What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 30 September 2019 11:14
ရင်သားကင်ဆာအပြင် တခြားရောဂါများစွာ ပျောက်ကင်းစေတဲ့ "ကျောက်သင်ပုန်းပင်"
အလေ့ကျပေါကေ်လ့ရှိတဲ့ ကျောက်သင်ပုန်းပင်တွေဟာ အရိပ်အာဝါသကောင်းတဲ့ ဘယ်နေရာမှာမဆို အလေ့ကျပေါက်လေ့ ရှိပါတယ်။
သတိမထားမိတဲ့ ကျောက်သင်ပုန်းပင်ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်တဲ့ ထူးခြားတဲ့အာနိသင်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁)ကျောက်သင်ပုန်းပင်တွေကို အာရှနိုင်ငံအများစုမှာ ရှေးယခင်တည်းက ချောင်းဆိုးတာအပါအဝင် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ပန်းနာရင်ကျပ်ရောဂါတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ချောင်းဆိုးတဲ့အခါ သဘာဝဆေးဝါးတလက်အနေနဲ့ အသုံးပြုခဲ့ကြတာပါ။
(၂)ကျောက်သင်ပုန်းရွက်တွေကို ကျိုချက်ပြီး သဘာဝလက်ဖက်ရည်ကြမ်းအနေနဲ့ သောက်သုံးပေးခြင်းရင် ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေနဲ့ ဒူးနာ၊ခါးနာတွေကို သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် ဆီးကျင်တာ၊ ဆီးအောင့်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာစတဲ့ ဆီးကျန်းမာရေးပြဿနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။သွေးတွင်း ယူရစ်အက်ဆစ်ဓာတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ယူရစ်အက်ဆစ်ကျချင်သူတွေအတွက် သင့်တော်ပါတယ်။
(၃)ကျောက်သင်ပုန်းပင်ဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်း ရှိတာကြောင့် အရေပြားကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ မွေးကျွတ်နာ၊ ကြွက်နို့၊ဝက်ခြံ နဲ့ အရေပြားဓာတ်မတည့်ဖြစ်ကာ ယားယံတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
(၄)ရင်သားကင်ဆာ ရောဂါအတွက်လည်း အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်းနဲ့ အဖက်ကို အုံပေးရင် သက်သာပျောက်ကင်းစေပါတယ်။
(၅)ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမျိုး၊ အနာစိမ်း၊ ပြည်တည်၊ ဝက်ခြံနာ၊ အရေပြားရောဂါ အမျိုးမျိုးတို့အတွက် အရွက်ကို ကျိတ်ပြီးအနာပေါ် အုံပေး၊ လိမ်းပေးရင် ပျောက်ကင်းစေပါတယ်။
(၆)ရေယုံရာဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့ တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နဲ့အတူ ရောထောင်းပြီး ရေယုံနာပေါ်ကို တစ်ညခန့် အုံပေးနိုင်ပါတယ်။
(၇)မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ကျောက်သင်ပုန်းအရွက်ကို လက်တစ်ဆုပ်ခန့်သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ်ခပ်ပေးရင် မျက်စိနာနဲ့မျက်စိတိမ်များ ပျောက်ကင်းပါတယ်။
(Zawgyi)
-----------
(၅)ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ ပြည်တည်၊ ၀က်ခြံနာ၊ အရေပြားရောဂါ အမျိုးမျိုးတို့အတွက် အရွက်ကို ကျိတ်ပြီးအနာပေါ် အုံပေး၊ လိမ်းပေးရင် ပျောက်ကင်းစေပါတယ်။
Read times Last modified on Wednesday, 05 February 2020 12:56
Rate this item
(1 Vote)