What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 June 2019 15:01

နှလုံးအားနည်းတာကို ဘယ်လို နားလည်ထားလဲ

ဆေးခန်းလာပြတဲ့ တစ်ချို့သော လူနာတွေကို တခြားဘာရောဂါအခံရှိလဲ မေးလိုက်တဲ့ အခါတွေမှာ နှလုံးအားနည်းတဲရောဂါ ရှိတယ် ဆိုတာတွေ ကြားရတတ်ပါတယ်။

အများအားဖြင့် လူငယ်ပိုင်းတွေ ပြောတတ်ကြတယ်။ အမျိုးသားတွေလည်း ပြောတတ်ပေမယ့် အမျိုးသမီးတွေပြောတာ ပိုများပါတယ်။ ဘယ်လိုခံစားရလို့လဲ လို့ ဆက်မေးလိုက်တော့ အမောမခံနိုင်ဘူး။ ရင်တုန်တတ်တယ်။ စိတ်မကောင်းစရာတစ်ခုခုဆို မူးလဲမတတ်ခံစားရတယ်။ ရင်ဘတ်ထဲ အောင့်တက်လာတတ်တယ် စသဖြင့်ပြောတတ်ကြတယ်။

 

နှလုံးအားနည်းတယ်ဆိုတာ ဘာရောဂါလဲ။

ပုံမှန်အားဖြင့်တော့ တိုက်ရိုက်ဘာသာပြန်ကြည့်ရင် နှလုံးအားနည်းတဲ့ ရောဂါဆိုတာ မရှိပါဘူး။ သွေးအားနည်းလို့ ဖြစ်လာတဲ့ နှလုံးရောဂါ ဆိုတာပဲရှိတယ်။ သွေးအားနည်းပြီလို့ဆိုတိုင်းတော့ နှလုံးရောဂါ တန်းမဖြစ်ပါဘူး။ သွေးအားနည်းတာ ကြာရှည်လာမှ နှလုံးရောဂါ ဖြစ်စေပါတယ်။

 

သွေးအားနည်းတယ်ဆိုတာက သွေးထဲမှာ ဟေမိုဂလိုဘင်ပမာဏ ကျလာတာကို ပြောတာပါ။ ဟေမိုဂလိုဘင်က အဆုတ်ကနေရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ တစ်ရှူးတွေဆီကို သယ်ဆောင်ပေးရတာပါ။ ဟေမိုဂလိုဘင်နည်းနေတဲ့အခါ လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏ ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မရနိုင်တော့ မနိုင်ဝန်ထမ်းနေရသလို ဖြစ်လာတယ်။ ကြာလာတဲ့အခါ ပျက်စီးလာပါတယ်။

 

သွေးအားနည်းတဲ့အခါတိုင်းမှာ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်၊း ရင်တုန်ခြင်၊း ရင်ဘတ်ထဲစူးအောင့်ခြင်း၊ အစားစားချင်စိတ်မရှိခြင်၊း အိပ်မပျော်ခြင်း နဲ့ မူးလဲခြင်း စတာတွေဖြစ်လာတတ်ပါတယ်။ သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာနဲ့မဆိုင်ပါဘူး။ သွေးအားနည်းပေမယ့်လည်း သွေးပေါင်ကျချင်ကျမယ်။ တက်ချင်တက်မယ်။ ပုံမှန်ဖြစ်ချင်ဖြစ်နေမှာပါ။ သွေးအားနည်းတဲ့အခါ နှလုံးကလည်း အလုပ်ပိုလုပ်ရတော့ ကြာလာတာနဲ့ နှလုံးကြီးတာတွေ၊ နှလုံးညှစ်အားမကောင်းတာတွေ လည်းဖြစ်လာနိုင်ပါတယ်။

 

သွေးအားနည်းတဲ့ရောဂါကို သံသယရှိလာပြီဆို နည်းနေတာကိုပြန်ဖြည့်ရုံတင်မကဘဲ ဘာကြောင့်သွေးအားနည်းရတာလဲ ဆိုတာကို လိုက်ရှာပေးဖို့လိုပါတယ်။ ဒါမှ အိတ်ပေါက်နဲ့ဖားကောက်တာမဖြစ်မှာပါ။ သွေးအားနည်းတယ်ဆိုတိုင်း သံဓာတ်ဖြည့်ပေးရမယ် မဟုတ်ပါဘူး။ တစ်ခါတစ်လေ vitamin b 12 နဲ့ Folic acid ဖြည့်ပေးဖို့လိုသလို၊ တစ်ခါတစ်လေ သွေးသွင်းဖို့လည်းလိုတတ်ပါတယ်။

 

စိတ်မကောင်းစရာကြုံတိုင်း ရင်ဘတ်အောင့်တက်လာတာ၊ မူးမေ့လဲတာတွေက စိတ်ခံစားမှု ပြင်းထန်တဲ့ သူတွေမှာလည်းဖြစ်နိုင်တယ်။ နှလုံးရောဂါနဲ့ အမြဲ ဆိုင်ချင်မှ ဆိုင်ပါမယ်။ လူနာတွေမှာ အပေါ်ကပြောသလိုတွေ ခံစားနေရတယ်ဆိုရင် ငါတော့နှလုံးရောဂါများဖြစ်နေပြီလားဆိုတဲ့အတွေးကိုက စိတ်ကိုတစ်ခါထပ်ပြီး ပင်ပန်းစေပါတယ်။

 

အသက်ငယ်ငယ် နှလုံးရောဂါမဖြစ်ဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့် ဒီလိုလက္ခဏာတွေကြုံလာတိုင်း နှလုံးအားနည်းတဲ့ ရောဂါလို့ ထင်မှားနေကြတာတွေ များလာလို့ပါ။ အဓိကကတော့ စိတ်ကိုမဖိစီးအောင် အတတ်နိုင်ဆုံးလျှော့ထားပါ။ အစားအသောက်အနေအထိုင်ကို ကျန်းမာရေးနဲ့ညီညွတ်ဖို့ ကြိုးစားပါ။ လိုအပ်လာရင် အားဆေးတွေ သောက်ပါ။ နှလုံးအားနည်းတဲ့ ရောဂါဆိုတာ မရှိပေမယ့် နှလုံးအားကောင်းဖို့တော့ လူနေမှုဘဝပုံစံနဲ့ ပြုပြင်ထိန်းသိမ်းနေထိုင်သွားလို့ရပါတယ်။

Dr. CST

 

(Zawgyi)

----------

ႏွလံုးအားနည္းတာကို ဘယ္လို နားလည္ထားလဲ

ေဆးခန္းလာျပတဲ့ တစ္ခ်ိဳ႕ေသာ လူနာေတြကို တျခားဘာေရာဂါအခံရွိလဲ ေမးလိုက္တဲ့ အခါေတြမွာ ႏွလုံးအားနည္းတဲေရာဂါ ရွိတယ္ ဆိုတာေတြ ၾကားရတတ္ပါတယ္။ အမ်ားအားျဖင့္ လူငယ္ပိုင္းေတြ ေျပာတတ္ၾကတယ္။ အမ်ိဳးသားေတြလည္း ေျပာတတ္ေပမယ့္ အမ်ိဳးသမီးေတြေျပာတာ ပိုမ်ားပါတယ္။ ဘယ္လိုခံစားရလို႔လဲ လို႔ ဆက္ေမးလိုက္ေတာ့ အေမာမခံနိုင္ဘူး။ ရင္တုန္တတ္တယ္။ စိတ္မေကာင္းစရာတစ္ခုခုဆို မူးလဲမတတ္ခံစားရတယ္။ ရင္ဘတ္ထဲ ေအာင့္တက္လာတတ္တယ္ စသျဖင့္ေျပာတတ္ၾကတယ္။

 

ႏွလုံးအားနည္းတယ္ဆိုတာ ဘာေရာဂါလဲ။

ပုံမွန္အားျဖင့္ေတာ့ တိုက္ရိုက္ဘာသာျပန္ၾကည့္ရင္ ႏွလုံးအားနည္းတဲ့ ေရာဂါဆိုတာ မရွိပါဘူး။ ေသြးအားနည္းလို႔ ျဖစ္လာတဲ့ ႏွလုံးေရာဂါ ဆိုတာပဲရွိတယ္။ ေသြးအားနည္းၿပီလို႔ဆိုတိုင္းေတာ့ ႏွလုံးေရာဂါ တန္းမျဖစ္ပါဘူး။ ေသြးအားနည္းတာ ၾကာရွည္လာမွ ႏွလုံးေရာဂါ ျဖစ္ေစပါတယ္။

 

ေသြးအားနည္းတယ္ဆိုတာက ေသြးထဲမွာ ေဟမိုဂလိုဘင္ပမာဏ က်လာတာကို ေျပာတာပါ။ ေဟမိုဂလိုဘင္က အဆုတ္ကေနရႉသြင္းလိုက္တဲ့ ေအာက္ဆီဂ်င္ကို ခႏၶာကိုယ္တစ္ခုလုံးမွာရွိတဲ့ အဂၤါအစိတ္အပိုင္းေတြ တစ္ရႉးေတြဆီကို သယ္ေဆာင္ေပးရတာပါ။ ေဟမိုဂလိုဘင္နည္းေနတဲ့အခါ လုံေလာက္တဲ့ ေအာက္ဆီဂ်င္ပမာဏ ကို ခႏၶာကိုယ္အစိတ္အပိုင္းေတြက မရနိုင္ေတာ့ မနိုင္ဝန္ထမ္းေနရသလို ျဖစ္လာတယ္။ ၾကာလာတဲ့အခါ ပ်က္စီးလာပါတယ္။

 

ေသြးအားနည္းတဲ့အခါတိုင္းမွာ ျဖဴဖတ္ျဖဴေရာ္ျဖစ္ျခင္း၊ ေမာပန္းလြယ္ျခင္၊း ရင္တုန္ျခင္၊း ရင္ဘတ္ထဲစူးေအာင့္ျခင္း၊ အစားစားခ်င္စိတ္မရွိျခင္၊း အိပ္မေပ်ာ္ျခင္း နဲ႔ မူးလဲျခင္း စတာေတြျဖစ္လာတတ္ပါတယ္။ ေသြးအားနည္းတာနဲ႔ ေသြးေပါင္က်တာနဲ႔မဆိုင္ပါဘူး။ ေသြးအားနည္းေပမယ့္လည္း ေသြးေပါင္က်ခ်င္က်မယ္။ တက္ခ်င္တက္မယ္။ ပုံမွန္ျဖစ္ခ်င္ျဖစ္ေနမွာပါ။ ေသြးအားနည္းတဲ့အခါ ႏွလုံးကလည္း အလုပ္ပိုလုပ္ရေတာ့ ၾကာလာတာနဲ႔ ႏွလုံးႀကီးတာေတြ၊ ႏွလုံးညႇစ္အားမေကာင္းတာေတြ လည္းျဖစ္လာနိုင္ပါတယ္။

 

ေသြးအားနည္းတဲ့ေရာဂါကို သံသယရွိလာၿပီဆို နည္းေနတာကိုျပန္ျဖည့္႐ုံတင္မကဘဲ ဘာေၾကာင့္ေသြးအားနည္းရတာလဲ ဆိုတာကို လိုက္ရွာေပးဖို႔လိုပါတယ္။ ဒါမွ အိတ္ေပါက္နဲ႔ဖားေကာက္တာမျဖစ္မွာပါ။ ေသြးအားနည္းတယ္ဆိုတိုင္း သံဓာတ္ျဖည့္ေပးရမယ္ မဟုတ္ပါဘူး။ တစ္ခါတစ္ေလ vitamin b 12 နဲ႔ Folic acid ျဖည့္ေပးဖို႔လိုသလို၊ တစ္ခါတစ္ေလ ေသြးသြင္းဖို႔လည္းလိုတတ္ပါတယ္။

 

စိတ္မေကာင္းစရာၾကဳံတိုင္း ရင္ဘတ္ေအာင့္တက္လာတာ၊ မူးေမ့လဲတာေတြက စိတ္ခံစားမႈ ျပင္းထန္တဲ့ သူေတြမွာလည္းျဖစ္နိုင္တယ္။ ႏွလုံးေရာဂါနဲ႔ အျမဲ ဆိုင္ခ်င္မွ ဆိုင္ပါမယ္။ လူနာေတြမွာ အေပၚကေျပာသလိုေတြ ခံစားေနရတယ္ဆိုရင္ ငါေတာ့ႏွလုံးေရာဂါမ်ားျဖစ္ေနၿပီလားဆိုတဲ့အေတြးကိုက စိတ္ကိုတစ္ခါထပ္ၿပီး ပင္ပန္းေစပါတယ္။

 

အသက္ငယ္ငယ္ ႏွလုံးေရာဂါမျဖစ္ဘူးလို႔ေတာ့မဆိုလိုပါဘူး။ ဒါေပမယ့္ ဒီလိုလကၡဏာေတြၾကဳံလာတိုင္း ႏွလုံးအားနည္းတဲ့ ေရာဂါလို႔ ထင္မွားေနၾကတာေတြ မ်ားလာလို႔ပါ။ အဓိကကေတာ့ စိတ္ကိုမဖိစီးေအာင္ အတတ္နိုင္ဆုံးေလၽွာ့ထားပါ။ အစားအေသာက္အေနအထိုင္ကို က်န္းမာေရးနဲ႔ညီညြတ္ဖို႔ ႀကိဳးစားပါ။ လိုအပ္လာရင္ အားေဆးေတြ ေသာက္ပါ။ ႏွလုံးအားနည္းတဲ့ ေရာဂါဆိုတာ မရွိေပမယ့္ ႏွလုံးအားေကာင္းဖို႔ေတာ့ လူေနမႈဘဝပုံစံနဲ႔ ျပဳျပင္ထိန္းသိမ္းေနထိုင္သြားလို႔ရပါတယ္။

Dr. CST

Read times Last modified on Wednesday, 05 February 2020 18:21
Rate this item
(0 votes)