ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း ၆၀၀ ကျော်တွင် အသက်(၄၀)နှစ်နှင့်အထက် ခန့် မှန်းလူဦးရေနှစ်သန်းကျော်ကို ဆီး ချိုနှင့် သွေးတိုးရောဂါ အခမဲ့စစ် ဆေးကုသပေးမှာ ဖြစ်ပါတယ်။
ထို့ကြောင့် ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ တိုက်နယ်ဆေးရုံ၊ မိခင်နှင့် ကလေးကျန်းမာရေးဌာ န၊ ဒေသန္တရကျန်းမာရေးဌာနနှင့် ဌာနခွဲများ၊ ကျေးလက်ကျန်းမာ ရေးဌာနနှင့် ဌာနခွဲများ စသည့် ဆေးရုံ၊ ဆေးခန်း ၆၂၉ ခုတွင် ယခု နှစ်အတွင်း ကုသပေးသွားမည်ဖြစ်ပါတယ်။
ယင်းဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးချိန်အ တွင်း ဖွင့်လှစ်မည်ဖြစ်ကာ ဆီးချို နှင့် သွေးတိုးရောဂါစစ်ဆေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးအသိ ပညာပေးခြင်းတို့အပြင် လိုအပ်ပါ က ဆေးရုံများသို့ လွှဲပြောင်းကုသ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါတယ်။
လက်ရှိတွင် ဆီးချို၊ သွေးတိုးအပါအဝင် မကူးစက်တတ်သော ရောဂါများကို မကိုင်တွယ်နိုင်ပါ က နောင်ငါးနှစ်၌ ကျန်းမာရေး ဘတ်ဂျက်၏ ၇၀ ရာခိုင်နှုန်းသည် ယင်းရောဂါများထဲသို့ ရောက်ရှိနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဒေါက်တာမြင့်ထွေး က ရန်ကုန်တိုင်းပြည်သူ့ကျန်းမာ ရေးဌာနတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်)က ပြုလုပ်သော ဆီးချိုနှင့် သွေးတိုးစစ်ဆေးကုသမှုဆေးခန်းများ ဖွင့်လှစ်ခြင်းအခမ်းအနား၌ ပြောကြားခဲ့ပါတယ်။
‘‘ဒီမကူးစက်တတ်သော ရောဂါကို ထိတာနဲ့ ကျန်တဲ့ Pro-gram တွေ ပိုက်ဆံတောင်ရှိမှာမဟုတ်တော့ဘူး။ အခုလောက်ကတည်းက စနိုင်မှသာလျှင် အောင်မြင်နိုင်မှာဖြစ်ပါတယ်’’ဟု ဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံတွင် ၂၀၁၄ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်း မာရေးဝန်ကြီးဌာနတို့က ကောက် ယူထားသော စစ်တမ်းအရ လူ ၁၀ ဦးလျှင် တစ်ဦးနှုန်း ဆီးချို သွေးချိုရောဂါဖြစ်ပွားပြီး လေးဦးလျှင် တစ်ဦးနှုန်း သွေးတိုးရောဂါ ဖြစ်ပွားနေသည်။
‘‘အခုက မြို့နဲ့တောရဲ့ ဆီးချို သွေးတိုးဖြစ်ပွားနှုန်းကွာဟမှုက သိပ်မရှိတော့ပါဘူး။ နေထိုင်စား သောက်မှု ပြောင်းလဲလာတဲ့အ တွက်ကြောင့် ဒီရောဂါတွေဟာ တောမှာလည်း ဖြစ်ပွားနှုန်းအရမ်း ကို မြင့်မားနေပါပြီ။ ဒီလိုဆေးခန်း တွေပေါ်လာတဲ့နောက်ပိုင်းမှာ ဖြစ် ပွားမှုနှုန်းလည်း ကျဆင်းသွားပြီးတော့ သေဆုံးမှုနှုန်းတွေလည်း ကျဆင်းသွားပါတယ်။ နောက် တစ်ခါ အသက်မသေဘဲနဲ့ မသန် စွမ်းဒုက္ခိတဖြစ်ပွားနှုန်းတွေဟာ လည်း လုံးဝကျဆင်းသွားပါတယ်’’ဟု မှော်ဘီမြို့နယ် မြောင်းတကာကျေးလက် ကျန်းမာရေးဌာနမှ ဒေါ်ဖြူဖြူသက်က ပြောခဲ့သည်။
Source:7daydaily