What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 January 2020 15:34

ဝိတ်ကျဆေး တစ်မျိုးဖြစ်တဲ့ Bleviq က ကင်ဆာဖြစ်နိုင်ကြောင်း FDA သတိပေး

ဝိတ်ကျဆေး တစ်မျိုးဖြစ်တဲ့ Bleviq က ကင်ဆာဖြစ်နိုင်ကြောင်း FDA သတိပေး NBC NEWS

ဝိတ်ချဆေး တစ်မျိုးဖြစ်တဲ့ Bleviq က ကိုယ်အလေးချိန်ကို ကျဆင်းစေသော ဆေးဝါးတစ်မျိုးဖြစ်ပြီး ထို ဆေးဝါးက ကင်ဆာရောဂါ ဖြစ်လာနိုင်ကြောင်း US FDA မှ သတိပေးခဲ့ပါတယ်။

ဒီဆေးက အန္တရာယ် ဘယ်လောက်ရှိလာနိုင်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းက US FDA မှ " Bleviq ဆေးဝါးက ကင်ဆာဖြစ်နိုင်တယ်လို့ တိတိကျကျ ပြောလို့မရပေးမယ့် ၊ FDA ၏ စမ်းသပ်စစ်ဆေးချက်အရ ကင်ဆာဖြစ်နိုင်ခြေရှိ အလာအလားကိုတွေ့ရတာကြောင့် ပြည်သူတွေကို သတိပေးရခြင်းဖြစ်ကြောင်း နဲ့ Bleviq ၏ ကင်ဆာဖြစ်နိုင်ခြေလားဆိုတာကို တော့ နောက်ထပ် စမ်းသပ်ချက်တွေမှာ ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့" ပြောကြားခဲ့ပါတယ်။ Bleviq ကို များသောအားဖြင့် lorcaserin ဆိုပြီး လူသိများပါတယ်။

 

Bleviq ဆေးဝါးက အဝလွန်ခြင်း နှင့် အရွယ်ရောက်ပြီး အဝလွန်တွေအတွက် အလွန်အသုံးဝင်ပြီး လူတွေကို အကျိုးအာနိသင်အပြည့်အဝ ပေးနိုင်တာကြောင့် FDA မှ ၂၀၁၂ ခုနှစ်တွင် ထောက်ခံချက်ပေးခဲ့ပါတယ်။ Eisai ဆေးဝါးကုမ္ပဏီမှ Bleviq(lorcaserin) ဆေးဝါးကို ငါးနှစ်တာ သက်တမ်းကာလအတွက် လူပေါင်း ၁၂၀၀၀ ကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။

Image: Lorcaserin pill, Belviq

ထိုလူများတွင် placebo နှင့် lorcaserin နှစ်မျိုးကို လေ့လာမှုပြုလုပ်တဲ့အခါ lorcaserin ကို သောက်ထားတဲ့ လူတွေမှာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေကို တွေ့ခဲ့ရပါတယ်။ ဒါကို FDA မှ သတင်းရရှိခဲ့ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုတွေကြောင့် ကင်ဆာကို ဖြစ်စေနိုင်တာလည်းဆိုတာကို FDA မှ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

 

lorcaserin ဆေးဝါးကို အသုံးပြုနေတဲ့ သူများအနေဖြင့် မိမိတို့ရဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့အတွက် lorcaserin ဆေးဝါး အသုံးပြုခြင်း အန္တရာယ် ကင်းရှင်းစေဖို့အတွက် ဆရာဝန်များ နှင့် တိုင်ပင်ဖို့ US FDA မှ အကြံပေး ပြောဆိုခဲ့ပါတယ်။

Ref; NBC News

Written By Aung Win (Health Products Directory)

 

{Zawgyi}

=======

ဝိတ္က်ေဆး တစ္မ်ိဳးျဖစ္တဲ့ Bleviq က ကင္ဆာျဖစ္ႏိုင္ေၾကာင္း FDA သတိေပး

 

ဝိတ္ခ်ေဆး တစ္မ်ိဳးျဖစ္တဲ့ Bleviq က ကိုယ္အေလးခ်ိန္ကို က်ဆင္းေစေသာ ေဆးဝါးတစ္မ်ိဳးျဖစ္ၿပီး ထို ေဆးဝါးက ကင္ဆာေရာဂါ ျဖစ္လာႏိုင္ေၾကာင္း US FDA မွ သတိေပးခဲ့ပါတယ္။ ဒီေဆးက အႏၲရာယ္ ဘယ္ေလာက္ရွိလာႏိုင္မလဲ ဆိုတာကို ရွင္းရွင္းလင္းလင္းေတာ့ မသိရေသးပါဘူး ။

 

ၿပီးခဲ့တဲ့ အဂၤါေန႔ မြန္းလြဲပိုင္းက US FDA မွ " Bleviq ေဆးဝါးက ကင္ဆာျဖစ္ႏိုင္တယ္လို႔ တိတိက်က် ေျပာလို႔မရေပးမယ့္ ၊ FDA ၏ စမ္းသပ္စစ္ေဆးခ်က္အရ ကင္ဆာျဖစ္ႏိုင္ေျခရွိ အလာအလားကိုေတြ႕ရတာေၾကာင့္ ျပည္သူေတြကို သတိေပးရျခင္းျဖစ္ေၾကာင္း နဲ႔ Bleviq ၏ ကင္ဆာျဖစ္ႏိုင္ေျခလားဆိုတာကို ေတာ့ ေနာက္ထပ္ စမ္းသပ္ခ်က္ေတြမွာ ဆုံးျဖတ္ေပးသြားမွာျဖစ္တယ္လို႔" ေျပာၾကားခဲ့ပါတယ္။ Bleviq ကို မ်ားေသာအားျဖင့္ lorcaserin ဆိုၿပီး လူသိမ်ားပါတယ္။

 

Bleviq ေဆးဝါးက အဝလြန္ျခင္း ႏွင့္ အ႐ြယ္ေရာက္ၿပီး အဝလြန္ေတြအတြက္ အလြန္အသုံးဝင္ၿပီး လူေတြကို အက်ိဳးအာနိသင္အျပည့္အဝ ေပးႏိုင္တာေၾကာင့္ FDA မွ ၂၀၁၂ ခုႏွစ္တြင္ ေထာက္ခံခ်က္ေပးခဲ့ပါတယ္။ Eisai ေဆးဝါးကုမၸဏီမွ Bleviq(lorcaserin) ေဆးဝါးကို ငါးႏွစ္တာ သက္တမ္းကာလအတြက္ လူေပါင္း ၁၂၀၀၀ ကို ေလ့လာမႈျပဳလုပ္ခဲ့ပါတယ္။

Image: Lorcaserin pill, Belviq

ထိုလူမ်ားတြင္ placebo ႏွင့္ lorcaserin ႏွစ္မ်ိဳးကို ေလ့လာမႈျပဳလုပ္တဲ့အခါ lorcaserin ကို ေသာက္ထားတဲ့ လူေတြမွာ ကင္ဆာျဖစ္ႏိုင္ေျခရွိတဲ့ လကၡဏာေတြကို ေတြ႕ခဲ့ရပါတယ္။ ဒါကို FDA မွ သတင္းရရွိခဲ့ၿပီး သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဘယ္လိုပုံစံမ်ိဳးနဲ႔ ဘယ္လိုေတြေၾကာင့္ ကင္ဆာကို ျဖစ္ေစႏိုင္တာလည္းဆိုတာကို FDA မွ ရွင္းရွင္းလင္းလင္းေတာ့ မသိရေသးပါဘူး။

 

lorcaserin ေဆးဝါးကို အသုံးျပဳေနတဲ့ သူမ်ားအေနျဖင့္ မိမိတို႔ရဲ႕ ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ဖို႔အတြက္ lorcaserin ေဆးဝါး အသုံးျပဳျခင္း အႏၲရာယ္ ကင္းရွင္းေစဖို႔အတြက္ ဆရာဝန္မ်ား ႏွင့္ တိုင္ပင္ဖို႔ US FDA မွ အႀကံေပး ေျပာဆိုခဲ့ပါတယ္။

 

Ref; NBC News

Written By Aung Win (Health Products Directory)

Read times
Rate this item
(1 Vote)