ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆိပ်အတောက်တွေကို စစ်ယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေးတာကြောင့် ကျောက်ကပ်ကျန်းမာဖို့ဆိုတာ နှလုံးကျန်းမာဖို့လိုအပ်သလိုပဲ အရေးကြီးပါတယ်။
ဒါကြောင့်မို့ ကျောက်ကပ်ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။
ဂေါ်ဖီထုပ် - ကျောက်ကပ်အတွက်အားဖြစ်စေတဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပြီး ဗီတာမင်ဘီ၆၊ ဗီတာမင်စီ၊ ကေနဲ့ အမျှင်ဓာတ်၊ ဖောလစ်အက်စစ်တို့ကြွယ်ဝပါတယ်။
ဘယ်ရီသီးများ - စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးအားလုံးလိုလိုမှာ မဂ္ဂနိစ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ကျောက်ကပ်အတွက် အကျိုးပြုပါတယ်။
ငါး - အသားဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ကျောက်ကပ်သမားတွေ ငါးများများစားပေးသင့်ပါတယ်။
ကြက်ဥအကာ - ကြက်ဥအကာတွေချည်းပဲ မွှေကြော်စားတာပဲဖြစ်ဖြစ်၊ ကျက်ကျက်ပြုတ်ထားတဲ့ ကြက်ဥကိုအကာချည်းပဲဖြစ်ဖြစ် စားပေးသင့်ပါတယ်။
သံလွင်ဆီ - ကျောက်ကပ်အတွက်ရော နှလုံးအတွက်ရော ကောင်းကျိုးပြုပါတယ်။
ကြက်သွန်ဖြူ - ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး မလိုအပ်တဲ့ ကိုလက်စထရောတွေကို ဖယ်ရှား ပေးပါတယ်။
ကြက်သွန်နီ - အဆိပ်အတောက်တွေကင်းပြီး ကျောက်ကပ်ကိုသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
ပန်းငရုတ်ပွနီ - သွေးတွင်းအဆိပ်အတောက်တွေဖယ်ရှားပေးပြီး ဗီတာမင်အေ၊ ဘီ၆၊ စီ၊ ဖောလစ် အက်စစ်နဲ့အမျှင်ဓာတ်ကြွယ်ဝပါတယ်။
ပန်းဂေါ်ဖီ - ဗီတာမင်စီ၊ အမျှငဓာတ်နဲ့ဖောလစ်အက်စစ်တို့ ပါဝင်ပြီး ဂေါက်ရောဂါနဲ့ကျောက်ကပ် ကျောက်တည်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။
ပန်းသီး - ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ ကျောက်ကပ်ကျောက်တည်တာတွေမဖြစ်အောင် ကာကွယ်နိုင်သလို ကိုလက်စထရောလည်း လျော့ကျစေပါတယ်။
source:7daydaily