What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 October 2019 15:16

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (ေခၚ) Urinary Tract Infection (UTI)

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းက ကေလး၊ လူႀကီး၊ က်ား/မ မေရြးအရြယ္သံုးပါးလံုးမွာျဖစ္ႏိုင္တဲ့ က်န္းမာေရးျပသနာတစ္ခုပါ။

ဆီးလမ္းေၾကာင္းတေလ်ွာက္မွာ -ခႏၶာကိုယ္ရဲ႕မလိုအပ္တဲ့အညစ္အေၾကးေတြကို ဆီးအျဖစ္စစ္ထုတ္လုပ္ေဆာင္္ေပးမယ့္ေက်ာက္ကပ္၊ -ဆီးသိုေလွာင္ရန္ဆီးအိမ္၊ ေက်ာက္ကပ္နဲ႔ဆီးအိမ္ကိုဆက္ထားတဲ့ဆီးႁပြန္ႏွင့္ ဆီးအိမ္မွခႏၶာကိုယ္ျပင္ပသို႔စြန္႔ရန္ဆီးသြားႁပြန္ စတဲ့အဂၤါအစိတ္အပိုင္းေတြပါပါတယ္။ ဒီအစိတ္အပိုင္းေတြရဲ႕ တစ္ေနရာရာမွာေရာဂါပိုးမႊားဝင္ျခင္းကို ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း(UTI) လို႔ေခၚပါတယ္။

 

UTI မွာအမ်ိဳးအစား (၂)ခု႐ွိပါတယ္။ ဆီးလမ္းေၾကာင္းေအာက္ပိုင္းပိုးဝင္ျခင္း - (ဆီးသြားႁပြန္ႏွင့္ဆီးအိမ္) ႏွင့္ ဆီးလမ္းေၾကာင္းအထက္ပိုင္းပိုးဝင္ျခင္း - (ဆီးႁပြန္ႏွင့္ေက်ာက္ကပ္) တို႔ ျဖစ္ပါတယ္။ UTI ကဘက္တီးရီးယားေရာဂါပိုးျဖစ္တဲ့ E-Coli ပိုးေၾကာင့္အျဖစ္မ်ားပါတယ္။ ဆီးသြားလမ္းေၾကာင္းႏွင့္ စအိုအနီးတဝိုက္အေရျပားေပၚမွာဒီလိုပိုးေတြ႐ွိေနတဲ့အခါ ၎တို႔မွဆီးအိမ္၊ ဆီးႁပြန္နဲ႔ေက်ာက္ကပ္အထိ ဝင္ေရာက္ႏိုင္တာပါ။

 

ျဖစ္ပြားႏိုင္ေျခမ်ားသူမ်ားကေတာ့ အမ်ိဳးသမီးမ်ားဟာအမ်ိဳးသားမ်ားထက္ ဆီးစြန္႔ရာႏွင့္စအိုဝပိုနီးကပ္ၿပီးဆီးသြားလမ္းေၾကာင္းပိုတိုလို႔ ပိုးမႊားဝင္ဖို႔အခြင့္အလမ္းပိုမ်ားပါတယ္။ လိင္ဆက္ဆံမႈမ်ားသူမ်ား ၊အမ်ိဳးသမီးသံုးကြန္ဒံုးႏွင့္ သုတ္ေကာင္ေသေဆးေတြ အသံုးမ်ားသူမ်ား၊ ေသြးဆံုးၿပီးအမ်ိဳးသမီးမ်ားမွာေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ အမ်ိဳးသမီးအဂၤါလမ္းေၾကာင္း ေျခာက္ေသြ႔ယားယံတတ္ၿပီး ဆီးပိုးဝင္ေရာက္မႈမ်ားတတ္ပါတယ္။

 

ကိုယ္ဝန္ေဆာင္ခ်ိန္မွာလည္း ကိုယ္ဝန္ကဆီးအိမ္ကိုဖိထားမိလို႔ ဆီးေအာင့္သလိုဆီးက်န္႐ွိတတ္ျခင္းေၾကာင့္ ပိုးဝင္ႏိုင္ေျခပိုမ်ားပါတယ္။ ဆီးေအာင့္ထားတာမ်ားတတ္သူမ်ား၊ ကိုယ္ခံအားနည္းေနတတ္ေသာနာတာ႐ွည္ေရာဂါ႐ွင္မ်ား (ဆီးခ်ိဳေရာဂါ၊ ေလျဖတ္လူနာမ်ားစသျဖင့္) ၊ ဆီးလမ္းေၾကာင္းပံုမွန္မဟုတ္သူမ်ား (ဥပမာ- ဆီးအိမ္မွာအိတ္ငယ္အပိုပါလာသူမ်ား၊ ဆီးလမ္းေၾကာင္းေက်ာက္တည္ျခင္း၊ ခြဲစိတ္ဖူးျခင္းႏွင့္ ဆီးပိုက္ထည့္ထားတဲ့လူနာမ်ား) မွာအျဖစ္မ်ားတတ္ပါတယ္။

 

ေရာဂါလကၡဏာမ်ားကေတာ့ ဆီးမၾကာခဏသြားခ်င္ေပမယ့္ သြားလိုက္တဲ့အခါဆီးနည္းနည္းေလးပဲထြက္ၿပီး ပူစပ္ပူေလာင္ခံစားရျခင္း၊ ဆီးမထိန္းႏိုင္ျခင္း၊ ဆီးနံ႔ပိုနံျခင္း ၊ေသြး (သို႔) ျပည္ ပါလာတတ္ျခင္း ၊ ကိုယ္အပူခ်ိန္တက္ျခင္း၊ ခ်မ္းတုန္ျခင္း၊ ဆီးပိုးမ်ားေၾကာင့္ဆီးလမ္းေၾကာင္းတေလ်ွာက္ေရာင္ရမ္းမႈျဖစ္ၿပီး ဗိုက္ေအာက္ပိုင္းနာက်င္ကိုက္ခဲျခင္း၊ ေက်ာက္ကပ္အထိပိုးဝင္သြားပါက ခါး၊ ေက်ာကုန္းႏွင့္ တင္ပဆံုနာျခင္းတို႔႐ွိတတ္ပါတယ္။

ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား ဖတ္ရႈရန္ ႏွိပ္ပါ

ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား

 

ကေလးငယ္မ်ားမွာျဖစ္ပါက ႏို႔စို႔နည္းျခင္း၊ အန္ျခင္း ၊ဆီးေပါက္ခ်ိန္တြင္ငိုျခင္း၊ ဆီးသြားတဲ့အႀကိမ္ေရမ်ားလာေပမယ့္ ပမာဏနည္းသြားျခင္းတို႔ပါ႐ွိတတ္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းက ေနာက္ဆက္တြဲဆိုးက်ိဳးဝင္တာေတာ့အျဖစ္နည္းပါတယ္။ ဆိုးက်ိဳးဝင္ၿပီဆိုရင္ေတာ့ ေက်ာက္ကပ္အလုပ္မလုပ္ဘဲပ်က္စီးႏိုင္တဲ့အထိဆိုးတတ္ပါတယ္။ ကိုယ္ခံအားနည္းသူမ်ား၊ နာတာရွည္ေဝဒနာ႐ွင္မ်ားမွာျဖစ္တတ္တာမို႔သတိျပဳထားသင့္ပါတယ္။

 

စမ္းသပ္စစ္ေဆးျခင္းမ်ားအေနျဖင့္ ဆီးဓာတ္ခြဲစစ္ျခင္း (Urinalysis) ႏွင့္ဆီးပိုးေမြးျမဴျခင္း (Urine Culture) (ဆီးနမူနာယူပါက ဆီးေပါက္ခ်ိန္အလယ္တြင္သြားေသာဆီးကိုသာခံယူရပါမယ္။) ၊ ဝမ္းဗိုက္တယ္လီေဗး႐ွင္းဓာတ္မွန္႐ိုက္ျခင္း (Ultrasound Abdomen & Pelvis) ႏွင့္ CT Abdomen တို႔ပါလိုအပ္ပါက႐ိုက္ကူးစစ္ေဆးႏိုင္ပါတယ္။

 

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကုသရာတြင္ ပိုးသတ္ေဆးမ်ားအျဖစ္ Ampicillin, Cefixime, Ciprofloxacin, Levofloxacin, Sulphamethoxazole-Trimethoprim, Doxycycline, Fosfomycin (or) Nitrofurantoin တို႔ကိုအသံုးမ်ားပါတယ္။ အကိုက္အခဲေပ်ာက္ေဆးမ်ားလည္းလိုအပ္ပါကတြဲေသာက္ရပါတယ္။

 

သာမန္ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (Simple UTI) ကေဆးေသာက္ရံုျဖင့္ (၇) ရက္ ဝန္းက်င္အတြင္း ေပ်ာက္ပါတယ္။ ေရာဂါအေနအထားအလိုက္ ဒီထက္ပိုၾကာၾကာကုရတာမ်ိဳးလဲ႐ွိပါတယ္။ ေဆးစေသာက္ရံုနဲ႔ ေရာဂါလကၡဏာေတြက စသက္သာတတ္ပါမယ္။ ဒါေပမယ့္ေဆးကိုမိမိသေဘာအရ ရပ္တန္႔တာမ်ိဳးမလုပ္ဘဲ ေဆးပတ္လည္ေအာင္အျပည့္ေသာက္ရပါမယ္။ ဆီးပိုးတစ္ေကာင္ေလာက္က်န္ေနရင္ေတာင္ ျပန္္ျဖစ္တတ္တဲ့ေရာဂါပါ။

 

ျပင္းထန္တဲ့ေနာက္ဆက္တြဲဆိုးက်ိဳးေတြပါ႐ွိတဲ့ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (Complicated UTI) ဆိုရင္ေတာ့ ေသာက္ေဆးရက္ျပည့္ၿပီးခ်ိန္မွာ ဆီးပိုး႐ွိမ႐ွိျပန္လည္ေမြးျမဴစစ္ၾကည့္ရပါတယ္။ ပိုး႐ွိေနေသးရင္ ေဆးေျပာင္းျခင္း၊ ပမာဏႏွင့္အခ်ိန္ကာလထပ္တိုးေသာက္ျခင္းႏွင့္ ပိုးသတ္ေဆးထိုးျခင္း စတာေတြ ထပ္လုပ္ၿပီးပိုးကင္းစင္တဲ့အထိကုသမႈခံရပါတယ္။

 

အခ်ိန္မီကုသႏိုင္လ်ွင္ပကတိျပန္ေကာင္းၿပီးေရ႐ွည္မွာ ဆိုးက်ိဳးမ႐ွိႏိုင္ေတာ့ပါဘူး။ ကေလးအရြယ္မွာဆီးလမ္းေၾကာင္းပိုးဝင္ျခင္း မၾကာခဏျဖစ္ခဲ့ၿပီး ေသခ်ာမကုခဲ့ပါက ေက်ာက္ကပ္အနာရြတ္ျဖစ္တတ္ၿပီးလူႀကီးျဖစ္ခ်ိန္တြင္ေသြးတိုးေရာဂါရလြယ္ႏိုင္ပါတယ္။

 

ကာကြယ္ျခင္းႏွင့္ေဆာင္ရန္ေ႐ွာင္ရန္လိုအပ္တာကေတာ့ တကိုယ္ေရသန္႔႐ွင္းေရးအေလးထားျပီးဆီးဝမ္းလမ္းေၾကာင္းမ်ားစိုစြတ္မႈမ႐ွိေနေအာင္ဂ႐ုစိုက္ရန္၊ အတြင္းခံမ်ားကိုေခြၽးစုပ္ၿပီးသက္ေတာင့္သက္သာ႐ွိေစမယ့္ခ်ည္သားမ်ိဳးကိုဝတ္ဆင္ပါရန္ ၊ ကေလးတြင္ျဖစ္ပါက ေသးခံ၊ ဝမ္းခံမ်ားကို ယခင္ထက္ပိုဂ႐ုစိုက္ၿပီးမၾကာခဏလဲလွယ္ေပးရန္၊ ဆီးကိုမၾကာခဏသြားေပးျခင္းျဖင့္ ဆီးအိမ္ကို႐ွင္းလင္းရန္၊ ဝမ္းသြားၿပီးသန႔္စင္ရာတြင္ ေ႐ွ႕ဘက္မွေနာက္ဘက္သို႔သာပြတ္တိုက္သန္႔စင္ေပးပါ။ ေနာက္မွေ႐ွ႕သို႔သန္႔စင္မိပါက ဝမ္းသြားတဲ့ဘက္မွပိုးမႊားမ်ား ဆီးလမ္းေၾကာင္းထိပ္သို႔ေရာက္လာႏိုင္လို႔ပါ။

 

လိင္ဆက္ဆံမႈမျပဳမီႏွင့္ ျပဳၿပီးခ်ိန္တိုင္းတြင္ဆီးသြားေပးၿပီး သန္႔႐ွင္းမႈျပဳေပးပါရန္၊ ေရာဂါလကၡဏာမ်ားရွိေနခ်ိန္ႏွင့္ ကုသေနခ်ိန္အတြင္းလိင္ဆက္ဆံမႈျပဳပါက အကာအကြယ္ပစၥည္း(ကြန္ဒံုး)မျဖစ္မေနသံုးေပးပါရန္။ ေရမ်ားမ်ားေသာက္ေပးပါ။ (ေန႔စဥ္အနည္းဆံုး ၂လီတာ(သို႔) ေရဖန္ခြက္ (၈) ခြက္စာ) ၊ အသီးေဖ်ာ္ရည္မ်ားထဲတြင္ Cranberry ၊ Blueberry ေဖ်ာ္ရည္မ်ားက ဆီးပိုးမ်ားမဝင္ေရာက္ႏိုင္ေအာင္ကာကြယ္စြမ္းျမင့္တာမို႔ ေရြးျခယ္ေသာက္သံုးေပးသင့္ပါတယ္။

 

ေ႐ွာင္ၾကဥ္သင့္တာေတြကေတာ့ အရက္၊ ဘီယာ ႏွင့္ alcohol ပါဝင္ေသာအရည္မ်ား၊ Caffeine ဓာတ္ပါေသာ ေကာ္ဖီ ၊လက္ဖက္ရည္ႏွင့္ ကာဗြန္ပါေသာပုလင္း၊ သံဘူးအခ်ိဳရည္မ်ား၊ အပူအစပ္စာမ်ားစတာေတြက ဆီးလမ္းေၾကာင္းကိုလံႈ့ေဆာ္ေပးၿပီး ပိုးဝင္တဲ့အခ်ိန္မွာပိုဆိုးေစတတ္လို႔ ေဝဒနာခံစားေနရခ်ိန္နဲ႔ ကုသေနခ်ိန္မွာဒီလိုအစားအေသာက္ေတြကိုေ႐ွာင္ၾကဥ္ေပးသင့္ပါတယ္။

 

Asia Royal Hospital

{Unicode}

======

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ခေါ်) Urinary Tract Infection (UTI)

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ကလေး၊ လူကြီး၊ ကျား/မ မရွေးအရွယ်သုံးပါးလုံးမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြသနာတစ်ခုပါ။ ဆီးလမ်းကြောင်းတလျှောက်မှာ -ခန္ဓာကိုယ်ရဲ့မလိုအပ်တဲ့အညစ်အကြေးတွေကို ဆီးအဖြစ်စစ်ထုတ်လုပ်ဆောင်ပေးမယ့်ကျောက်ကပ်၊ -ဆီးသိုလှောင်ရန်ဆီးအိမ်၊ ကျောက်ကပ်နဲ့ဆီးအိမ်ကိုဆက်ထားတဲ့ဆီးပြွန်နှင့် ဆီးအိမ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ရန်ဆီးသွားပြွန် စတဲ့အင်္ဂါအစိတ်အပိုင်းတွေပါပါတယ်။ ဒီအစိတ်အပိုင်းတွေရဲ့ တစ်နေရာရာမှာရောဂါပိုးမွှားဝင်ခြင်းကို ဆီးလမ်းကြောင်းပိုးဝင်ခြင်း(UTI) လို့ခေါ်ပါတယ်။

 

UTI မှာအမျိုးအစား (၂)ခုရှိပါတယ်။ ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း - (ဆီးသွားပြွန်နှင့်ဆီးအိမ်) နှင့် ဆီးလမ်းကြောင်းအထက်ပိုင်းပိုးဝင်ခြင်း - (ဆီးပြွန်နှင့်ကျောက်ကပ်) တို့ ဖြစ်ပါတယ်။ UTI ကဘက်တီးရီးယားရောဂါပိုးဖြစ်တဲ့ E-Coli ပိုးကြောင့်အဖြစ်များပါတယ်။ ဆီးသွားလမ်းကြောင်းနှင့် စအိုအနီးတဝိုက်အရေပြားပေါ်မှာဒီလိုပိုးတွေရှိနေတဲ့အခါ ၎င်းတို့မှဆီးအိမ်၊ ဆီးပြွန်နဲ့ကျောက်ကပ်အထိ ဝင်ရောက်နိုင်တာပါ။

 

ဖြစ်ပွားနိုင်ခြေများသူများကတော့ အမျိုးသမီးများဟာအမျိုးသားများထက် ဆီးစွန့်ရာနှင့်စအိုဝပိုနီးကပ်ပြီးဆီးသွားလမ်းကြောင်းပိုတိုလို့ ပိုးမွှားဝင်ဖို့အခွင့်အလမ်းပိုများပါတယ်။ လိင်ဆက်ဆံမှုများသူများ ၊အမျိုးသမီးသုံးကွန်ဒုံးနှင့် သုတ်ကောင်သေဆေးတွေ အသုံးများသူများ၊ သွေးဆုံးပြီးအမျိုးသမီးများမှာဟော်မုန်းအပြောင်းအလဲကြောင့် အမျိုးသမီးအင်္ဂါလမ်းကြောင်း ခြောက်သွေ့ယားယံတတ်ပြီး ဆီးပိုးဝင်ရောက်မှုများတတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကိုယ်ဝန်ကဆီးအိမ်ကိုဖိထားမိလို့ ဆီးအောင့်သလိုဆီးကျန်ရှိတတ်ခြင်းကြောင့် ပိုးဝင်နိုင်ခြေပိုများပါတယ်။ ဆီးအောင့်ထားတာများတတ်သူများ၊ ကိုယ်ခံအားနည်းနေတတ်သောနာတာရှည်ရောဂါရှင်များ (ဆီးချိုရောဂါ၊ လေဖြတ်လူနာများစသဖြင့်) ၊ ဆီးလမ်းကြောင်းပုံမှန်မဟုတ်သူများ (ဥပမာ- ဆီးအိမ်မှာအိတ်ငယ်အပိုပါလာသူများ၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ ခွဲစိတ်ဖူးခြင်းနှင့် ဆီးပိုက်ထည့်ထားတဲ့လူနာများ) မှာအဖြစ်များတတ်ပါတယ်။

 


ရောဂါလက္ခဏာများကတော့ ဆီးမကြာခဏသွားချင်ပေမယ့် သွားလိုက်တဲ့အခါဆီးနည်းနည်းလေးပဲထွက်ပြီး ပူစပ်ပူလောင်ခံစားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးနံ့ပိုနံခြင်း ၊သွေး (သို့) ပြည် ပါလာတတ်ခြင်း ၊ ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးပိုးများကြောင့်ဆီးလမ်းကြောင်းတလျှောက်ရောင်ရမ်းမှုဖြစ်ပြီး ဗိုက်အောက်ပိုင်းနာကျင်ကိုက်ခဲခြင်း၊ ကျောက်ကပ်အထိပိုးဝင်သွားပါက ခါး၊ ကျောကုန်းနှင့် တင်ပဆုံနာခြင်းတို့ရှိတတ်ပါတယ်။

 

နေပူပူမှာ ရင်အေးစေမယ့် ရေဓာတ်ဖြည့်အစားအစာများ ဖတ်ရှုရန် နှိပ်ပါ

ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား


ကလေးငယ်များမှာဖြစ်ပါက နို့စို့နည်းခြင်း၊ အန်ခြင်း ၊ဆီးပေါက်ချိန်တွင်ငိုခြင်း၊ ဆီးသွားတဲ့အကြိမ်ရေများလာပေမယ့် ပမာဏနည်းသွားခြင်းတို့ပါရှိတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက နောက်ဆက်တွဲဆိုးကျိုးဝင်တာတော့အဖြစ်နည်းပါတယ်။ ဆိုးကျိုးဝင်ပြီဆိုရင်တော့ ကျောက်ကပ်အလုပ်မလုပ်ဘဲပျက်စီးနိုင်တဲ့အထိဆိုးတတ်ပါတယ်။ ကိုယ်ခံအားနည်းသူများ၊ နာတာရှည်ဝေဒနာရှင်များမှာဖြစ်တတ်တာမို့သတိပြုထားသင့်ပါတယ်။

 

စမ်းသပ်စစ်ဆေးခြင်းများအနေဖြင့် ဆီးဓာတ်ခွဲစစ်ခြင်း (Urinalysis) နှင့်ဆီးပိုးမွေးမြူခြင်း (Urine Culture) (ဆီးနမူနာယူပါက ဆီးပေါက်ချိန်အလယ်တွင်သွားသောဆီးကိုသာခံယူရပါမယ်။) ၊ ဝမ်းဗိုက်တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (Ultrasound Abdomen & Pelvis) နှင့် CT Abdomen တို့ပါလိုအပ်ပါကရိုက်ကူးစစ်ဆေးနိုင်ပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသရာတွင် ပိုးသတ်ဆေးများအဖြစ် Ampicillin, Cefixime, Ciprofloxacin, Levofloxacin, Sulphamethoxazole-Trimethoprim, Doxycycline, Fosfomycin (or) Nitrofurantoin တို့ကိုအသုံးများပါတယ်။ အကိုက်အခဲပျောက်ဆေးများလည်းလိုအပ်ပါကတွဲသောက်ရပါတယ်။

 

သာမန်ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Simple UTI) ကဆေးသောက်ရုံဖြင့် (၇) ရက် ဝန်းကျင်အတွင်း ပျောက်ပါတယ်။ ရောဂါအနေအထားအလိုက် ဒီထက်ပိုကြာကြာကုရတာမျိုးလဲရှိပါတယ်။ ဆေးစသောက်ရုံနဲ့ ရောဂါလက္ခဏာတွေက စသက်သာတတ်ပါမယ်။ ဒါပေမယ့်ဆေးကိုမိမိသဘောအရ ရပ်တန့်တာမျိုးမလုပ်ဘဲ ဆေးပတ်လည်အောင်အပြည့်သောက်ရပါမယ်။ ဆီးပိုးတစ်ကောင်လောက်ကျန်နေရင်တောင် ပြန်ဖြစ်တတ်တဲ့ရောဂါပါ။

 

ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေပါရှိတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Complicated UTI) ဆိုရင်တော့ သောက်ဆေးရက်ပြည့်ပြီးချိန်မှာ ဆီးပိုးရှိမရှိပြန်လည်မွေးမြူစစ်ကြည့်ရပါတယ်။ ပိုးရှိနေသေးရင် ဆေးပြောင်းခြင်း၊ ပမာဏနှင့်အချိန်ကာလထပ်တိုးသောက်ခြင်းနှင့် ပိုးသတ်ဆေးထိုးခြင်း စတာတွေ ထပ်လုပ်ပြီးပိုးကင်းစင်တဲ့အထိကုသမှုခံရပါတယ်။

 

အချိန်မီကုသနိုင်လျှင်ပကတိပြန်ကောင်းပြီးရေရှည်မှာ ဆိုးကျိုးမရှိနိုင်တော့ပါဘူး။ ကလေးအရွယ်မှာဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်ခဲ့ပြီး သေချာမကုခဲ့ပါက ကျောက်ကပ်အနာရွတ်ဖြစ်တတ်ပြီးလူကြီးဖြစ်ချိန်တွင်သွေးတိုးရောဂါရလွယ်နိုင်ပါတယ်။

 

ကာကွယ်ခြင်းနှင့်ဆောင်ရန်ရှောင်ရန်လိုအပ်တာကတော့ တကိုယ်ရေသန့်ရှင်းရေးအလေးထားပြီးဆီးဝမ်းလမ်းကြောင်းများစိုစွတ်မှုမရှိနေအောင်ဂရုစိုက်ရန်၊ အတွင်းခံများကိုချွေးစုပ်ပြီးသက်တောင့်သက်သာရှိစေမယ့်ချည်သားမျိုးကိုဝတ်ဆင်ပါရန် ၊ ကလေးတွင်ဖြစ်ပါက သေးခံ၊ ဝမ်းခံများကို ယခင်ထက်ပိုဂရုစိုက်ပြီးမကြာခဏလဲလှယ်ပေးရန်၊ ဆီးကိုမကြာခဏသွားပေးခြင်းဖြင့် ဆီးအိမ်ကိုရှင်းလင်းရန်၊ ဝမ်းသွားပြီးသန့်စင်ရာတွင် ရှေ့ဘက်မှနောက်ဘက်သို့သာပွတ်တိုက်သန့်စင်ပေးပါ။ နောက်မှရှေ့သို့သန့်စင်မိပါက ဝမ်းသွားတဲ့ဘက်မှပိုးမွှားများ ဆီးလမ်းကြောင်းထိပ်သို့ရောက်လာနိုင်လို့ပါ။

 

လိင်ဆက်ဆံမှုမပြုမီနှင့် ပြုပြီးချိန်တိုင်းတွင်ဆီးသွားပေးပြီး သန့်ရှင်းမှုပြုပေးပါရန်၊ ရောဂါလက္ခဏာများရှိနေချိန်နှင့် ကုသနေချိန်အတွင်းလိင်ဆက်ဆံမှုပြုပါက အကာအကွယ်ပစ္စည်း(ကွန်ဒုံး)မဖြစ်မနေသုံးပေးပါရန်။ ရေများများသောက်ပေးပါ။ (နေ့စဉ်အနည်းဆုံး ၂လီတာ(သို့) ရေဖန်ခွက် (၈) ခွက်စာ) ၊ အသီးဖျော်ရည်များထဲတွင် Cranberry ၊ Blueberry ဖျော်ရည်များက ဆီးပိုးများမဝင်ရောက်နိုင်အောင်ကာကွယ်စွမ်းမြင့်တာမို့ ရွေးခြယ်သောက်သုံးပေးသင့်ပါတယ်။

 

ရှောင်ကြဉ်သင့်တာတွေကတော့ အရက်၊ ဘီယာ နှင့် alcohol ပါဝင်သောအရည်များ၊ Caffeine ဓာတ်ပါသော ကော်ဖီ ၊လက်ဖက်ရည်နှင့် ကာဗွန်ပါသောပုလင်း၊ သံဘူးအချိုရည်များ၊ အပူအစပ်စာများစတာတွေက ဆီးလမ်းကြောင်းကိုလှုံ့ဆော်ပေးပြီး ပိုးဝင်တဲ့အချိန်မှာပိုဆိုးစေတတ်လို့ ဝေဒနာခံစားနေရချိန်နဲ့ ကုသနေချိန်မှာဒီလိုအစားအသောက်တွေကိုရှောင်ကြဉ်ပေးသင့်ပါတယ်။

Read times
Rate this item
(2 votes)