What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 October 2018 15:25




 


 


 


 


 


 


 





 


 


 


 


 

Source​ဒေါက်တာအေးမြချယ်

သင့်ကို နုပျိုသွားစေမဲ့ သံပုရာရည်

သင့်ကို နုပျိုသွားစေမဲ့ သံပုရာရည်

 

{Unicode}

========

ကင်ဆာရောဂါဆိုးအကြောင်း သိကောင်းစရာ

 

ကင်ဆာရောဂါဆိုးဆိုရင် ၊ အသံကြားရုံနဲ့ ကြောက်ဒူးတုန်ကြတာ၊ စိတ်ပူကြတာ လူတိုင်းလို ဖြစ်ပေမယ့်ရှေ့ပြေးအဖြစ် နာကျင်ကိုက်ခဲတာ၊ ကျန်းမာရေး ပြဿနာတွေ တွေ့ရတာ ဆီး, ဝမ်းသွားတဲ့ အမူအကျင့်တွေပြောင်းလဲလာတာ စသဖြင့် ကင်ဆာလက္ခဏာတွေ ပြလာပေမယ့် အမှုမဲ့အမှတ်မဲ့နေကြတာများပါ တယ်။

 

အရေးတကြီးလက္ခဏာလို့ လည်း မထင်မိကြဘူး၊ နောက် ဆုံးလေ့လာမှုတွေအရ သာမာန် လက္ခဏာတွေနဲ့ နေမကောင်း ဖြစ်ရတာတွေကို ကင်ဆာရဲ့ ပထမ ဆုံးအသိပေ: တာတွေဖြစ်နေတတ် တယ်။ ဒါကြောင့် ပထမဆုံး ပြတဲ့ သတိပေးအသိပေးတဲ့ ကင်ဆာ လက္ခဏာတွေ၊ ပေါ်လာကာစ မှာကို ရောဂါရှာဖွေကုသလိုက်ရင် ရောဂါသိပ်မယုံသေးခင်ဆိုတော့ ပျောက်ကင်းသက်သဖို့ အခွင့် အလမ်းပိုများပါတယ်။

 

လူတွေအထူးသတိထားသင့် တဲ့ ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ တွေကတော့အလုံးအကြိတ်အဖုအလုံးများ | ကိုယ်ခန္ဓာပေါ်မှာ နဂိုကမရှိ တဲ့ အဖုအလုံးတစ်ခုခု စမ်းတွေ့ မိတယ်ဆိုရင် မနာကျင်တော့ လူ တွေက သတိတောင်ထားချင်မှ ထားတတ်တာပါ။ ဥပမာ ရင်သား အကြိတ်၊ လည်ပင်းဘေးတစ် ဖက်တစ်ချက်က အလုံးအကြိတ်တွေ၊ အမှတ်တမဲ့စမ်းမိတောင်မှ သက်ဆိုင်ရာဆရာဝန်ကို ပြဖို့ ဝန် လေးတတ်ကြတယ်။

 

ကျန်းမာရေး၊ ဗဟုသုတရှိသူ ၆၅ ရာခိုင်နှုန်းကတော့ ဆရာဝန်ကိုပြသစစ်ဆေး ကြပေမယ့် ရရ ရာခိုင်နှုန်းကတော့ ဒီလိုအဖုအကြိတ်ဆိုတာ ကင်ဆာ ကြိတ်တွေဖြစ်နိုင်ကြောင်း မသိကြ ပါဘူး၊ ဒါ့ကြောင့် ကိုယ်ခန္ဓာမှာ ပုံမှန်မဟုတ်တဲ့ အဖုအကြိတ်စမ်း မိရင် ဆရာဝန်ကို အချိန်မီအမြန် ဖို့လိုအပ်တယ်။ ချောင်းဆို အသံဝင်ခြင်း ရာသီအပြောင်းအလဲမှာ လူ တွေ ချောင်းဆိုး၊ နှာစေဖြစ်လေ့ ရှိကြတယ်။

 

အဲလိုရာသီအလိုက် ဖြစ်တာမဟုတ်ဘဲ ရက်ပိုင်းအတွင်း ပျောက်ကင်းမသွားဘဲ လချီကြာ နေရင် အသံလည်းဝင်သလို၊ အသံလည်းပြောင်းသွားခဲ့ရင် မပေါ့ ဆသင့်ပါဘူး၊ သိုင်းရွိုက်ဂလင်း ကင်ဆာ၊ လည်ချောင်းကင်ဆာ laryngeal cancer နဲ့ လင့်ဖိုမာကင်ဆာကြိတ် တွေရဲ့ ရှေ့ပြေးလက္ခဏာအဖြစ် ပြတာ ဖြစ်ပါတယ်။ ပုံမမှန်အကြာ ကြီး ချောင်းဆိုးနေရင် သလိပ်ထဲ သွေးစကပ်ပါလာရင်အစားသောက် ပါ ပျက်လာရင် စောစီးစွာ ဆရာ ဝန်နဲ့ပြသကုသသင့်တယ်။

 

ဝမ်းသွားတဲ့ အမူအကျင့် ပြောင်းလဲခြင်းWhitaker's studycocos မှုအရ ၁၈ ရာခိုင်နှုန်းရှိတဲ့ လူတွေ မှာ ဝမ်းသွားတဲ့အမူအကျင့်၊ ပမာ ဏ ဝမ်းရဲ့ အရွယ်အစား ဝမ်းသွား တဲ့အချိန်၊ ဝမ်းမှန်နေရာက ချုပ် လိုက် ဝမ်းပျက်လိုက်ဖြစ် လာတာတွေ ဖြစ်လာတတ်ကြတယ်။ အ စာမှာလို့ အဲလိုဖြစ်လာတယ်လို့ ထင်ကြတာများကြတယ်။ အဲလို ဝမ်းသွားတဲ့ အမူအကျင့် ပြောင်း လဲလာတာက ခဏမဟုတ်ဘဲ သိပ်ကြာလာရင် ဒါဟာ အူမကြီး ကင်ဆာကြောင့် ဖြစ်နိုင်တာတွေ မို့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

 

 

ဆီးသွားတဲ့ အမူအကျင့် ပြောင်းလဲလာခြင်း

 

ဆီးလမ်းကြောင်းပိုးဝင်ကာ ဆီးပူ ဆီးအောင့်တာက အမျိုးသ မီးတွေမှာ အဖြစ်များတတ်ကြပါ တယ်။ ဆီးသွားရတာ အပြောင်းအလဲဖြစ်လာရင်လည်း ဆီးလမ်းကြောင်းပိုးဝင်ရောင်ရမ်းတာလို့ အ လွယ်ယူဆကာ ဆေးမြီးတိုနဲ့ပဲ ပြီး စလွယ်ကုကြတာများတယ်။ အဲ လိုမလုပ်သင့်ပဲ ,မ မရွေး အရင်ဆုံးပြသသင့်တာက ဆီးထဲ သွေးပါရင် ရုတ်တရက်ဆီးမထိန်း နိုင်ရင်၊ ဆီးသွားရခက်ခဲလာရင်နဲ့ ဆီးပေါက်နေတုံး နာကျင်မှု ခံစား လာရရင် အချိန်မဆိုင်းဘဲ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ သိရဖို့ ဆရာဝန်ချက်ချင်းပြသင့်ပါတယ်။ အဲဒီ လက္ခဏာတွေဟာ ဆီးအိမ်၊ကျောက်ကပ်နဲ့ ဆီးကျိတ် pros| tate မှာ ကင်ဆာဖြစ်ပွားနေတာ ပြတဲ့ လက္ခဏာတွေဖြစ်နိုင်တဲ့ အ တွက်ကြောင့်ဖြစ်ပါတယ်။

 

အကြောင်းရင်းမသိနိုင်တဲ့ နာ ကျင်မှု | ကိုယ်ခန္ဓာ တစ်နေရာရာမှာပျောက်နိုင်ခဲတဲ့နာကျင်မှုတစ်ခုခုခံစားနေရတယ်ဆိုရင်လည်း ဒါဟာ ကင်ဆာတစ်ခုခု ဥပမာ မျိုး ဥအိမ်ကင်ဆာ ဒါမှမဟုတ် အရိုး ကင်ဆာ အသည်းကင်ဆာ စသ ဖြင့် ခံစားနေရလို့ နာကျင်တာ ဖြစ်နိုင်ပါတယ်။ ကင်ဆာဆိုတာ စ ဖြစ်ဖြစ်ချင်း နာကျင်တာ မ တတ်ပေမယ့် စတင်ဖြစ်ပွားရာက ဘေဘီပျံ့နှံ့ပြီဆိုရင် နာကျင်ကိုက် ခဲ့တာနဲ့ ပြတတ်တာက ကင်ဆာ ရဲ့ထူးခြားချက်ဖြစ်တယ်။

 

ဒါ့ကြောင့် ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ တစ်နေရာရာ နာကျင်နေပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြတာက အကောင်းဆုံးပါပဲ။ Whitakers survey လေ့လာမှုအရ အဲလို နာ ကျင်မှုခံစားရသူတွေရဲ့ ၁ ရာခိုင် နှုန်းကပဲ အရေးတယူနဲ့ ဆရာဝန် ပြတာ ရောဂါရှာဖွေကုသတာ ပြု လုပ်တတ်ကြတယ်လို့ ဆိုပါတယ်။

Read times Last modified on Wednesday, 25 December 2019 10:40
Rate this item
(1 Vote)