What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 20 November 2021 09:18

မလေးရှားနိုင်ငံမှ တရားဝင် တင်သွင်းသော Sinovac ကိုဗစ်ကာကွယ်ဆေး ပုဂ္ဂလိကဆေးရုံများတွင် ထိုးနှံနိုင်ပြီ

မလေးရှားနိုင်ငံမှ တရားဝင် တင်သွင်းသော Sinovac ကိုဗစ်ကာကွယ်ဆေး ပုဂ္ဂလိကဆေးရုံများတွင် ထိုးနှံနိုင်ပြီ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ ဆေးဝါးလုပ်ငန်း Pharmaniaga Bhd ၏ အပြည့်အဝ လက်အောက်ခံ ကုမ္ပဏီဖြစ်သော Pharmaniaga Lifescience Sdn Bhd မှ ထုတ်လုပ်သည့် ကြိမ်ရေ ၂၀၀,၀၀၀ အတွက် Sinovac Covid-19 ကာကွယ်ဆေးများကို မြန်မာနိုင်ငံမှ Hemas Mandalar Pharmaceuticals Ltd မှ တင်သွင်းခဲ့ရာ နိုဝင်ဘာလ ၁၃ ရက်တွင် ပထမအသုတ် ထိုးဆေးများ လေကြောင်းဖြင့် ရောက်ရှိခဲ့သည်ဟု သိရပါသည်။
အဆိုပါ Sinovac တံဆိပ်ကိုဗစ်၁၉ ကာကွယ်ဆေးများတင်သွင်းရန်နှင့် ဖြန့်ဖြူးထိုးနှံရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံFDA ဌာန၏အသိအမှတ်ပြုလက်မှတ်အား Hemas Mandalar Pharmaceuticals Limited ( HMPL ) ကုမ္ပဏီမှ(၁-၁၁-၂၀၂၁)နေ့ကတင်သွင်းဖြန့်ဖြူးခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
အသက်၁၂နှစ်နှင့်အထက်မှစတင်ထိုးနှံနိုင်သည့် Sinovac Covid-19 ကာကွယ်ဆေးများဖြင့် ကိုဗစ်၁၉ ကာကွယ်ဆေး ထိုးနှံခွင့် ရရှိထားသော ရန်ကုန်မြို့ရှိ ဗစ်တိုရီယားဆေးရုံ၊ Dagon Medical Hospital ၊ ပင်လုံဆေးရုံအုပ်စုနှင့် အိုအက်စ်စီဆေးရုံတို့တွင် လည်းကောင်း၊ မန္တလေးမြို့ မန္တလာဆေးရုံနှင့် တောင်ကြီးမြို့ မြတ်တော်ဝင်ဆေးရုံတို့တွင်လည်းကောင်း ထိုးနှံရန် စီစဉ်ထားကြောင်း သိရပါသည်။

ကျန်မာရေးဝန်ကြီးဌာန၏ ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံခွင့်ရရှိထားသော ပုဂ္ဂလိကဆေးရုံများအနေဖြင့်မှာယူလိုပါက Hemas Mandalar Pharmaceuticals Ltd ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ဆက်သွယ်ရန်
ဖုန်းနံပတ် - 09797356565, 09797356555.
လိပ်စာ - အမှတ် ၁၁၃၊ ရိပ်သာ ၄ လမ်း ၊ ဝေဇယန္တာအိမ်ရာ၊ သင်္ကန်းကျွန်းမြို့နယ် ။

ဝိတိုရိယဆေးရုံတွင် ထိုးနှံလိုပါက
ကာကွယ်ဆေးတစ်ယောက်လျှင် ( နှစ်ကြိမ်စာ) ကို ၉၅ဝဝဝ ကျပ် ဖြစ်ပါသည်။


ကာကွယ်ဆေးထိုးနှံရန် စိတ်ဝင်စားသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှအုပ်စုလိုက်ဖြစ်စေ ဖော်ပြထားသည့်ဖောင်မှာ ပြည့်စုံစွာ ဖြည့်သွင်းခဲ့ရန် လိုအပ်ပါသည်။

Pre-Registered List for COVID-19 Vaccine at Victoria Hospital

ဝိတိုရိယဆေးရုံက ဆေးထိုးနှံရမည့်နေ့ရက်နှင့်ငွေပေးချေမှုပုံစံများအတွက် ပြန်လည် အကြောင်းကြားပေးသွားပါမည်။

Read times Last modified on Saturday, 20 November 2021 09:26
Rate this item
(0 votes)