What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 October 2018 10:20

အသက် ၇ဝ ကျော်လာရင် အက်စ်ပါရင်သောက်တာ အန္တရာယ်ရှိ

အက်စ်ပရင်ဟာ နှလုံးတိုက် ခိုက်ခံရခြင်း သို့မဟုတ် လေဖြတ် ခြင်း ဝေဒနာခံစားရတဲ့လူနာများ အတွက် အကျိုးရှိစေတယ်လို့ မကြာသေးမီက လေ့လာချက်များ အရ သိရှိလာပါတယ်။

သို့သော် အသက် ၇၀ ကျော် လူကြီးတွေမှာ တော့ ခန္ဓာကိုယ်အတွင်း သွေးယို စိမ့်ပြီး အသက်အန္တရာယ် ဖြစ်စေ နိုင်ပါတယ်လို့ သတိပေးလာပါပြီ။

ဩစတြေးလျနှင့် အမေရိကန် | အခြေစိုက် သုတေသနလေ့လာမှု တွင် တွေ့ခဲ့ရတဲ့ ဤရလဒ်များဟာ အလွန်အရေးပါပြီး အက်စ်ပရင်ကို လူနာများအဖို့ ကိုယ့်သဘောနှင့် ကိုယ် မသောက်ကြရန် သတိပေး နှိုးဆော်လိုက်ခြင်းဖြစ်တယ်။

အထူးသဖြင့် လူနာများအား ( လေဖြတ်ပြီးရင် သို့မဟုတ် နှလုံး တိုက်ခိုက်ခံရပြီးနောက် သွေးမပျစ် စေရန်နှင့် သွေးမခဲစေရန် (သွေးကျဲ ဆေးအဖြစ်) နောက်ထပ် လေထပ် မဖြတ်ရန်နှင့် နှလုံးတိုက်ခိုက်မခံရ ရန်ကာကွယ်ဖို့ အက်စ်ပရင်ကို ပေး လေ့ရှိပါတယ်။

တစ်ဖန် ကျန်းမာ နေတဲ့ လူအချို့ကလည်း ထိုရောဂါ ၂ မျိုးကို ကာကွယ်တဲ့အနေဖြင့် အက်စ်ပရင်ကို ကြိုတင်သောက် တတ်ပါသေးတယ်။ ကင်ဆာဖြစ် နိုင်ခြေမှ ဖြတ်ရန် အက်စ်ပရင် ကို သောက်နိုင်လားဆိုတဲ့ သုတေ သနတွေလည်း ဆက်လက်လုပ်နေ ပါတယ်။

သို့ သော် အမေရိကန်နှင့် ဩစတြေးလျမှာ အသက် ၇၀ ကျော်ပြီး နှလုံးရောဂါလည်းမရှိတဲ့ သူများ အပါအဝင် ကျန်းမာရေး ကောင်းတဲ့ လူပေါင်း ၂ သောင်းနီး ပါးအား လေ့လာစောင့်ကြည့်ခဲ့ရာ မှ ဖော်ထုတ်တွေ့ရှိတာဖြစ်တယ်။

Source:Health Digest Journal

အလွန်အကျွံသုံးစွဲတဲ့အခါ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်ပစ္စည်းများ

အလွန်အကျွံသုံးစွဲတဲ့အခါ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်ပစ္စည်းများ

Read times Last modified on Thursday, 01 November 2018 11:00
Rate this item
(1 Vote)