ နိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိရေးအတွက်လည်းကောင်း ထိုးနှံပေးလျက်ရှိသည့် အခမဲ့ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် လာရောက်၍ တတိယအကြိမ်ထိုးနှံမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယခုနှစ်ကုန်တွင် လူဦးရေ၏ ရာခိုင်နှုန်း ၅၀ ထိုးနှံနိုင်ရန် ကာကွယ်ဆေးများ ထပ်မံချိတ်ဆက်ဝယ်ယူရန်ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆိုဝယ်ယူထားသည့် ကာကွယ်ဆေးများအနက် မြန်မာနိုင်ငံသို့ သန်း၂၀ ရောက်ရှိပြီးဖြစ်၍ လေးသန်းသာကျန်ရှိကြောင်း သိရသည်။

 

news-eleven.com

ကာကွယ်ဆေး ပထမအသုတ်လေးသန်းသည် စက်တင်ဘာ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအသုတ်လေးသန်းသည် စက်တင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ တတိယအသုတ်လေးသန်းသည် အောက်တိုဘာ ၂ ရက်၌လည်းကောင်း၊ စတုတ္ထအသုတ်လေးသန်းသည် အောက်တိုဘာ ၁၅ ရက်နှင့် ပဥ္စမအသုတ်လေးသန်းသည် အောက်တိုဘာ ၂၂ ရက်တွင်ရောက်ရှိသဖြင့် စုစုပေါင်းကာကွယ်ဆေး သန်း ၂၀ ရောက်ရှိပြီးဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ဝယ်ယူထားသည့် Covishield ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံဘက်မှ အချိန်မီ မတင်ပို့နိုင်သည့်အချိန်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများရရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများထိုးနှံပြီးသည့် အချိန်တွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း စသည့်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)