What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 May 2020 13:32

လမ်းဘေးဈေးရောင်းစက်ဖြင့် ပြန်လျှော်သုံးမတ်စ်အအေး ရောင်းချရာ လူကြိုက်များ

လမ်းဘေးအရောင်းစက်များတွင် လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြုနိုင်သော အထည်စ မတ်စ်များ ရောင်းချရာ ရောင်းပန်းလှနေသည်။ 

coronavirus ပြန့်ပွားမှုကိုကာကွယ်ရန် မတ်စ်ကို တောက်လျှောက် ဝတ်ဆင်ထားရပေရာ နွေရာသီ အပူဒဏ်အောက်တွင် အသက်ရှူရ ခက်ခဲမည်ကို စိုးရိမ်စရာ ဖြစ်နေကြသဖြင့် မတ်စ်ကု် အေးနေအောင် လုပ်ပြီး ရောင်းချပေးနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လူကြိုက်များနေသည်။


ဂျပန်နိုင်ငံ Yamagata စီရင်စုရှိ အရောင်းစက်နှစ်ခုတွင် စက်များ၏ အနိမ့်ဆုံး အအေးချိန် ဖြစ်သည့် မတ်စ်များကို ၄ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ထားသည်။ တစ်ခုလျှင် ယန်း ၆၉၀ ဖြင့် တစ်ရက်လျှင် ခုရေ ၄၀၀ ခန့်ကို ရောင်းချသည်၊ မတ်စ်တို့သည် ကြာကြာမအေးပါ။ ဝတ်ဆင်ထားခါစတွင်သာ အေးနေပြီး အပူဒဏ်ကို သက်သာရာ ရစေသည်။

 

Yamagata စီရင်စုရှိ Yamanobe မြို့တွင် အခြေစိုက်သည့် အထည်ချုပ်ထုတ်လုပ်သူ Knit Waizu သည် မတ်စ်များကိုထုတ်လုပ်သည်။ ၎င်းသည် နွေခေါင်ခေါင်မှာ ရေခဲတမျှ အေးနေသော် မတ်စ်တို့သည် ဤအမှောင်မိုက်သောကာလတွင် လူတို့အား စိတ်ကျေနပ်မှု ရပြီး ပြုံးစေနိုင်သည်။

 

ဂျပန်နိုင်ငံတွင် ဗိုင်းရပ်စ်ပျံ့နှံ့နေသည့်အချိန်တွင် မတ်စ်မျာ းမလုံလောက်မှုကြောင့် ကုမ္ပဏီက မတ်စ်များကို မတ်လလယ်တွင် စတင်ထုတ်လုပ်ခဲ့သည်။

 

ဂျပန်နိုင်ငံရှိ Yamanashi နှင့် Gunma စီရင်စုများကဲ့သို့သော အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထက်သို့ မြင့်တက်လာသည့် ဒေသများတွင် ပူပြင်းသည့်ရာသီဥတု၌ မတ်စ်များအသုံးပြုခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးများလာနေသည်။

 

ပူပြင်းသည့်ရာသီဥတုတွင် မတ်စ်များကို ဝတ်ဆင်ခြင်းသည် အဆုတ်သို့ လေအေးရောက်ရှိရန်အတွက် ခဲယဉ်းနေစေသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားများကို ဒဏ်ထိပြီး အသက်ရှူကျပ်မှုကို ဖြစ်စေသည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ အဆိုအရ ထိုသို့ လေးအေး မရခြင်းသည် ခန္ဓာကိုယ်အတွင်း၌ အပူကို တိုးပွားစေသည်။

 

 

Ref: Japan Times

Read times
Rate this item
(0 votes)