What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 November 2022 11:34

ကိုယ်ဝန်ဆောင်ကာလ Xanax ဆေးသုံးမှုကြောင့် ကလေးတွင် အော်တစ်ဇင်ဖြစ်နိုင်ခြေမြင့်မားမှုမရှိ

ကိုယ်ဝန်ဆောင်ကာလအတွင်း Xanax အမည်ရှိ သောကဝေဒနာဖြေဖျောက်ရေးဆေးများကို သုံးစွဲမှုကြောင့် မွေးဖွားလာသည့်ကလေးများတွင် အော်တစ်ဇင်(Outism) ဖြစ်နိုင်ခြေ မြင့်မားလာနိုင်မှုမရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကားတင်ပြလိုက်ပါသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ကိုယ်ဝန်ဆောင် မိခင်လောင်းများ Xanax ဆေးသုံးစွဲမှုနှုန်းနှင့် ကလေးများအော်တစ်ဇင် ဖြစ်ပွားနှုန်းတို့ မြင့်တတ်လာခဲ့ရာ အထက်ပါဆေးသုံးစွဲမှုနှင့် အော်တစ်ဇင်ရောဂါတို့ကြား ဆက်စပ်မှုရှိနိုင်ကြောင်း နိုင်ငံတကာ သုတေသနပညာရှင်များက ယူဆခဲ့ကြသည်။

သို့ရာတွင် မိခင်လောင်းများ Xanax ဆေးသုံးစွဲမှုနှင့် မွေးဖွားလာသည့် ရင်သွေးများကြား အောတစ်ဇင် ဖြစ်ပွားနိုင်ခြေ မြင့်မားမှုတို့ကြား ဆက်စပ်မှုရှိသည်ကို ပြသနိုင်သည့် သက်သေအထောက်အထားမရှိကြောင်း သိရသည်။

တရုတ်(တိုင်ပေ) သုတေသနပညာရှင်မျာသည် မိခင်နှင့်ကလေး ၁.၅ သန်းခန့်၏ ဆေးမှတ်တမ်းများကို လေ့လာစီစစ်ပြီးနောက် တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်သည်။ လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်ကာလ အတွင်း Xanax ကဲ့သို့ Benzpdiaxepine အုပ်စုဝင် ဆေးများသောက်သုံးမှုနှင့်

ကလေးများ၌ အော်တစ်ဇင်ဖြစ်ပွား နိုင်‌ခြေ မြင့်တက်လာနိုင်ဖွယ် ရှိသည်ဟူသော အယူအဆကို စိန်ခေါ်နေကြောင်း တရုတ်(တိုင်ပေ) သုတေသနပညာရှင်များက ပြောကြားသည်။

 

 

 

Ref: ရတနာပုံ

Read times Last modified on Monday, 28 November 2022 11:42
Rate this item
(0 votes)