What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 November 2018 17:13

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲ

ကလေးငယ်ရဲ့ကြီးထွားပုံ

ကိုယ်ဝန်ဆောင်ကာလပထမအပတ်က နည်းနည်းတော့ရှုပ်ထွေးပါလိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ရှိမှန်း စသိချိန်မှာ အနည်းဆုံး ၄ပတ်ရှိနေပါပြီ။ သားဥစအောင်တဲ့ရက် အတိအကျသိဖို့က ခက်ခဲပေမယ့် ရာသီစက်ဝန်းစသည့်ရက်ကတော့ သိသာပါတယ်။ ဆရာဝန်တွေက နောက်ဆုံးရာသီစက်ဝန်းရဲ့ပထမရက်နဲ့မီးဖွားမယ့်ရက်ကို တွက်တာပါ။ မီးဖွားရက်ကိုဆရာဝန်တွေအကောင်းဆုံး ခန့်မှန်းပေးနိုင်ဖို့ ပထမ၂ပတ်ကို ရေတွက်ရတာပါ။

 

ပုံမှန်ကတော့ကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀လောက်ကြာပါတယ်။ တစ်ချို့က ၃၈ပတ်မှာ မွေးတတ်သလို တစ်ချို့လဲ ၄၂ပါတ်မှာမွေးတတ်ပါတယ်။ ဆရာဝန်တွေကတော့ ၄၂ပါတ်ကျော်တဲ့အထိ မထားပါဘူး။ အခုသင့်ရဲ့မွေးဖွားမယ့်ရက် ဘယ်လိုတွက်ချက်လဲဆိုတာကို အနည်းငယ်ပြောပြပြီးပါပြီ။ အခု သင့်ကလေး ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ကြည့်ကြရအောင်ပါ။

 

ခန္ဓာကိုယ်နှင့်နေထိုင်မှုပြောင်းလဲပုံ

ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က မမျိုးဥကြွေဖို့ပြင်ဆင်နေပါပြီ။ မမျိုးဥကြွေတယ်ဆိုတာ သားဥအိမ်ကနေ မျိုးဥကြွေကျတာပါ။ ရာသီပထမဆုံးလာတဲ့ရက်နောက်ပိုင်း ၁၂-၁၄ ရက်ကြားမှာ ကြွေပါတယ်။ အဲဒီမျိုးဥမျိုးအောင်ဖို့ကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတစ်ချို့ စအလုပ်လုပ်ပါတယ်။ ရင်သားယောင်ပြီး တင်းလာသလိုဖြစ်တာ၊ ဗိုက်အောင့်တာတွေက ရာသီလာချိန်ဖြစ်တတ်တာတွေပါ။ အဲဒီဥမျိုးအောင်ဖို့ နောက်၂ ပတ်လိုပါသေးတယ်။ ရက်စွဲအတိအကျမှတ်ပြီး အမျိုးသားကို ပြောပြနိုင်ပါတယ်။

 

ဘာတွေပြင်ဆင်ထားရမလဲ

ဒီအပတ်မှာ ဘာမှသိပ်စိတ်ပူစရာမရှိပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာနဲ့ သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ဗီတာမင်တွေ သောက်ပေးရင်ရပါပြီ။ လိုအပ်တဲ့ဗီတာမင်ပမာဏ အလုံအလောက်ရဖို့လိုပါတယ်။ အထူးသဖြင့် ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းအတွက် ကောင်းတဲ့ဖောလစ်အက်စစ်ပါ။ အခုချိန်မှာ လိုအပ်တဲ့ပ မာဏကတစ်နေ့ကို ၄၀၀မီလီဂရမ်ပါ။ ကျောရိုးနဲ့ အာရုံကြောမကြီးတွင် ရောဂါဖြစ်ဖူးသော အမျိုးသမီးများ ထိုပမာဏထက်ပိုလိုအပ်ပါတယ်။

 

ဆရာဝန်ကို ဘာတွေပြောပြရမလဲ

သင်သောက်သုံးနေတဲ့ ညွှန်ကြားထားသောဆေး၊ မညွှန်ကြားထားသောဆေး၊ သေချာပြောပြသင့်ပါတယ်။ ဒီဆေးတွေက သင့်ကလေးကို ဘေးဖြစ်စေနိုင်လို့ပါ။ တကယ်လို့ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးရှိရင်လဲ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ရပ်ပစ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ သင့်ဆရာဝန်က ရပ်လိုက်လို့ရလာမယ့် ကောင်းကျိုးဆိုးကျိုးကို တွက်ဆရဦးမှာပါ။

 

ဆရာဝန်ကိုမေးသင့်သောမေးခွန်းများ

• ကိုယ်ဝန်ဆောင်ကာလမှာ အရင်ကညွှန်ကြားထားတဲ့ဆေးတွေ၊ ဆေးဆိုင်က၀ယ်သောက်တဲ့ဆေးတွေကို ဆက်သောက်သင့်သလား။
• ကိုယ်ဝန်မယူခင် ဘာတွေပြင်ဆင်ထားရမလဲ။
• ကိုယ်ဝန်မယူခင် ကာကွယ်ဆေးတွေ ထိုးရသေးလား။

 

ဘာစစ်ဆေးမှုတွေလုပ်ဖို့လိုမလဲသင့်ခန္ဓာကိုယ်ကို ကလေးလေးအတွက် ပြင်ဆင်ပေးဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုတွေကို လုပ်ခိုင်းပါလိမ့်မယ်

• မိန်းမကိုယ်ကင်ဆာစစ်ဆေးမှု-ကိုယ်ဝန်ကိုထိခိုက်စေနိုင်လား သိအောင်စစ်ဆေးတာပါ
• မျိုးရိုးဗီဇစစ်ဆေးခြင်း-သင့်ကလေးငယ်မှာ သွေးကင်ဆာ၊ သွေးအားနည်းရောဂါ၊ အာရုံကြောရောဂါလိုမျိုး မျိုးရိုးလိုက်နိင်တဲ့ရောဂါတွေပါလာနိုင်လား သိအောင်လို့ပါ။
• သွေးစစ်ခြင်း-လိင်မှကူးစက်သောရောဂါ၊ ကိုယ်ခံအား၊ ၀က်သက်၊ ရေကျောက်တွေကို စစ်ပေးတာပါ။ ဒါကတော့ ကိုယ်ဝန်မဆောင်ခင် ကာကွယ်ဆေးထိုးဖို့ လိုမလိုသိအောင်လို့ပါ။

 

ဒီစစ်ဆေးမှုတွေက ဆရာဝန်သင့်ခန္ဓာကိုယ်ကို ကလေးလေးအတွက်ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကျန်းမာဘေးကင်းစွာကိုယ်ဝန်ဆောင်နိုင်ဖို့ဘာတွေသိထားဖို့လိုလဲ

ကျန်းမာစွာကိုယ်ဝန်ဆောင်ဖို့အတွက် ဘာတွေရှောင်ရမလဲဆိုတာ သင်သိချင်မှာပေါ့။ သင်ကိုယ်ဝန်ရှိလာပြီဆိုရင် ကိုယ်ခံအားက အရင်လိုမကောင်းတော့ဘဲ ရောဂါကူးစက်မှုပိုများစေပါတယ်။ ဘယ်ကာကွယ်ဆေးတွေက သင့်အတွက် ဘေးကင်းစိတ်ချရစေမလဲဆိုတာကို အောက်မှာဖော်ပြထားပါတယ်။


ဝက်သက်၊ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး

ဗိုင်းရပ်စ်ကဖြစ်တဲ့ ၀က်သက်ရောဂါ လက္ခဏာတွေကတော့ အဖျားနည်းနည်းရှိမယ်၊ ချောင်းဆိုး၊ နှာရည်ယိုမယ်၊၂-၃ရက်နေရင် အနီ စက်တွေ ပေါက်လာလိမ့်မယ်။ ပါးချိတ်ယောင်တာက တံတွေးဂလန်းတွေယောင်လာတဲ့ ဗိုင်းရပ်စ်ကဖြစ်တဲ့ရောဂါပါ။ ကိုယ်ဝန်ဆောင်နေတုန်း ဒီရောဂါတစ်ခုခုဖြစ်ခဲ့ရင် ပျက်ကျနိုင်ချေများပါတယ်။ ဂျိုက်သိုးရောဂါကို ဂျာမန်ဝက်သက်လို့လဲ သိကြပါတယ်။ သူလည်း ဗိုင်းရပ်စ်ကဖြစ်ပြီး ဖျားရာကနေ အနီဖုတွေပေါက်လာတာပါ။ ကိုယ်ဝန်ဆောင်တုန်း ဒီရောဂါဖြစ်တဲ့မိခင်က မွေးတဲ့ကလေး ၈၅% ကအကြားအာရုံနဲ့ ဥာဏ်ရည် ချို့ယွင်းနိုင်ပါတယ်။ ဒီကာကွယ်ဆေးက ကိုယ်ဝန်ဆောင်မှ ထိုးရင် စိတ်မချရပါဘူး။ ထိုးပြီး ၁-၃လထိ စောင့်ပြီးမှကိုယ်ဝန်ဆောင်သင့်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်တာက ပိုကောင်းပါလိမ့်မယ်။

 

ရေကျောက်ကာကွယ်ဆေး

ရေကျောက်က အရမ်းကိုကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးပါ။ လက္ခဏာက ဖျားမယ်၊ မအီမသာဖြစ်မယ်၊ ယားယံတဲ့ အနီဖုတွေပေါက်မယ်။ ကိုယ်ဝန် ပထမ ၅လမှာ ရေကျောက်ပေါက်တဲ့ မိခင်က မွေးတဲ့ကလေး ၂% က ခြေလက်တွေ ချို့ယွင်းပြီး မွေးလာနိုင်ပါတယ်။ မီးဖွားခါနီးဖြစ်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်ချိန်မှထိုးရင် စိတ်မချရပါဘူး။ ဆရာဝန်နဲ့သေချာဆွေးနွေးကြည့်ပါ။

 

တုပ်ကွေးကာကွယ်ဆေး

ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ညွှန်ကြားချက်အရ ကိုယ်ဝန်ရှိချန်မှာ တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဒီဆေးက ဗိုင်းရပ်စ်ပိုးအသေတွေနဲ့ လုပ်ထားလို့ ကလေးကို ဘေးမဖြစ်စေနိုင်ပါဘူး။ ဗိုင်းရပ်စ်အရှင်နဲ့လုပ်ထားတဲ့ ဖျန်းပြီးသုံးရတဲ့ဟာတွေတော့ ရှောင်ရမှာပါ။
ကိုယ်ဝန်ဆောင်တုန်း ဖျားခဲ့ရင် သင့်ကိုအဆုတ်ယောင်စေနိုင်ပြီး ကလေးလည်း လမစေ့ဘဲမွေးတာမျိုးဖြစ်စေနိုင်ပါတယ်။ မီးဖွားပြီးရင်လည်း တုပ်ကွေးနောက်ဆက်တွဲဆိုးကျိုးရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။ များသောအားဖြင့် အဖျားကာကွယ်ဆေးတွေက ကိုယ်ဝန်ဆောင်နေတုန်းလည်း ထိုးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်တုန်းထိုးလို့ ကလေးကိုရောဂါကာကွယ်ပေးနိုင်တဲ့ အထောက်အထားတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးက သင့်ဆီကနေ ရောဂါခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ ရပါတယ်။ သင်သာ ခုခံအားမြင့်လျှင် ကလေးဖျားနိုင်ချေ နည်းပါတယ်။

Source:hellosayarwon

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

Read times
Rate this item
(0 votes)