What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 September 2019 10:56

နှလုံးရောဂါ ရှိနေပြီးဆို သိနိုင်မယ့် လက္ခဏာများ

နှလုံးဟာဆိုရင် အလွန်ရှုပ်ထွေးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။ 

တစ်ခါတစ်ရံ ရင်ဘက်အောင့်တယ် ၊ အရမ်းမောလာတယ် ဆိုရင်တောင် အလွယ်တကူပဲ ငါ့မှာ နှလုံးရောဂါ ရှိနေပြီးလား မသိဘူးဆိုပြီး သံသယစိတ်များ ရှိတတ်ကြပါတယ်။ ဒါကြောင့် သင့်မှာ ဒီလက္ခဏာတွေ ဖြစ်ပေါ်နေပြီး နှလုံး ကျန်းမာရေး ကိုစစ်ဆေးဖို့ လိုနေပါပြီး။

မောဟိုက်ခြင်း

နှလုံးကြွက်သားများ အားနည်းလာတာနဲ့ အမျှ လူကို အလွယ်တကူ ပင်းပန်နွမ်းနယ်လာ စေပါတယ်။ ဒါ့အပြင် ချောင်းဆိုခြင်း နှင့် ခန္ဓာကိုယ်ဖော်ရောင်ခြင်းစတဲ့ လက္ခဏာများကို သတိထားသင့်ပါတယ်။ ဒါတွေဟာဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ လက္ခဏာ တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

 

ခြေထောက်အောက်ပိုင်းဖောရောင်ခြင်း

အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာ ခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ ခြေထောက်ဖောရောင်ခြင်းက ခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက် ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။

 

အသက်ရှူရအဆင်မပြေဖြစ်ခြင်း

အသက်ရှူမဝတာက နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးခုန်စည်းချက်မူမမှန်ခြင်း၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်း တို့ရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ အရင်လုပ်ဆောင်ရအဆင်ပြေနေကျ အလုပ်တွေကို အခုလုပ်တဲ့အခါ အသက်ကို မနည်းလုရှူနေရတာမျိုး ဒါမှမဟုတ် လှဲအိပ်လိုက်ရင် အသက်ရှူရခက်တာမျိုးဆို ဆရာဝန်ပြပါ။


အသားအရောင် ပြောင်းလဲခြင်း

လက်ချောင်း၊ခြေချောင်းတွေ ပြာနေတာ၊ ညိုလာတာ တွေက နှလုံးသွေးကြောကျဉ်း သို့မဟုတ် ပိတ်ဆို့နေတဲ့အတွက် သွေးလည်ပတ်မှုမကောင်း၊ အောက်ဆီဂျင်မလုံလောက်တာကြောင့်ပါ။ကိုလက်စထရောအဆီချေးတွေ စုလာတဲ့အခါ သွေးကြောငယ်တွေထဲမှာ ပိတ်ဆို့လာပြီး ဒီလက္ခဏာဖြစ်စေတာပါ။ လက်ဖဝါး၊ခြေဖဝါးအရေပြားအောက်မှာ သွေးယိုသလို အကွက်အပြောက်တွေဖြစ်လာနိုင်ပါတယ်။

 

ခေါင်းမူးခြင်း

ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးက သွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။


လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းခြင်း

လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ ဖျစ်ညှစ်နိုင်အားကောင်းတယ်ဆိုရင် နှလုံးရောဂါအန္တရာယ်နည်းပါတယ်တဲ့။ အရာဝတ္တုတစ်ခုခုကို ဆုပ်ကိုင်နိုင်ဖို့မလွယ်ဘူး၊ လက်မမြဲဘူး၊ မဖျစ်ညှစ်နိုင်ဘူး ဆိုရင် ကိုယ့်မှာပြဿနာတစ်ခုခုရှိနေဖို့ ရာခိုင်နှုန်းများပါတယ်။


အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်ခြင်း

သွေးတွင်းအဆီဓာတ် triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။ သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါ သွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။

Hello Health Group 

က်န္းမာေရး ေစာင့္ေရွာက္မႈေပးေသာ ေဆးခန္း ၁၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ

Image result for HEALTHCARE SERVICES

 {Zawgyi}

=======

ႏွလံုးေရာဂါ ရွိေနျပီးဆို သိႏိုင္မယ့္ လကၡဏာမ်ား

 

ႏွလံုးဟာဆိုရင္ အလြန္ရႈပ္ေထြးတဲ့ ကိုယ္တြင္းအဂၤါတစ္ခုလည္း ျဖစ္ပါတယ္။ တစ္ခါတစ္ရံ ရင္ဘက္ေအာင့္တယ္ ၊ အရမ္းေမာလာတယ္ ဆိုရင္ေတာင္ အလြယ္တကူပဲ ငါ့မွာ ႏွလံုးေရာဂါ ရွိေနျပီးလား မသိဘူးဆိုျပီး သံသယစိတ္မ်ား ရွိတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္မွာ ဒီလကၡဏာေတြ ျဖစ္ေပၚေနျပီး ႏွလံုး က်န္းမာေရး ကိုစစ္ေဆးဖို႔ လိုေနပါျပီး။

 

ေမာဟိုက္ျခင္း

ႏွလံုးၾကြက္သားမ်ား အားနည္းလာတာနဲ႔ အမွ် လူကို အလြယ္တကူ ပင္းပန္ႏြမ္းနယ္လာ ေစပါတယ္။ ဒါ့အျပင္ ေခ်ာင္းဆိုျခင္း ႏွင့္ ခႏၶာကိုယ္ေဖာ္ေရာင္ျခင္းစတဲ့ လကၡဏာမ်ားကို သတိထားသင့္ပါတယ္။ ဒါေတြဟာဆိုရင္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေရာဂါ လကၡဏာ တစ္ခုဆိုရင္လည္း မမွားႏိုင္ပါဘူး။


ေျခေထာက္ေအာက္ပိုင္းေဖာေရာင္ျခင္း

အခ်ိန္ၾကာၾကာ မတ္တပ္ရပ္ေနတဲ့အခါ ဒါမွမဟုတ္ ထိုင္ေနတဲ့အခါမ်ိဳးမွာ ေျခေထာက္ေရာင္လာတတ္သလို ကိုယ္ဝန္ေဆာင္ကာလမွာလည္း ျဖစ္တတ္ပါတယ္။ ဒီလိုအရည္ေတြစုတယ္ဆိုတာ ႏွလံုးလုပ္ေဆာင္ခ်က္ပ်က္ယြင္းတာနဲ႔ ေျခေထာက္မွာေသြးလည္ပတ္မႈမေကာင္းရာက အရင္းခံတာပါ။ ေျခေထာက္ေဖာေရာင္ျခင္းက ေျခေထာက္ေအာက္ပိုင္းကေန ႏွလံုးဆီကိုေသြးျပန္္မပို႔နုိင္ေအာင္ ပိတ္ဆို႔မႈရွိေနတာေကာင့္ျဖစ္ပါတယ္။ ရုတ္တရက္ ေျခေထာက္ေရာင္လာရင္ ေနာက္ခံအေၾကာင္းရင္းကိုသိနုိင္ဖို႔ ဆရာဝန္ျပသင့္ပါတယ္။


အသက္ရွဴရအဆင္မေျပျဖစ္ျခင္း

အသက္ရွဴမဝတာက ႏွလံုးၾကြက္သားအားနည္းျခင္း၊ ႏွလံုးခုန္စည္းခ်က္မူမမွန္ျခင္း၊ ႏွလံုးလုပ္ေဆာင္ခ်က္ရုတ္တရက္ရပ္ဆိုင္းျခင္း တို႔ရဲ႕လကၡဏာျဖစ္ေနနုိင္ပါတယ္။ အရင္လုပ္ေဆာင္ရအဆင္ေျပေနက် အလုပ္ေတြကို အခုလုပ္တဲ့အခါ အသက္ကို မနည္းလုရွဴေနရတာမ်ိဳး ဒါမွမဟုတ္ လွဲအိပ္လိုက္ရင္ အသက္ရွဴရခက္တာမ်ိဳးဆို ဆရာဝန္ျပပါ။


အသားအေရာင္ ေျပာင္းလဲျခင္း

လက္ေခ်ာင္း၊ေျခေခ်ာင္းေတြ ျပာေနတာ၊ ညိဳလာတာ ေတြက ႏွလံုးေသြးေၾကာက်ဥ္း သို႔မဟုတ္ ပိတ္ဆို႔ေနတဲ့အတြက္ ေသြးလည္ပတ္မႈမေကာင္း၊ ေအာက္ဆီဂ်င္မလံုေလာက္တာေၾကာင့္ပါ။ကိုလက္စထေရာအဆီေခ်းေတြ စုလာတဲ့အခါ ေသြးေၾကာငယ္ေတြထဲမွာ ပိတ္ဆို႔လာျပီး ဒီလကၡဏာျဖစ္ေစတာပါ။ လက္ဖဝါး၊ေျခဖဝါးအေရျပားေအာက္မွာ ေသြးယိုသလို အကြက္အေျပာက္ေတြျဖစ္လာနုိင္ပါတယ္။

 

ေခါင္းမူးျခင္း

ေခါင္းမူးတာ(ေခါင္းထဲေပါ့ခနဲျဖစ္သြားတာ)ဟာ ဦးေႏွာက္ဆီကို ႏွလံုးက ေသြးအလံုအေလာက္မပို႔နုိင္တာေၾကာင့္ျဖစ္ပါတယ္။ ေခါင္းမူးတာက ႏွလံုးခုန္စည္းခ်က္မမွန္ျခင္း(arrhythmia)ရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ နွလံုးၾကြက္သားအားနည္းျခင္းေၾကာင့္လည္း ႏွလံုးခုန္မမွန္ျဖစ္ေစနုိုင္ပါတယ္။


လက္ရဲ႔ ဆုပ္ကိုင္နိုင္စြမ္း အားနည္းျခင္း

လက္ရဲ႕ဆုပ္ကိုင္နိုင္အားက ႏွလံုးက်န္းမာေရးကို တစ္စိတ္တစ္ပိုင္းေဖာ္ျပနိုင္တာ သင္သိပါသလား။ သုေတသနေတြအရ လက္ရဲ႕ဆုပ္ကိုင္နိုင္စြမ္း၊ ဖ်စ္ညွစ္နိုင္အားေကာင္းတယ္ဆိုရင္ ႏွလံုးေရာဂါအႏၱရာယ္နည္းပါတယ္တဲ့။ အရာဝတၱဳတစ္ခုခုကို ဆုပ္ကိုင္နိုင္ဖို႕မလြယ္ဘူး၊ လက္မျမဲဘူး၊ မဖ်စ္ညွစ္နုိင္ဘူး ဆိုရင္ ကိုယ့္မွာျပႆနာတစ္ခုခုရွိေနဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။


အနီေရာင္သမ္းတဲ့ရည္ၾကည္ဖုေတြထြက္ျခင္း

ေသြးတြင္းအဆီဓာတ္ triglyceride ပမာဏအရမ္းမ်ားေနရင္ လက္ဆစ္၊ေျခဆစ္နဲ႔ တင္ပါးမွာ ရည္ၾကည္ဖုေလးေတြျဖစ္လာတဲ့ လကၡဏာရွိတတ္ပါတယ္။ ေသြးထဲမွာ ဒီအဆီေတြမ်ားေနတဲ့အခါ ေသြးေၾကာမာေစတာနဲ႔ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းအႏၱရာယ္ေတြပါ စိုးရိမ္ရပါတယ္။

Hello Health Group

ေဆးကုခန္းေပါင္း ၁၀၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ

Related image

Read times Last modified on Tuesday, 07 January 2020 17:59
Rate this item
(0 votes)