What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 August 2018 14:38

ဆေးဆိုင်မှာ ရောင်းနေကြတဲ့ အမူးပြေဆေး B6ရဲ့ကောင်းကျိုးဆိုးကျိုးများ

ဆေးဆိုင်မှာ ရောင်းနေကြတဲ့ အမူးပြေဆေး B6ရဲ့ကောင်းကျိုးဆိုးကျိုးများ Google.com
ဆေးခန်းစဖွင့်တဲ့အချိန်တည်းကဆို ခုချိန်ထိလူနာ၎ယောက်၅ယောက်ပြောလို့ မသင်္ကာဖြစ်ပြီး ဆေးတောင်းကြည့်မှ မှားနေကြတာတွေတွေ့တယ်။
လူနာတွေပြောတာက ကျမတို့ညဆို ဘီစစ်လေးသောက်အိပ်တယ် ။  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်တဲ့ ။ အစကတော့ ကျမလည်း သူတို့အတွက် placebo(ဆေးမှာအာနိသင်မပါဘဲစိတ်ပိုင်းဆိုင်ရာယုံကြည်မှုကြောင့်
သောက်ပြီးအိပ်သွားတာကိုဆိုလိုတာပါ) သဘောမျိုးဖြစ်နေလို့နေမှာပါလေဆိုပြီး တွေးမိတယ်။
တစ်ယောက်ကနေ ၃၊၄ယောက်ပြောလာတော့ မသင်္ကာဖြစ်လာလို့ ဆေးယူလာပြခိုင်းမှ Motion sickness(ကားမူး လှိုင်းမူး ရထားလယာဉ်စီးရင်မူးပြီးပျို့အန်တတ်တာ) ;vertigo(ချာချာလည်မူးပြီးအန်တာ) တွေမှာသောက်တဲ့ Dimenhydrinate(Dramamine)တွေဖြစ်နေတယ်။
ဘယ်လိုပြောဝယ်လဲမေးကြည့်တော့ ဘီစစ်အကောင်းစားအကဒ်လို့ပြောဝယ်တယ်ဆိုတော့ အဲ့လိုအမှားမျိုးတွေ နောက်ထပ်ဘယ်လောက်တောင် ရှိနေမလဲမသိတော့ဘူး။
စိတ်တွေလည်းမောပါတယ်။Ps. B6(pyridoxime) ဟာ vitaminတစ်မျိုးပါ ။ အဲ့ဒီဗီတာမင်ချို့တဲ့သူ၊ကုန်ခမ်းသွားသူတွေကို ။ ပြန်ဖြည့်စွက်ဖို့ ပေးပါတယ်။ 
သူက သောက်ပြီးရင် မအိပ်ချင်ပါဘူး ။ Dimenhydrinateလို့ခေါ်တဲ့ဆေးကတော့ Anti histamine အုပ်စုဝင်ပါ ။ ဘာမီတွန်တို့ ရပ်ကွက်ထဲမှာဝဆေးအိပ်ဆေးဆိုပြီး သောက်နေတဲ့ cypro 2 တွေကလည်းအဲ့အုပ်စု ဝင်တွေပါပဲ။
သူကတော့ အပေါ်ကပြောသလို motion sickness အပေါ်မှာတော့ အရမ်း effective ဖြစ်ပါတယ်။ ကားမူးတတ်လို့သောက်မယ်ဆိုသောက်လို့ရပါတယ်။
တခြားအချိန်တွေမှာ မူးလို့အန်လို့ဆိုတိုင်းသောက်ရတာမဟုတ်တာကို သိစေချင်တာရယ် ၊ TB ဆေးသောက်သူတွေမှာ B6 ကုန်ခမ်းလို့ ဖြည့်စွက်ပေးရတဲ့အချိန်မှာ တကယ့် B6 နဲ့ ဒါနဲ့မှားပြီး သောက်နေမိမှာစိုးပါတယ်။
ဒီဆေးကြောင့်တိုက်ရိုက်အသည်းမထိပေမယ့် အသည်းရောဂါအခံရှိလျှင်သောက်သုံးဖို့မသင့်ပါ။
TB ဆေးတစ်ခုက hepatitis (အသည်းရောင်)တတ်တာမို့ TB ဆေးသောက်သူတွေသောက်ရတဲ့ B6 နဲ့ ဒါနဲ့မှားသောက်မိရင် မလိုလားတတ်တဲ့ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။
 
source:themoonmm.club
 
Read times Last modified on Monday, 06 August 2018 15:13
Rate this item
(1 Vote)