What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 October 2019 15:55

ႏွလုံးေရာဂါ ထမေဖာက္ခင္ တစ္လအလိုေလာက္မွာ ျဖစ္ေပၚလာတတ္တဲ့ လကၡဏာ ( ၆ ) ခု

အေနာက္နိုင္ငံေတြမွာေသဆုံးမႈအ ေၾကာင္းအရင္းေတြထဲမွာႏွလုံးေရာဂါထေဖာက္တာကလည္းထိပ္ဆုံးအ ေၾကာင္းရင္းေတြထဲကတစ္ခုျဖစ္ပါတယ္။

UK မွာဆိုရင္ေတာ့နံပါတ္တစ္လူသတ္သမားဆိုရင္လည္းမမွားပါဘူး။ UK မွာႏွစ္တိုင္းလိုလိုလူေပါင္း ၁၆၀,၀၀၀ ကႏွလုံးေရာဂါေၾကာင့္ေသဆုံးၾကရတာပါ။ ဒါေၾကာင့္လည္းသင့္မွာႏွလုံးေရာဂါရွိေနရင္ ႏွလုံး ေရာဂါထေဖာက္မယ့္လကၡဏာေတြကိုသိထားဖို႔အေရးႀကီးပါတယ္။

 

ဒီအခ်က္ကိုသိထားမယ္ဆိုရင္သင့္အသက္ကိုကယ္တာပါလို ႔ေျ ပာလည္းမမွားပါဘူး။လူေတာ္ေတာ္မ်ားမ်ားကေတာ့ႏွလုံးေရာဂါထေဖာက္တယ္ဆိုတာက႐ုတ္တရက္ျဖစ္တာပါလို႔ထင္ၾကေပမယ့္ကိစၥေတာ္ေတာ္မ်ားမ်ားမွာေတာ့ တစ္ကယ္ထမေဖာက္ခင္ရက္သတၱေပါင္းမ်ားစြာလကၡဏာျပတာမ်ိဳးေတြရွိပါတယ္။ႏွလုံးေရာဂါထေဖာက္တဲ့ လကၡဏာေတြကို သိထားမယ္ဆိုရင္ေတာ့လူ႕အသက္ေပါင္းမ်ားစြာကို ကယ္တင္နိုင္မွာ ျဖစ္ပါတယ္။

 

လကၡဏာမ်ား

သင္ႏွလုံးေရာဂါထေဖာက္ေတာ့မယ္ဆိုရင္ႏွလုံးအလုပ္လုပ္တာကပုံမမွန္တာေၾကာင့္သင့္ကိုယ္တြင္းမွာေသြးေတြကိုႏွလုံးကမလႊတ္ေတာ့ပါဘူး။ ဒီလို ႏွလုံးအလုပ္လုပ္တာ ပုံမမွန္တာေတြက တစ္ခါတစ္ေလမွာေသြးေၾကာခဲေနလို႔ျဖစ္တာပါ။ ႏွလုံးေရာဂါထေဖာက္ေတာ့မယ့္ လူေတြကရက္သတၱပတ္အေတာ္ၾကာေအာင္ ရင္ဘတ္ေအာင့္တာေတြ အသက္ရႈမဝတာေတြ ေအာ့အန္တာေတြမူးေဝတာေတြ ခ်ိနဲ႕ေနတာေတြနဲ႕ ရင္တုန္ပန္းတုန္တာေတြကိုခံစားရပါတယ္။

 

ဒီလိုမ်ိဳးခံစားရတာေတြကလည္းတစ္ျခားအ ေၾကာင္းရင္းတစ္ခုခုေၾကာင့္ျဖစ္နိုင္ပါတယ္ (အေအးမိတဲ့လူေတြမွာလည္း အသက္ရႈမဝတာေတြရွိတတ္ပါတယ္)။ ါေပမယ့္ ဒီလကၡဏာအားလုံးစုၿပီး ခံစားေနရၿပီဆိုရင္ေတာ့ ႏွလုံးကထေဖာက္ေတာ့မယ္ဆိုတာကို ၫႊန္ျပေနပါတယ္။ သင္ေရာခုနကေျပာခဲ့တဲ့လကၡဏာတစ္ခု ဒါမွမဟုတ္တစ္ခ်ိဳ႕တစ္ေလကိုခံစားမိေနၿပီလား။ဒါဆိုရင္ေတာ့ဆရာဝန္သြားျပသင့္ၿပီေနာ္။

 

အသံတိတ္ႏွလုံးေရာဂါထေဖာက္ျခင္း

ႏွလုံးေရာဂါထေဖာက္တဲ့ကိစၥတစ္ဝက္ေလာက္ကသတိမထားမိပဲျဖစ္သြားတယ္ဆိုတာသင္သိပါသလား။သင္ဟာ ႏွလုံးေရာဂါေၾကာင့္ ေသဖို႔ရာႏႈန္းသုံးဆထက္မ်ားတာမ်ိဳးတို႔ သင့္မွာအသံတိတ္ ႏွလုံးေရာဂါထေဖာက္တာမ်ိဳးရွိဖူးတယ္ဆိုရင္ေတာ့ ဒီကိစၥကေတာ့စိုးရိမ္စရာျဖစ္ေနမွာပဲ။ လူေတာ္ေတာ္မ်ားမ်ားကႏွလုံးထေဖာက္ၿပီဆိုရင္ အရမ္းကိုနာက်င္ၿပီး ပင့္သက္ရႈေနတာမ်ိဳးကိုပဲေတြးမိၾကပါတယ္။

 

ဒါေပမယ့္လည္းႏွလုံးေရာဂါထေဖာက္တာကလုံးဝကိုသတိမထားမိပဲျဖစ္သြားနိုင္ပါတယ္။ပုံမွန္ထက္နည္းနည္းပိုပင္ပန္းၿပီးႏွလုံးတုန္တာမ်ိဳးေတြ ေခြၽးေတြအရမ္းက်လာတာမ်ိဳးေတြခံစားရတတ္ပါတယ္။ဒါေပမယ့္လည္း ဒီလကၡဏာမ်ိဳးကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္တတ္တာပဲႏွလုံးေရာဂါတစ္ခုတည္းမွာပဲျဖစ္လာတာမ်ိဳးမဟုတ္ဘူးေလ။အဲ့ဒါေၾကာင့္ပိုစိုးရိမ္စရာျဖစ္လာတာေပါ့။

 

သံတိတ္ေရာဂါလကၡဏာမ်ား

သင္အသံတိတ္ႏွလုံးေရာဂါေဖာက္တာကိုသတိထားမိမွာမဟုတ္ပါဘူး။ဒါေပမယ့္ရိုးရိုးရွင္းရွင္းပင္ပန္းတာမဟုတ္ပဲပိုၿပီးဆိုးဝါးတဲ့ေရာဂါျပသနာကိုၫႊန္ျပေနတဲ့လကၡဏာေတြအမ်ားႀကိးရွိပါတယ္။အခုဆက္ေျပာေတာ့မယ့္ေရာဂါလ ကၡဏာေတြကိုခံစားရၿပီဆိုရင္ေတာ့သတိထားပါ။သင္စိတ္ပူေနတယ္ဆိုရင္ ဆရာဝန္နဲ႕တိုင္ပင္ေဆြးေႏြးပါ။ ေရာဂါလကၡဏာေတြကေတာ့ ရင္ဘတ္မွာတင္းတင္းက်ပ္က်ပ္ခံစားရတာမ်ိဳးတို႔ ရင္ဘတ္ကိုညွစ္ထားသလိုမ်ိဳးခံစားရျခင္း အဲ့ခံစားရတာေတြက လည္ပင္း၊ ေမးရိုးနဲ႕ ေနာက္ေက်ာေတြအထိပါျပန္ႏွံ႕သြားနိုင္ပါတယ္။

 

ေဇာေခြၽးျပန္ျခင္း ၊ ေအာ့အန္ျခင္း၊ ပ်ိဳ႕တက္ျခင္း ၊ ဝမ္းဗိုက္အေပၚဘက္နာက်င္မႈခံစားရျခင္း ၊ ပခုံးႏွစ္ဘက္ၾကား နာက်င္မႈခံစားရျခင္း ၊ အသက္ရႈမဝျခင္း ၊ အလြန္အမင္းပင္ပန္းႏြမ္းနယ္ျခင္း ၊ မူးေဝျခင္း ၊ စိုးရိမ္မႈမ်ား မနားမေနခံစားရျခင္း ၊ အသက္ရႈႏႈန္းျမန္လာျခင္း တို႔ပဲျဖစ္ပါတယ္။

 

အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ ႏွလုံး ေရာဂါလကၡဏာေတြကအမ်ိဳးသားေတြအတြက္ႏွလုံးေရာဂါလကၡဏာေတြထက္စာရင္မရွင္းမလင္းျဖစ္တတ္ပါတယ္။ ႏွလုံးေရာဂါလကၡဏာေတြက တစ္ခါတစ္ေလေသြးဆုံးခ်ိန္လကၡဏာေတြနဲ႕ ေရာေထြးေနတတ္ပါတယ္။ ႏွလုံးေရာဂါျဖစ္ပြားေစတဲ့အေရးႀကီးအေၾကာင္းရင္းေတြကေတာ့မ်ိဳးရိုးလိုက္ျခင္း၊ေသြးဖိအားမ်ားျခင္း၊အဝလြန္ျခင္း၊ဖိအားမ်ားျခင္း၊ ေလ့က်င့္ခန္းပုံမွန္မလုပ္ျခင္းန်င့္ ေဆးလိပ္ေသာက္ျခင္းတို႔ျဖစ္ပါတယ္။

 

အမ်ိဳးသားေတြလိုပဲအမ်ိဳးသမီးေတြရဲ႕ရင္ဘတ္မွာတင္းက်ပ္သလိုခံစားရတာေတြညွစ္ထားတဲ့နာက်င္မႈေတြကိုခံစားရၿပီးအဲ့နာက်င္မႈေတြကလက္ေမာင္းအေပၚဘက္၊လည္ပင္း၊ေမးရိုး၊ေနာက္ေက်ာနဲ႕ ဝမ္းဗိုက္ဧရိယာအထိပါပ်ံ့ႏွံ႕သြားနိုင္ပါတယ္။အဲ့လိုနာက်င္မႈေတြကို ၅မိနစ္ထက္ပိုၿပီးခံစားလာရၿပီးေဇာေခြၽးျပန္ျခင္း၊ေအာ့အန္ျခင္းနဲ႕ ပ်ိဳ႕တက္ျခင္းကိုပါ ေနာက္ဆက္တြဲခံစားရလာနိုင္ပါတယ္။

 

ဒါေပမယ့္လည္းအမ်ိဳးသမီးေတြက ‘အသံတိတ္ေရာဂါလကၡဏာ’ဆိုတဲ့ေခါင္းစဥ္ေအာက္မွာေဖာ္ျပထားတဲ့ လကၡဏာေတြအျပင္တစ္ျခားလကၡဏာေတြကိုပါခံစားရတတ္ပါတယ္။ဆက္ေျပာမယ့္ႏွလုံးေရာဂါကိုေဖာ္ျပေနတဲ့ ေရာဂါလကၡဏာေတြကိုခံစားရၿပီဆိုရင္ေတာ့ မေပ့ါဆသင့္ေတာ့ပါဘူး။

 

အျမင္အာ႐ုံ ႐ုတ္တရက္ဆုံးရႈံးျခင္း - ဒါမွမဟုတ္ႏွစ္ထပ္ျမင္ရျခင္းဒါမွမဟုတ္ မႈန္ဝါးဝါးျမင္ရျခင္းအေပၚမွာေျပာထားတဲ့အခ်က္ေတြထဲကတစ္ခုခုကိုခံစားရၿပီဆိုရင္ေတာ့အေရးေပၚကို ခ်က္ခ်င္းပဲသြားဖို႔အႀကံေပးခ်င္ပါတယ္။

 

ေျခေထာက္ေဖာေယာင္ျခင္း - ေျခေထာက္ကေဖာေယာင္လာတာမ်ိဳးတို႔နာက်င္တာမ်ိဳးတို႔ခံစားရတာက ေသြး ျပန္ေၾကာမွာ ေသြးခဲေနတာကိုေဖာ္ျပေနတာပါ။ဒီျပသနာကႏွလုံးကထြက္လာတဲ့ေသြးျပန္ေၾကာကိုပါေသြးခဲမႈျဖစ္ေစမွာပါ။ခ်က္ခ်င္းပဲဆရာဝန္ကိုေခၚလိုက္ပါ။

 

မ်က္ခြံအေရာင္ေျပာင္းျခင္းမ်က္ခြံကအဝါေရာင္ေၾကာင္းလာတာေတြဒါမွမဟုတ္မ်က္ခြံနားမွာအဝါေရာင္အကြက္ေတြ႕ရတယ္ဆိုရင္ေတာ့ကိုလက္စထေရာပမာဏျမင့္တက္တာကိုေဖာ္ျပေနတာပါ။ ကိုလက္စထေရာျမင့္တက္လာရင္ႏွလုံးေရာဂါျဖစ္ႏႈန္းကလည္းျမင့္လာနိုင္ပါတယ္။ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ဆရာဝန္ေခၚၿပီးကိုလက္စထေရာပမာဏကိုစစ္ေဆးၾကည့္ပါ။

 

အနီေရာင္ရွိၿပီး ထိခိုက္လြယ္ေသာ သြားဖုံးမ်ား - ပါးစပ္ထဲကပိုးမႊားေတြကေသြးေၾကာထဲ ဝင္သြားၿပီးႏွလုံးေသြးေၾကာမွာတြယ္ကပ္ေနတဲ့အခ်ိန္မွာႏွလုံးေသြးေၾကာေရာဂါေတြျဖစ္တတ္ပါတယ္။သင့္သြားဆရာဝန္ကို သြားပုံမွန္သန႔္ရွင္းေရးလုပ္ေပးျခင္းကႏွလုံးေရာဂါျဖစ္မႈကိုေလွ်ာ့က်ေစတယ္လို႔ေလ့လာခ်က္ေတြအရသိရပါတယ္။

 

Credit

{Unicode}

=======

နှလုံးရောဂါ ထမဖောက်ခင် တစ်လအလိုလောက်မှာ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာ ( ၆ ) ခု

အနောက်နိုင်ငံတွေမှာသေဆုံးမှုအ ကြောင်းအရင်းတွေထဲမှာနှလုံးရောဂါထဖောက်တာကလည်းထိပ်ဆုံးအ ကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။UK မှာဆိုရင်တော့နံပါတ်တစ်လူသတ်သမားဆိုရင်လည်းမမှားပါဘူး။ UK မှာနှစ်တိုင်းလိုလိုလူပေါင်း ၁၆၀,၀၀၀ ကနှလုံးရောဂါကြောင့်သေဆုံးကြရတာပါ။ ဒါကြောင့်လည်းသင့်မှာနှလုံးရောဂါရှိနေရင် နှလုံး ရောဂါထဖောက်မယ့်လက္ခဏာတွေကိုသိထားဖို့အရေးကြီးပါတယ်။

 

ဒီအချက်ကိုသိထားမယ်ဆိုရင်သင့်အသက်ကိုကယ်တာပါလို့ေြ ပာလည်းမမှားပါဘူး။လူတော်တော်များများကတော့နှလုံးရောဂါထဖောက်တယ်ဆိုတာကရုတ်တရက်ဖြစ်တာပါလို့ထင်ကြပေမယ့်ကိစ္စတော်တော်များများမှာတော့ တစ်ကယ်ထမဖောက်ခင်ရက်သတ္တပေါင်းများစွာလက္ခဏာပြတာမျိုးတွေရှိပါတယ်။နှလုံးရောဂါထဖောက်တဲ့ လက္ခဏာတွေကို သိထားမယ်ဆိုရင်တော့လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 

လက္ခဏာများ

သင်နှလုံးရောဂါထဖောက်တော့မယ်ဆိုရင်နှလုံးအလုပ်လုပ်တာကပုံမမှန်တာကြောင့်သင့်ကိုယ်တွင်းမှာသွေးတွေကိုနှလုံးကမလွှတ်တော့ပါဘူး။ ဒီလို နှလုံးအလုပ်လုပ်တာ ပုံမမှန်တာတွေက တစ်ခါတစ်လေမှာသွေးကြောခဲနေလို့ဖြစ်တာပါ။ နှလုံးရောဂါထဖောက်တော့မယ့် လူတွေကရက်သတ္တပတ်အတော်ကြာအောင် ရင်ဘတ်အောင့်တာတွေ အသက်ရှုမဝတာတွေ အော့အန်တာတွေမူးဝေတာတွေ ချိနဲ့နေတာတွေနဲ့ ရင်တုန်ပန်းတုန်တာတွေကိုခံစားရပါတယ်။

 

ဒီလိုမျိုးခံစားရတာတွေကလည်းတစ်ခြားအ ကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ် (အအေးမိတဲ့လူတွေမှာလည်း အသက်ရှုမဝတာတွေရှိတတ်ပါတယ်)။ ါပေမယ့် ဒီလက္ခဏာအားလုံးစုပြီး ခံစားနေရပြီဆိုရင်တော့ နှလုံးကထဖောက်တော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်။ သင်ရောခုနကပြောခဲ့တဲ့လက္ခဏာတစ်ခု ဒါမှမဟုတ်တစ်ချို့တစ်လေကိုခံစားမိနေပြီလား။ဒါဆိုရင်တော့ဆရာဝန်သွားပြသင့်ပြီနော်။

 

အသံတိတ်နှလုံးရောဂါထဖောက်ခြင်း

နှလုံးရောဂါထဖောက်တဲ့ကိစ္စတစ်ဝက်လောက်ကသတိမထားမိပဲဖြစ်သွားတယ်ဆိုတာသင်သိပါသလား။သင်ဟာ နှလုံးရောဂါကြောင့် သေဖို့ရာနှုန်းသုံးဆထက်များတာမျိုးတို့ သင့်မှာအသံတိတ် နှလုံးရောဂါထဖောက်တာမျိုးရှိဖူးတယ်ဆိုရင်တော့ ဒီကိစ္စကတော့စိုးရိမ်စရာဖြစ်နေမှာပဲ။ လူတော်တော်များများကနှလုံးထဖောက်ပြီဆိုရင် အရမ်းကိုနာကျင်ပြီး ပင့်သက်ရှုနေတာမျိုးကိုပဲတွေးမိကြပါတယ်။

 

ဒါပေမယ့်လည်းနှလုံးရောဂါထဖောက်တာကလုံးဝကိုသတိမထားမိပဲဖြစ်သွားနိုင်ပါတယ်။ပုံမှန်ထက်နည်းနည်းပိုပင်ပန်းပြီးနှလုံးတုန်တာမျိုးတွေ ချွေးတွေအရမ်းကျလာတာမျိုးတွေခံစားရတတ်ပါတယ်။ဒါပေမယ့်လည်း ဒီလက္ခဏာမျိုးကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်တာပဲနှလုံးရောဂါတစ်ခုတည်းမှာပဲဖြစ်လာတာမျိုးမဟုတ်ဘူးလေ။အဲ့ဒါကြောင့်ပိုစိုးရိမ်စရာဖြစ်လာတာပေါ့။

 

သံတိတ်ရောဂါလက္ခဏာများ

သင်အသံတိတ်နှလုံးရောဂါဖောက်တာကိုသတိထားမိမှာမဟုတ်ပါဘူး။ဒါပေမယ့်ရိုးရိုးရှင်းရှင်းပင်ပန်းတာမဟုတ်ပဲပိုပြီးဆိုးဝါးတဲ့ရောဂါပြသနာကိုညွှန်ပြနေတဲ့လက္ခဏာတွေအများကြိးရှိပါတယ်။အခုဆက်ပြောတော့မယ့်ရောဂါလ က္ခဏာတွေကိုခံစားရပြီဆိုရင်တော့သတိထားပါ။သင်စိတ်ပူနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာတွေကတော့ ရင်ဘတ်မှာတင်းတင်းကျပ်ကျပ်ခံစားရတာမျိုးတို့ ရင်ဘတ်ကိုညှစ်ထားသလိုမျိုးခံစားရခြင်း အဲ့ခံစားရတာတွေက လည်ပင်း၊ မေးရိုးနဲ့ နောက်ကျောတွေအထိပါပြန်နှံ့သွားနိုင်ပါတယ်။

 

ဇောချွေးပြန်ခြင်း ၊ အော့အန်ခြင်း၊ ပျို့တက်ခြင်း ၊ ဝမ်းဗိုက်အပေါ်ဘက်နာကျင်မှုခံစားရခြင်း ၊ ပခုံးနှစ်ဘက်ကြား နာကျင်မှုခံစားရခြင်း ၊ အသက်ရှုမဝခြင်း ၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း ၊ မူးဝေခြင်း ၊ စိုးရိမ်မှုများ မနားမနေခံစားရခြင်း ၊ အသက်ရှုနှုန်းမြန်လာခြင်း တို့ပဲဖြစ်ပါတယ်။

 

အမျိုးသမီးတွေမှာဆိုရင်တော့ နှလုံး ရောဂါလက္ခဏာတွေကအမျိုးသားတွေအတွက်နှလုံးရောဂါလက္ခဏာတွေထက်စာရင်မရှင်းမလင်းဖြစ်တတ်ပါတယ်။ နှလုံးရောဂါလက္ခဏာတွေက တစ်ခါတစ်လေသွေးဆုံးချိန်လက္ခဏာတွေနဲ့ ရောထွေးနေတတ်ပါတယ်။ နှလုံးရောဂါဖြစ်ပွားစေတဲ့အရေးကြီးအကြောင်းရင်းတွေကတော့မျိုးရိုးလိုက်ခြင်း၊သွေးဖိအားများခြင်း၊အဝလွန်ခြင်း၊ဖိအားများခြင်း၊ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်းနျင့် ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။

 

အမျိုးသားတွေလိုပဲအမျိုးသမီးတွေရဲ့ရင်ဘတ်မှာတင်းကျပ်သလိုခံစားရတာတွေညှစ်ထားတဲ့နာကျင်မှုတွေကိုခံစားရပြီးအဲ့နာကျင်မှုတွေကလက်မောင်းအပေါ်ဘက်၊လည်ပင်း၊မေးရိုး၊နောက်ကျောနဲ့ ဝမ်းဗိုက်ဧရိယာအထိပါပျံ့နှံ့သွားနိုင်ပါတယ်။အဲ့လိုနာကျင်မှုတွေကို ၅မိနစ်ထက်ပိုပြီးခံစားလာရပြီးဇောချွေးပြန်ခြင်း၊အော့အန်ခြင်းနဲ့ ပျို့တက်ခြင်းကိုပါ နောက်ဆက်တွဲခံစားရလာနိုင်ပါတယ်။

 

ဒါပေမယ့်လည်းအမျိုးသမီးတွေက ‘အသံတိတ်ရောဂါလက္ခဏာ’ဆိုတဲ့ခေါင်းစဉ်အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေအပြင်တစ်ခြားလက္ခဏာတွေကိုပါခံစားရတတ်ပါတယ်။ဆက်ပြောမယ့်နှလုံးရောဂါကိုဖော်ပြနေတဲ့ ရောဂါလက္ခဏာတွေကိုခံစားရပြီဆိုရင်တော့ မပေ့ါဆသင့်တော့ပါဘူး။

 

အမြင်အာရုံ ရုတ်တရက်ဆုံးရှုံးခြင်း - ဒါမှမဟုတ်နှစ်ထပ်မြင်ရခြင်းဒါမှမဟုတ် မှုန်ဝါးဝါးမြင်ရခြင်းအပေါ်မှာပြောထားတဲ့အချက်တွေထဲကတစ်ခုခုကိုခံစားရပြီဆိုရင်တော့အရေးပေါ်ကို ချက်ချင်းပဲသွားဖို့အကြံပေးချင်ပါတယ်။

 

ခြေထောက်ဖောယောင်ခြင်း - ခြေထောက်ကဖောယောင်လာတာမျိုးတို့နာကျင်တာမျိုးတို့ခံစားရတာက သွေး ပြန်ကြောမှာ သွေးခဲနေတာကိုဖော်ပြနေတာပါ။ဒီပြသနာကနှလုံးကထွက်လာတဲ့သွေးပြန်ကြောကိုပါသွေးခဲမှုဖြစ်စေမှာပါ။ချက်ချင်းပဲဆရာဝန်ကိုခေါ်လိုက်ပါ။

 

မျက်ခွံအရောင်ပြောင်းခြင်းမျက်ခွံကအဝါရောင်ကြောင်းလာတာတွေဒါမှမဟုတ်မျက်ခွံနားမှာအဝါရောင်အကွက်တွေ့ရတယ်ဆိုရင်တော့ကိုလက်စထရောပမာဏမြင့်တက်တာကိုဖော်ပြနေတာပါ။ ကိုလက်စထရောမြင့်တက်လာရင်နှလုံးရောဂါဖြစ်နှုန်းကလည်းမြင့်လာနိုင်ပါတယ်။ဒီလိုဖြစ်လာပြီဆိုရင်တော့ဆရာဝန်ခေါ်ပြီးကိုလက်စထရောပမာဏကိုစစ်ဆေးကြည့်ပါ။

 

အနီရောင်ရှိပြီး ထိခိုက်လွယ်သော သွားဖုံးများ - ပါးစပ်ထဲကပိုးမွှားတွေကသွေးကြောထဲ ဝင်သွားပြီးနှလုံးသွေးကြောမှာတွယ်ကပ်နေတဲ့အချိန်မှာနှလုံးသွေးကြောရောဂါတွေဖြစ်တတ်ပါတယ်။သင့်သွားဆရာဝန်ကို သွားပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းကနှလုံးရောဂါဖြစ်မှုကိုလျှော့ကျစေတယ်လို့လေ့လာချက်တွေအရသိရပါတယ်။

Read times
Rate this item
(1 Vote)