What's New




Sunday, 30 April 2023 14:15

ကမ္ဘာ့ကွန်ဒုံးတင်ပို့မှုတွင် ထိုင်းနိုင်ငံ ဝေစုအများဆုံး ပိုင်ဆိုင်ထား

 ကမ္ဘာ့ကွန်ဒုံးတင်ပို့မှုတွင် ထိုင်းနိုင်ငံ ဝေစုအများဆုံး ပိုင်ဆိုင်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံ ကွန်ဒုံး တင်ပို့မှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့သည်။
ထိုင်းနိုင်ငံသည် ၂၀၂၂  ခုနှစ်တွင် ကမ္ဘာ့ကွန်ဒုံးတင်ပို့ရောင်းချသည့် ထိပ်တန်းနိုင်ငံအဖြစ် ၎င်း၏ ရပ်တည်ချက်ကို ဆက်ထိန်းထားသည်။
ထိုင်းကွန်ဒုံးများ အများဆုံး ဝယ်ယူသည့် တရုတ်နိုင်ငံသည် ဆယ်စုနှစ် ခြောက်ခုအတွင်း  ပထမဆုံး လူဦးရေ ကျဆင်းမှုကို ကြုံတွေ့ခဲ့သည်။

သဘာဝရော်ဘာ ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် ထိုင်းနိုင်ငံသည် ရော်ဘာထုတ်ကုန် ကွန်ဒုံးများကို ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၂၇၂.၃ သန်းဖိုး တင်ပို့ခဲ့သည်။
ထိုင်းကွန်ဒုံး အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ အမေရိကန်နှင့် ဗီယက်နမ်တို့ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ကွန်ဒုံးတင်ပို့မှုတွင် ဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဈေးကွက်၏ ၄၄% ကို ရရှိထားသည်။ ၂၀၂၁ တွင် ၄၃.၇% ရရှိခဲ့သည်။

ထိုင်းနိုင်ငံသည် ဒူးရင်းတင်ပို့မှုတွင်လည်း ကြီးစိုးထားသည်။ ကမ္ဘာ့ဒူရင်းဈေးကွက်၏ ၉၃.၃ ရာခိုင်နှုန်းကို လွှမ်းမိုးထားပါသည်။


Source Bloomberg News

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


 

Read times Last modified on Sunday, 30 April 2023 14:18
Rate this item
(0 votes)