What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 September 2021 15:05

Prudential Myanmar က ကျန်းမာရေးအာမခံနှင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးဆိုင်ရာ အကျိုးကျေးဇူးများ ပြည့်စုံစွာ ပါရှိသည့် ပထမဦးဆုံးသော အာမခံဝန်ဆောင်မှု PRUHealth စတင်မိတ်ဆက်

Prudential Myanmar Life Insurance Limited (Prudential Myanmar) သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ကြီးပွားတိုးတက်ရေးကို အကာအကွယ်ပေးနိုင်မည့် ကဏ္ဍပေါင်းစုံမှ အကျိုးကျေးဇူးများ အပြည့်အဝရရှိနိုင်ရန် ဖန်တီးပေးထားသော ကျန်းမာရေး အာမခံဝန်ဆောင်မှုတစ်ခုဖြစ်သည့် PRUHealth ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ 

(English version Below)

PRUHealth ဆိုသည်မှာ ငွေရေးကြေးရေး အကာအကွယ်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပိုမို ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး စသည့် အကျိုးခံစားခွင့်များ စုပေါင်းပါရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကျန်းမာရေးအာမခံ ဝန်ဆောင်မှု ဖြစ်ပါသည်။ PRUHealth အာမခံ ဝယ်ယူသည့် customer များအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်း အာမခံအကာအကွယ်ကိုလည်း ပေးအပ်ထားပါသည်။

 

Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rathက "PRUHealth ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော အာမခံဝန်ဆောင်မှု အမျိုးအစားတစ်ခုဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံတစ်မျိုးနဲ့ အကျိုးခံစားခွင့်တွေ ရရှိနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီကျန်းမာရေးအာမခံ ဝန်ဆောင်မှုက အာမခံထားသူကို ဘဝမှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ တွေ့ကြုံရတဲ့အခါ အကာအကွယ်ပေးနိုင်ရုံသာမက ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့အတူ customer တွေ ရောဂါတွေ ကြိုတင်ကာကွယ်နိုင်အောင် အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုမိုပြုလုပ်နိုင်ဖို့ ကူညီပေးရင်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကျိုးခံစားခွင့်တွေကိုပါ အပြည့်အဝရရှိအောင် တစ်စုတစ်စည်းထဲ ပေးအပ်ထားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးဟာ ကျွန်တော်တို့အားလုံးအပေါ် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ customer တွေအတွက် သူတို့ရဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်ရေး ခရီးလမ်းမှာ PRUHealth ဆိုတာ ယုံကြည်စိတ်ချရတဲ့ အဖော်မွန်ကောင်းတစ်ဦးအနေနဲ့ ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ထားပါတယ်" ဟု ပြောသည်။

အများပြည်သူအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုအတွက် အသုံးပြုရသည့် ကုန်ကျစရိတ်များကို သိရှိနိုင်ပြီး တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် သင့်တော်မှုအရှိဆုံး PRUHealth အာမခံအစီအစဉ်ကို တွက်ချက်သုံးသပ်နိုင်ရန် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နည်းပညာလုပ်ဆောင်ချက်တစ်ခုဖြစ်သည့် PRUHealth Calculator ကို အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ PRUHealth Calculator ကို https://lifegoals.prudential.com.mm/pruhealth/a?language=en တွင် ဝင်ရောက်အသုံးပြုနိုင်ပြီး တွက်ချက်လိုသူ၏ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ စသည့် အခြေခံ မေးခွန်းများကို ဖြေဆိုပေးရမည် ဖြစ်ပါသည်။

 

PRUHealth – ကျန်းမာရေးအကာအကွယ် အကျိုးခံစားခွင့်များ

မြင့်တက်လာနေသော ကျန်းမာရေးစောင့်ရှောက်မှု အဖိုးအခများကြောင့် ရုတ်တရက် ကုန်ကျနိုင်သည့် ဆေးကုသစရိတ်အတွက် မပြင်ဆင်ထားမိပါက ရောဂါကုသရန်နည်းလမ်း ရွေးချယ်ရာတွင် ငွေရေးကြေးရေးအတွက် ဖိအား ရှိလာနိုင်ပါသည်။ ကျန်းမာရေးအာမခံ ထားရှိခြင်းသည် အာမခံထားသူ နာမကျန်း၊ ထိခိုက်ဒဏ်ရာ ခံစားရသည့်အခါ ကုသရန်လိုအပ်သော ကုန်ကျစရိတ်များကို ပေးချေနိုင်ရန်အတွက် ရန်ပုံငွေထားရှိလိုက်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် အာမခံထားသူသည် ကုန်ကျမည့် ဆေးကုသစရိတ်အတွက် ပူပန်နေမည့်အစား ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန်အတွက်သာ အာရုံစိုက်နိုင်မည် ဖြစ်သည်။

PRUHealth သည် တစ်နှစ်သက်တမ်းရှိ အာမခံပေါ်လစီဖြစ်ပြီး customer များ လိုအပ်သလို ရွေးချယ်နိုင်ရန် မတူညီသော ပရီမီယံကြေးများပါဝင်သည့် အာမခံအစီအစဉ် (၄) ခု ကို ပေးအပ်ထားပါသည်။ Prudential Myanmar သည် ယုံကြည်စိတ်ချရသော အာမခံအကာအကွယ်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရန် လစဉ် အနည်းဆုံး ပရီမီယံကြေး မြန်မာငွေ ၉,၀၁၅ ကျပ်မှစတင်ပြီး ပေးအပ်ထားပါသည်။

ကျန်းမာရေးအကာအကွယ် အကျိုးခံစားခွင့်များတွင် ဆေးကုသမှု ကုန်ကျစရိတ်များအတွက် အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိနိုင်မည့် ကျန်းမာရေးအကာအကွယ်စရိတ်၊ အလုပ်မသွားနိုင်သောကြောင့် ဆုံးရှုံးရသည့် နေ့စဉ် ဝင်ငွေကို ကာမိစေမည့် နေ့စဉ်ဆေးရုံစရိတ်၊ အသက်သေဆုံးခဲ့ပါက အာမခံထားသူ၏ မိသားစုအတွက် ငွေရေးကြေးရေး အထောက်အပံ့ဖြစ်စေမည့် သေဆုံးခြင်းအတွက်စရိတ်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရခြင်းနှင့် ဆေးကုသမှု ခံယူရခြင်းဆိုင်ရာ ကုန်ကျစရိတ်များအတွက် အကာအကွယ် စသည့် အကျိုးခံစားခွင့်များ ပါဝင်ပါသည်။

Prudential Myanmar အနေဖြင့် ငွေသားမဲ့ နစ်နာကြေး အကျိူးခံစားခွင့် လျှောက်ထားမှု လုပ်ငန်းစဉ်ကို ထိရောက်မြန်ဆန်ပြီး ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်ထားပါသည်။ PRUHealth အာမခံဝယ်ယူထားသော customer များအနေဖြင့် Prudential Myanmar နှင့် ချိတ်ဆက်ထားသော မိတ်ဖက်ဆေးခန်းများတွင် ဆေးကုသမှု ခံယူမည်ဆိုပါက ကုန်ကျစရိတ်ကို ကြိုတင်ပေးချေရန် မလိုအပ်ပါ။ ထို့အပြင် PRUHealth အာမခံဝယ်ယူထားသော customer သည် ပရီမီယံကြေး ပေးသွင်းနေရသည့်အတွက် ရရှိနိုင်သည့် အခွန်သက်သာခွင့်ကို ပေါ်လစီဝယ်ယူသည့်အချိန်တွင် ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာ ဥပဒေအပေါ် မူတည်ပြီး အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။

 

Capture222.PNG

 

PRUHealth – နာမကျန်းဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ခြင်းနှင့် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အကျိုးခံစားခွင့်များ

“သင့်ကို ပိုကျန်းမာ၊ ပိုအဆင်ပြေလာစေဖို့” ရည်ရွယ်ဖန်တီးထားသော PRUHealth သည် customer များအတွက် Prudential Myanmar ၏ မိတ်ဖက်ဖြစ်သည့် ပန်းလှိုင်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များနှင့် အခမဲ့ telemedicine ဆွေးနွေးမှုများ ပြုလုပ်နိုင်ခွင့် ပေးအပ်ထားပါသည်။ PRUHealth အာမခံဝယ်ယူထားသော customer များအနေဖြင့် Prudential Myanmar ၏ မိတ်ဖက်ပညာရှင်များနှင့် ကျန်းမာကြံ့ခိုင်ရေး၊ အာဟာရပြည့်ဝစွာ စားသုံးရေး၊ ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများကိုလည်း ပြုလုပ်နိုင်ပါသည်။

PRUHealth အာမခံဝယ်ယူထားသော customer များနှင့် မြန်မာနိုင်ငံရှိ ပြည်သူများသည် AI နည်းပညာသုံး ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှု အက်ပလီကေးရှင်းဖြစ်သည့် Pulse by Prudential ကို အခမဲ့ ရယူအသုံးပြုနိုင်ပါသည်။ Pulse အက်ပလီကေးရှင်းသည် အသုံးပြုသူတစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေးမှုများနှင့် နေ့စဉ်ဘဝတွင် ကျန်းမာရေးအတွက် စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ပြည့်စုံစွာ စုစည်းထည့်သွင်း ပေးထားပါသည်။

Pulse အက်ပလီကေးရှင်းသည် အသုံးပြုသူများ၏ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ရေး ခရီးလမ်းတစ်လျှောက် သိသင့်သိထိုက်သော ကျန်းမာရေးသတင်းအချက်အလက်များကိုမိုဘိုင်းဖုန်းမှတစ်ဆင့် အချိန်မရွေး နေရာမရွေး ရယူနိုင်ရန် ဆောင်ရွက်ပေးပါသည်။ ဥပမာ၊ Pulse အက်ပလီကေးရှင်းတွင်ပါဝင်သော Fitness Tracker လုပ်ဆောင်ချက်သည် နေ့စဉ် ပြေးခြင်း၊ လမ်းလျှောက်ခြင်းစသည့် လေ့ကျင့်ခန်းများ လုပ်ဆောင်ရန် အသုံးပြုသူများကို တိုက်တွန်းပေးရင်း ပျော်ရွှင်ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်စေရန် ကူညီပံ့ပိုးပေးပါသည်။ Pulse အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် www.prudential.com.mm/en/what-is-pulse/ တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်ပါသည်။

Prudential Myanmar သည် ဝန်ထမ်းများ၏ ကျန်းမာပျော်ရွှင်ရေးကို အကာအကွယ်ပေးလိုသော အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအတွက် PRUHealth စုပေါင်းအာမခံ အစီအစဉ်များလည်း ပေးအပ်ထားပါသည်။ စုပေါင်းကျန်းမာရေး အာမခံသည် ဝန်ထမ်းများအနေဖြင့် နာမကျန်း၊ ထိခိုက်မှု တစ်စုံတရာ ခံစားရပါက ဆေးကုသမှု ကုန်ကျစရိတ်အတွက် ရန်ပုံငွေ ရှိထားစေပြီး သေဆုံးခဲ့ပါကလည်း ဝန်ထမ်း၏ မိသားစုအတွက် ငွေရေးကြေးရေး အကာအကွယ်တစ်ခု ရရှိစေပါသည်။

PRUHealth အာမခံအကြောင်း၊ ရရှိနိုင်သော ကျန်းမာရေးအကာအကွယ်နှင့် နာမကျန်းဖြစ်ခြင်းမှာ ကြိုတင်ကာကွယ်နိုင်သော အကျိုးခံစားခွင့်များအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.prudential.com.mm/mm/all-products/pruhealth_bundle/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ PRUHealth အကြောင်းနှင့် customer များမှ လိုအပ်သည့် အကူအညီများအတွက် Prudential Myanmar ၏ Hotline နံပါတ် +၉၅ ၉၇၇ ၀၁၁ ၀၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါသည်။

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

Prudential Myanmar သည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ Prudential Myanmar ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/ နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာကြည့်ရှု နိုင်ပါသည်။

 

Pulse by Prudential အကြောင်း

Pulse by Prudential (Pulse) သည် အသုံးပြုသူအတွက် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို အပြည့်အဝ ဆောင်ရွက်နိုင်ရန် ဖန်တီးထားပြီး တစ်နေရာတည်းတွင် အားလုံးပါဝင်သည့် အာရှနှင့် အာဖရိကဒေသများတွင် ပထမဦးဆုံးသော ဒစ်ဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှု အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ AI နည်းပညာအသုံးပြုထားသော တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် ပံ့ပိုးပေးနိုင်သည့် နည်းပညာကိရိယာများ၊ အချိန်နှင့်တပြေးညီ ရရှိနိုင်သည့် အချက်အလက်များ ပါဝင်ပြီး အသုံးပြုသူများကို ရောဂါဘယများမှ ကြိုတင်ကာကွယ်၊ တားဆီးနိုင်ရန် ကူညီပေးသည့် ကျန်းမာရေးနှင့် ပျော်ရွှင်စွာနေထိုင်ရေးဆိုင်ရာ မိတ်ဖက်တစ်ဦးအဖြစ် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ Pulse သည် ဒစ်ဂျစ်တယ်နည်းပညာ နှင့် ကမ္ဘာ့အဆင့်မီ မိတ်ဖက်အဖွဲ့အစည်းများကို ချိတ်ဆက်ပြီး အာရှနှင့် အာဖရိကဒေသတစ်လွှားရှိ ဒေသခံများအတွက် ဈေးနှုန်းသက်သာပြီး အလွယ်တကူ ရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန်ဆိုသော Prudential ၏ ဒေသအလိုက် အတိုင်းအတာဖြင့် စီမံချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် Pulse ကို မလေးရှားနိုင်ငံတွင် စတင် မိတ်ဆက်ခဲ့ပြီးနောက် အာရှဈေးကွက် (၁၁) ခု၊ အာဖရိကဈေးကွက် (၆) ခုတို့တွင် လက်ရှိ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ ယခုအခါ Pulse အက်ပလီကေးရှင်းတွင် ရောဂါလက္ခဏာ စစ်ဆေးခြင်း၊ ကျန်းမာရေး အခြေအနေ အကဲဖြတ်လေ့လာခြင်း၊ တစ်ကိုယ်ရေ ကျန်းမာပျော်ရွှင်ရေး ဝန်ဆောင်မှုများ စသည်ဖြင့် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများနှင့်အတူ အသိအမှတ်ပြု လက်မှတ်ရ ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဗီဒီယိုမှတဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်သည်အထိ တိုးချဲ့ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

Pulse အက်ပလီကေးရှင်း မိတ်ဆက်ပြီးသည့် အချိန်မှစ၍ အာရှနှင့် အာဖရိက ဒေသတစ်လွှားတွင် (၂၀၂၁ ခုနှစ်၊ သြဂုတ်လအထိ) အကြိမ်ရေ သန်း (၃၀) ကျော် ဒေါင်းလုဒ်ရယူခဲ့ကြပြီး ဖြစ်ပါသည်။ လက်ရှိ Pulse အက်ပလီကေးရှင်းကို အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ် နှင့် အာဖရိကဒေသတွင်း နိုင်ငံများဖြစ်သည့် ကင်မရွန်း၊ ဂါနာ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ယူဂန်ဒါ၊ ဇမ်ဘီယာ နိုင်ငံများရှိ Apple/Google Play stores တို့တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက www.wedopulse.com တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။
 
 

Prudential Myanmar Introduces First-Of-Its-Kind Comprehensive Health Insurance & Wellness Solution

Prudential Myanmar Life Insurance Limited (Prudential Myanmar) has introduced PRUHealth, an innovative health insurance solution that takes on a holistic view when it comes to protecting the health and wealth of people in Myanmar. PRUHealth is the first health insurance solution in Myanmar to combine financial protection, illness prevention and wellness improvement. PRUHealth also offers additional insurance coverage to safeguard customers during the COVID-19 pandemic.

 

Mr. Asit Rath, CEO of Prudential Myanmar, said, “PRUHealth is the first health insurance solution of its type in Myanmar and is designed with an innovative approach. This health insurance solution not only protects the insured when the unexpected happens, it offers a bundle of holistic wellness benefits provided by our partners to help customers improve their nutrition and fitness so as to prevent illnesses. The ongoing pandemic has affected all of us and with PRUHealth, we aim to be a trusted companion for our customers on their health and wellness journeys.”

Members of the public can use the PRUHealth Calculator, a first-of-its-kind tool in Myanmar to understand the costs of health expenses and to evaluate which PRUHealth plan is best suited to a person’s needs. The PRUHealth Calculator is available at https://lifegoals.prudential.com.mm/pruhealth/a?language=en and requires the participant to answer a basic set of questions about their age and health condition.

 

PRUHealth – Health Protection Benefits

Seeking medical treatment can cause a financial strain for those not prepared for unexpected medical expenses, especially with rising healthcare costs. Health insurance makes sure there are funds available to cover medical expenses should the insured suffer from illness or injury. This allows the insured to focus on recovery instead of worrying about medical bills.

PRUHealth is a one-year term health insurance product and customers have the flexibility to choose from four coverage plans with different premium options. With the lowest premium at MMK 9,015 per month, Prudential Myanmar is making quality health coverage accessible and affordable.

The health protection benefits include Health Coverage Payout to fully or partially cover the costs of medical expenses, Daily Hospital Stay Payout to cover the insured for any loss of income resulting from not being able to work, Death Payout to provide financial support to the insured’s family in the case of death, and coverage of medical expenses related to treatment and hospitalisation for COVID-19.

Prudential Myanmar offers an efficient and straightforward cashless claims process. When PRUHealth customers use one of Prudential Myanmar’s partner clinics, there is no need for them to pay the medical costs upfront. Additionally, PRUHealth customers may be eligible for tax savings on premium payments, depending on the applicable tax laws at the time of policy purchase.

 

PRUHealth – Illness Prevention and Wellness Benefits

Designed to “support a better, healthier you”, PRUHealth gives customers access to free telemedicine consultations with healthcare experts from Pun Hlaing Hospitals, Prudential Myanmar’s healthcare partner. PRUHealth customers will also enjoy free fitness, nutrition and wellness consultations with Prudential Myanmar’s partners.

Also available for free to PRUHealth customers and people in Myanmar is Pulse by Prudential, an AI-powered digital health app that enables users to integrate personal health checks and management into their everyday lives.

Pulse provides mobile tools and real-time health information that can be accessed anytime and anywhere to help people on their wellness journeys. For example, the Fitness Tracker feature in Pulse encourages users to adopt a healthy lifestyle through simple exercises such as walking and running every day. Pulse can be downloaded from the Google Play Store or at: www.prudential.com.mm/en/what-is-pulse/.

Prudential Myanmar is also offering PRUHealth group packages for organizations and companies to protect the well-being of their employees. Group health insurance ensures employees have funds available should they suffer from illness or injury, along with financial protection for the employee’s family in the case of death.

To learn more about PRUHealth and its health protection and illness prevention benefits, visit https://www.prudential.com.mm/en/all-products/pruhealth_bundle/. For enquiries about PRUHealth and for customer support, please call Prudential Myanmar’s hotline: +95 977 011 0010.

 

About Prudential Myanmar Life Insurance

Prudential Myanmar Life Insurance (Prudential Myanmar) is a wholly-owned life insurance operation of Prudential plc, which provides life and health insurance and asset management, with a focus on Asia and Africa. In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

Prudential Myanmar is focused on supporting national efforts to raise life insurance penetration and financial inclusion in the country. With its technology-enabled approach, Prudential Myanmar is committed to reaching as many people as possible and ensuring they enjoy an easy, simple and convenient experience. 

For more information, visit Prudential Myanmar’s website: www.prudential.com.mm or Facebook page: www.facebook.com/PrudentialMyanmarLifeInsurance 

 

About Pulse by Prudential

Pulse by Prudential (Pulse) is an all-in-one digital health app and the first of its kind in Asia and Africa to offer holistic health management to consumers. Using AI-powered self-help tools and real-time information, the app serves as a 24/7 health and wellness partner to users, helping them prevent, postpone, and protect against the onset of diseases. Pulse is part of Prudential’s region-wide strategy to provide affordable and accessible healthcare to everyone across Asia and Africa by leveraging digital technologies and best-in-class partnerships.

Following the regional launch of Pulse in Malaysia in August 2019, Pulse is now available in a total of 11 markets in Asia and six in Africa and includes a growing suite of value-add services, such as a symptom checker and health assessment, personal wellness services, and video consultations with certified doctors and specialists.

Since its launch, Pulse has been downloaded more than 30 million times (as at August 2021) in Asia and Africa. Pulse is currently available on the Apple/Google Play stores in Cambodia, Hong Kong, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Taiwan, Thailand, Vietnam in Asia, and Cameroon, Ghana, Kenya, Nigeria, Uganda and Zambia in Africa.  

For more information, log onto www.wedopulse.com.
 
Read times Last modified on Wednesday, 29 September 2021 15:23
Rate this item
(0 votes)