What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 July 2017 10:54

ကင်ဆာရောဂါ ၁၃ မျိုးကို တစ်ခါတည်း စစ်ဆေးပေးနိုင်မယ့် သွေးစစ်နည်းသစ်

ကင်ဆာရောဂါ ၁၃ မျိုးကို တစ်ခါတည်း စစ်ဆေးပေးနိုင်မယ့် သွေးစစ်နည်းသစ် google.com

တိုကျိုအခြေစိုက် National Cancer Center Japan သုတေသီအဖွဲ့က သွေးတစ်ချက်ဖောက်ရုံနဲ့ ကင်ဆာရောဂါ ၁၃ မျိုးကို ရောဂါရှာဖွေနိုင်မယ့် စစ်ဆေးနည်းအသစ်ကို တီထွင်ခဲ့ပါတယ်။

လက်တွေ့စမ်းသပ်မှု တွေကို နောက်လမှာ စတင်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ သုတေသီအဖွဲ့က နောက်သုံးနှစ်အတွင်းမှာ သည်နည်းသစ်ကို လက်တွေ့အသုံးချနိုင်ဖို့ ဗဟိုအစိုးရဆီ လျှောက်ထားမှာဖြစ်ပါတယ်။

ခုချိန်ထိတော့ ကင်ဆာရောဂါအမျိုးအစား များစွာကို တစ်ကြိမ်တည်းနဲ့ စစ်ဆေး နိုင်တဲ့ နည်းလမ်း မရှိသေးပါဘူး။

ထိုနည်းသစ်က ရှာဖွေစစ်ဆေးနိုင်တဲ့ ကင်ဆာရောဂါ ၁၃ မျိုးက အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ ပန်ကရိယ(မုန့်ချိုအိတ်) ကင်ဆာ၊ အသည်းကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရိုးနှင့်တစ်ရှူး ပျော့အကျိတ်များ၊ ဦးနှောက်အကျိတ်များ ဖြစ်ပါတယ်။

READ - အူမကြီးကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်း (၅) မျိုး

ထိုနည်းသစ်ကို ဆေးပညာ အလုံးစုံ ရောဂါရှာဖွေစစ်ဆေးမှုတွေနဲ့ တခြားဆေးစစ်ချက်တွေမှာ စတင်အသုံးပြု မယ်ဆိုရင် ကင်ဆာရောဂါကြောင့် သေဆုံးရသူအရေအတွက်က လျော့ကျသွားနိုင်မှာ ဖြစ်ပါတယ်။

ဒီစစ်ဆေးမှုမှာ သွေးထဲကို ဆဲလ်တွေစွန့်ထုတ်ပြီး မျိုးဗီဇဆဲလ်လှုပ်ရှားမှုတွေကို ထိန်းပေးတဲ့ microRNA (miRNA) ဆိုတဲ့ ဓာတ်တစ်မျိုးကို သုံးထားပါတယ်။

ကင်ဆာဆဲလ်နဲ့ ပုံမှန်ဆဲလ်တွေကြားမှာ miRNA အမျိုးအစား တွေ ကွဲပြားသွားတာဖြစ်ပြီး ၎င်းတို့က အချိန်ကာလ တစ်ခုအတွင်းမှာ မပျက်စီးနိုင်ပါဘူး။

သုတေသီတွေက လူနာ ၄၀၀၀၀ ခန့်ဆီက သိမ်းဆည်းထားတဲ့ သွေးတွေကနေ အထက်ပါ ကင်ဆာအမျိုးအစား ၁၃ ခုနဲ့ဆိုင်တဲ့ miRNA တွေကို အောင်မြင်စွာ စစ်ဆေးတွေ့ရှိနိုင်ခဲ့ပါတယ်။ လူနာအများစုဟာ ကင်ဆာဝေဒနာသည် တွေ ဖြစ်ကြပါတယ်။

သွေးတစ်စက်ဖောက်ရုံနဲ့ အစောပိုင်းအဆင့် ၁ ကင်ဆာဝေဒနာရှင်တွေကိုပါ စစ်ဆေးတွေ့ရှိနိုင်ခဲ့ပြီး ၉၅ ရာခိုင်နှုန်း ကျော် တိကျမှန်ကန်တဲ့ ရလဒ်တွေရှိခဲ့ပါတယ်။

နောက်ပိုင်းပြုလုပ်ဖို့စီစဉ်ထားတဲ့ လက်တွေ့စမ်းသပ်မှုမှာ သုတေသီတွေက လူနာတွေနဲ့ ရောဂါမရှိသူတွေ အပါအဝင် လူ ၃၀၀၀ ခန့်ဆီက လောလောလတ်လတ်သွေးဖောက်ယူစစ်ဆေးမှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာ၊ အစာအိမ်၊ အဆုတ်နဲ့ အူမကြီးကင်ဆာလို ရောဂါတွေဟာ အစောပိုင်းအဆင့်မှာ သိရှိနိုင်ဖို့ အတွက် ဓာတ်မှန်နဲ့ မှန်ပြောင်း စစ်ဆေးမှုတွေသုံးရပါတယ်။

ဒါပေမယ့် လူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောဂါစစ်ဆေးရာမှာ အစိတ်အပိုင်းတစ်ခုချင်းစီကို ခွဲခြားစစ်ဆေးနေရတာဖြစ်ပါတယ်။ သည်နည်းသစ်မှာတောင်မှ ရောဂါရှာဖွေမှုကို အတည်ပြုနိုင်ဖို့ အသေးစိတ်ဆေးစစ်မှုတွေ လုပ်ဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

READ - ရင်သားကင်ဆာဖြစ်နေပြီဆိုရင် သိနိုင်တဲ့လက္ခဏာ ၅ မျိုး

Source: kumudranews

Read times
Rate this item
(0 votes)