What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 March 2023 13:03

သင့်ခန္ဓာကိုယ်ကနေ အချက်ပြ သတိပေးနေတဲ့ ကိုယ်တွင်းရောဂါ လက္ခဏာများ

ကျွန်တော်တို့ ခန္ဓာကိုယ်က ကိုယ်တွင်းရောဂါ ကြီးကြီးမားမားမဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာအနေနဲ့ အချက်ပြပေးနေတဲ့ ကျန်းမာ‌ရေးပြသနာသေးသေးလေးတွေ ရှိပါတယ်။ လူအများစုက ဒါကို သတိပြုရကောင်းမှန်း မသိဘဲ ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။


တကယ်က ဒီရောဂါလက္ခဏာတွေကို စောစောသိပြီး စောစော ကုသမယ်နိုင်မယ်ဆိုရင် ကျန်းကျန်းမာမာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာပါ။ ဒါကြောင့် ခန္ဓာကိုယ်က အချက်ပြပေးနေတဲ့ လက္ခဏာတွေကို ကြည့်ပြီး ဘယ်လို ကိုယ်တွင်းရောဂါတွေ ဖြစ်နိုင်ချေရှိလဲဆိုတာ မျှဝေသွားပါမယ်။


၁။ မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းဘဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင် အဆုတ်၊ နှလုံး ရောဂါ ရှိနိုင်ပါတယ်။


၂။ မနက်အိပ်ယာထခါစတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ရှိနိုင်ပါတယ်။


၃။ မနက်အိပ်ယာထစမှာ ခေါင်းတွေအုံ၊ မျက်စိတွေ ကြည့်မကောင်း၊ အကြောတွေတက် ဖြစ်နေလျှင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ပါတယ်။


၄။ ပူပန်စရာ အထူးမရှိဘဲ ညစဉ် အိပ်မပျော်သလို၊ အိပ်ရေးမဝသလို ဖြစ်နေလျှင် အစာအိမ်နှင့် သည်းခြေအိတ် ရောဂါရှိနိုင်ပါတယ်။


၅။ အမြဲ တစ်ခုခုကို အလိုမကျခြင်း၊ ဒေါသထွက် မြန်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ ငိုချင်နေခြင်း တို့ဖြစ်နေလျှင် စိတ်ကျရောဂါ၊ အသည်းအားနည်းရောဂါ ရှိနိုင်ပါတယ်။


၆။ မျက်လုံးမို့အစ်ခြင်း၊ မျက်နှာ အဆီပြန်လွန်းပါက လိင်ပိုင်းဆိုင်ရာရောဂါနှင့် အသည်းအဆီဖုံးရောဂါ ရှိနိုင်ပါတယ်။


၇။ ပုံမှန်လက်စွပ်များ ဝတ်မရ၊ ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက ဂေါက်ရောဂါ ကဲ့သို့ အဆစ်မြစ်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။


၈။ သွားများ၊ မျက်စိများ ဝါလာခြင်း၊ လက်သည်း၊ ခြေသည်းခွံများ ဝါလာပါက အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိနိုင်ပါတယ်။


၉။ မိန်းခလေးများ ဆီးကျဉ်ခြင်း၊ မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်းများ ဖြစ်နေပါက သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

Green Leaf

     Advertisement

Click Here > Green Leaf


၁၀။ ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း၊ ဆီးမထိန်းနိုင် ဖြစ်ပါက ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ်နှင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။


၁၁။ ထိုင်ရာမှ ထရာ၌ မူးခြင်း၊ မိုက်ခြင်း ဖြစ်ပါက သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ ရှိနိုင်ပါတယ်။


၁၂။ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပါက အဆုတ်လမ်းကြောင်းမှာ ပြသနာတစ်ခုခု ရှိနေနိုင်ပါတယ်။


၁၃။ အသားအရောင် ပြောင်းလဲလာခြင်း၊ အရေပြားပေါ်တွင် အညိုအမည်း စွဲခြင်း၊ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်းတို့က နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ လက္ခဏာတွေပါ။


၁၄။ ကြွက်သားတွေ အကြောဆွဲခြင်းက အာရုံကြောဆိုင်ရာ ချို့ယွင်းမှု (သို့) ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။


၁၅။ ဆောင်းတွင်းမှ မဟုတ်ဘဲ တခြားအချိန်တွေမှာလည်း ချမ်းနေတတ်တာက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။


၁၆။ အရင်ကထက် ချွေးနံ့ပြင်းနေတာမျိုး ဖြစ်ရင် ဆီးချိုရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါ ရှိနိုင်ပါတယ်။


၁၇။ အမြဲတမ်း ရေဆာနေခြင်းကလည်း ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။


၁၈။ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ခန္ဓာကိုယ်ပေါ်တွင် အညိုမည်းကွက်တွေ ဖြစ်လာမယ်ဆိုရင် သွေးခဲရောဂါ ဖြစ်နိုင်ပါတယ်။


အသက်ကို ဉာဏ်စောင့်တာမို့ သတိနဲ့ ယှဉ်ပြီး ရောဂါဆိုးဆိုးရွားရွား မဖြစ်ခင်မှာ အချိန်မှီ ကာကွယ်နိုင်ဖို့က အရေးကြီးပါတယ်။

*Credit to Original Uploader*

Read times Last modified on Monday, 20 March 2023 14:43
Rate this item
(0 votes)