What's New




Sunday, 25 December 2022 20:16

စစ်တကောင်းမှ Albion က မြန်မာသို့ ဒေါ်လာ ၃၀,၀၀၀ ဖိုး ဆေးဝါးများ တင်ပို့ရန် စီစဉ်နေ

စစ်တကောင်းမှ Albion က မြန်မာသို့ ဒေါ်လာ ၃၀,၀၀၀ ဖိုး ဆေးဝါးများ တင်ပို့ရန် စီစဉ်နေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အခြေစိုက် Albion Group ၏ Albion Laboratories Ltd သည် အာဖဂန်နစ္စတန်နိုင်ငံသို့ ဆေးဝါးများ တင်ပို့ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဆေးဝါးများ တင်ပို့ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

.

ကုမ္ပဏီက မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဖိုး ဆေးဝါးများ တင်ပို့မည် ဖြစ်သည်။

ကမ္ဘောဒီးယားသို့ အမေရိကန်ဒေါ်လာ ၂၃,၀၀၀ ဖိုး ဆေးဝါးများ တင်ပို့မည် ဖြစ်သည်။

.

Albion Laboratories Ltd သည် အာဖဂန်နစ္စတန်နိုင်ငံသို့ ဆေးဝါးများ နှစ်သုတ်တင်ပို့ခဲ့သည်။ ပထမအသုတ်တွင် အမေရိကန်ဒေါ်လာ ၅၅,၀၀၀ ဖိုး တင်ပို့ခဲ့ပြီး ဒုတိယအသုတ်တွင် အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ဖိုး တင်ပို့ခဲ့ပါသည်။ ယခုအခါ တတိယအသုတ် အမေရိကန်ဒေါ်လာ ၁၂၉,၀၀၀ တင်ပို့ရန် စီစဉ်နေပါသည်။ 

ဘူတန်၊ သီရိလင်္ကာနှင့် ယီမင် နိုင်ငံများသို့ ဆေးဝါးများ တင်ပို့ရန် အစီအစဉ် ရှိပါသည်။

.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပို့ကုန်မြှင့်တင်ရေးဗျူရို Bangladesh Export Promotion Bureau (EPB) ၏ အချက်အလက်များအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဝါးများ အမေရိကန်ဒေါ်လာ ၁၆၉ သန်းဖိုးရှိ ဆေးဝါးများကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံသို့ တင်ပို့ခဲ့သည်။ အိမ်နီးချင်း မြန်မာနိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ သီရိလင်္ကာနိုင်ငံ ဖြစ်ပါသည်။

ဆေးဝါးကွပ်ကဲရေးဦးစီးဌာန Directorate General of Drug Administration (DGDA) ၏ အချက်အလက်များအရ မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ် ဆေးဝါးများက ဈေးကွက်ဝေစု ၄.၅၃% ရရှိထားပြီး သီရိလင်္ကာနိုင်ငံတွင် ဈေးကွက်ဝေစု ၇.၄% ရရှိထားသည်။

 

Source tbsnews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 25 December 2022 20:17
Rate this item
(0 votes)