What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 December 2021 19:31

Covid-19 ဗိုင်းရပ်စ်ကို နာရီပိုင်းအတွင်း သတ်ပေးနိုင်တဲ့ စတိန်းလက်စတီးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ဟောင်ကောင်မှ သုတေသီတို့က Covid-19 ဗိုင်းရပ်စ်ကို နာရီပိုင်းအတွင်း သတ်ပေးနိုင်တဲ့ စတိန်းလက်စတီးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်လုပ်ထားတဲ့ စတိန်းလက်စတီး သတ္တုစပ်က Sars-CoV-2 ဗိုင်းရပ်စ်ကို ၉၉.၇၅% သေအောင်၃ နာရီအတွင်း လုပ်ပေးနိုင်တယ်။ ၉၉.၉၉% အထိ သေအောင် ၆ နာရီအတွင်း လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများက အဆိုပါ စတိန်းလက်စတီးကို ထုတ်လုပ်ပြီး စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါမောက္ခ Huang Mingxin ဦးဆောင်တဲ့ သုတေသီအဖွဲ့က ၎င်းစတီသားဖြင့် လူအများ ထိတွေ့ကိုင်တယ်တဲ့ ခလုတ်များ၊ တံခါးလက်ကိုင်များ၊ စက်လှေကားလက်ရန်းများ အစရှိသည်တို့ကို ထုတ်လုပ်သုံးစွဲပါက ပိုးသတ်ပေးနေမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါတယ်။

ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် ရှိပြီးသား နည်းပညာဖြစ်တဲ့ သတ္တုမှုန့်နည်းပညာ "powder metallurgy" technique ကို အသုံးပြုနိုင်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။

Read times Last modified on Saturday, 11 December 2021 10:07
Rate this item
(0 votes)