What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 17 March 2020 07:52

Coronavirus ကာကွယ်ဆေး အမေရိကန်မှာ လူနဲ့ စတင်စမ်းသပ်

အခုအခါ သိပ္ပံပညာရှင်တွေ အပြိုင်အဆိုင်ရှာဖွေနေကြတဲ့ Coronavirus ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် လူတွေနဲ့ စမ်းသပ်နေပြီလို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးအရာရှိတွေက ပြောကြားလိုက်ပါတယ်။

 

Seattle မြို့မှာရှိတဲ့ Kaiser Permanente သုတေသနအဖွဲ့က ကျန်းကျန်းမာမာရှိနေသူ လူအနည်းငယ်ကို တနင်္လာနေ့က ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ် ထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။

 

အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အကြား အရွယ်ရောက်ပြီးသူ လူကြီး ၄၅ ဦးတို့က သူတို့ဆန္ဒအလျှောက် စမ်းသပ်မှုခံယူခဲ့ကြတာဖြစ်ပြီး ဒီဆေးထိုး စမ်းသပ်မှုကို ရက်သတ္တ ၆ ပတ်ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ NIH ခေါ် အမေရိကန်အမျိုးသားကျန်းမာရေး သိပ္ပံအဖွဲ့က ပြောပါတယ်။

 

မိမိဆန္ဒအလျှောက် စမ်းသပ်ခံတဦးဖြစ်သူ အသက် ၄၃ နှစ်အရွယ် Jennifer Haller က ဒီလိုစမ်းသပ်ခံခွင့်ရတာဟာ ထူးခြားတဲ့ အခွင့်အလမ်း တရပ်ဖြစ်တယ်လို့ အေပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

ဒီစမ်းသပ်မှုဟာ Covid-19 ရောဂါကာကွယ်ရေးအတွက် လာမယ့်လတွေအတွင်း ကမ္ဘာအနှံ့လုပ်ဆောင်လာကြမယ့် စမ်းသပ်မှုတွေအနက် တခုအပါအဝင် ဖြစ်ပါတယ်။

VOA Burmese

 

(Zawgyi)

======

Coronavirus ကာကြယ္ေဆး အေမရိကန္မွာ လူနဲ႔ စတင္စမ္းသပ္

 

အခုအခါ သိပၸံပညာရွင္ေတြ အၿပိဳင္အဆုိင္ရွာေဖြေနၾကတဲ့ Coronavirus ကာကြယ္ေဆးကုိ ပထမဆုံးအႀကိမ္အျဖစ္ လူေတြနဲ႔ စမ္းသပ္ေနၿပီလုိ႔ အေမရိကန္ျပည္ေထာင္စု က်န္းမာေရးအရာရွိေတြက ေျပာၾကားလုိက္ပါတယ္။

 

Seattle ၿမိဳ႕မွာရွိတဲ့ Kaiser Permanente သုေတသနအဖြဲ႔က က်န္းက်န္းမာမာရွိေနသူ လူအနည္းငယ္ကုိ တနလၤာေန႔က ပထမဦးဆုံးအႀကိမ္အျဖစ္ စမ္းသပ္ ထုိးသြင္းလုိက္တာ ျဖစ္ပါတယ္။

 

အသက္ ၁၈ ႏွစ္ကေန ၅၅ ႏွစ္အၾကား အရြယ္ေရာက္ၿပီးသူ လူႀကီး ၄၅ ဦးတုိ႔က သူတုိ႔ဆႏၵအေလွ်ာက္ စမ္းသပ္မႈခံယူခဲ့ၾကတာျဖစ္ၿပီး ဒီေဆးထုိး စမ္းသပ္မႈကုိ ရက္သတၱ ၆ ပတ္ၾကာ ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ NIH ေခၚ အေမရိကန္အမ်ဳိးသားက်န္းမာေရး သိပၸံအဖြဲ႔က ေျပာပါတယ္။

 

မိမိဆႏၵအေလွ်ာက္ စမ္းသပ္ခံတဦးျဖစ္သူ အသက္ ၄၃ ႏွစ္အရြယ္ Jennifer Haller က ဒီလုိစမ္းသပ္ခံခြင့္ရတာဟာ ထူးျခားတဲ့ အခြင့္အလမ္း တရပ္ျဖစ္တယ္လုိ႔ ေအပီ သတင္းဌာနကုိ ေျပာၾကားခဲ့ပါတယ္။

 

ဒီစမ္းသပ္မႈဟာ Covid-19 ေရာဂါကာကြယ္ေရးအတြက္ လာမယ့္လေတြအတြင္း ကမၻာအႏွံ႔လုပ္ေဆာင္လာၾကမယ့္ စမ္းသပ္မႈေတြအနက္ တခုအပါအ၀င္ ျဖစ္ပါတယ္။

VOA Burmese

Read times
Rate this item
(1 Vote)