ဂျပန် ဆေးဝါးကုမ္ပဏီ Shionogi က ယခုလအတွင်းမှာ လိုင်စင်သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး အဆိုပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ခြင်းကို အမြောက်အမြား ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။
အဲဒီဆေးစစ်နည်းက ရလဒ်တွေ ပိုမြန်မြန် ရရှိတဲ့အပြင် အထူးစက်ကိရိယာတွေ၊ နည်းပညာရှင်တွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။
စစ်ဆေးနည်းကို Nihon University မှ ပါမောက္ခ Masayasu Kuwahara နဲ့ အဖွဲ့မှ ဖွံဖြိုးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိရောက်မှုရှိကြောင်း အတည်ပြုခဲ့ရင် Shionogi က ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးထံမှ အတည်ပြုချက် ရယူပြီး စီးပွားဖြစ် ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။
ယခုနှစ် နွေရာသီမှာ ဂျပန်နိုင်ငံက ခရီးသွားလာခြင်းကို တားမြစ်ထားတာကို ရုတ်သိမ်းပြီးရင် ပြည်ပဆိုက်ရောက် မှန်သမျှကိုလည်း Polymerase Chain Reaction(PCR ) test ခံယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ PCR ရောဂါဆန်းစစ် ဆေးစစ်ခြင်းဟာ အဖြေသိရဖို့ ၃ မှ ၅ နာရီအထိ ကြာမြင့်ပါတယ်။ ပြီးတော့ အထူးသီးသန့် စက်ကိရိယာနဲ့ ဝန်ထမ်းတွေလည်း လိုအပ်ပါတယ်။
အစိုးရက အဖြေကို ပိုမြန်မြန် သိရမယ့်နည်းလမ်းကို ရှာဖွေနေပြီး ပိုများတဲ့လူအရေတွက်ကို အမြန် စမ်းသပ်ပေးဖို့လည်း လိုတယ်။ အဲဒါမှ ခရီးသွားလာသူတွေ ဆေးစစ်ချက် အဖြေကို စောင့်နေရတဲ့ဆီမှာ လာတစ်နေတဲ့ ပုလင်းလည်ပင်းကျပ်နေတဲ့အဖြစ်မှ ကင်းဝေးမှာ ဖြစ်ပါတယ်။
မြန်ဆန်လွယ်ကူတဲ့ ဆေးစစ်နည်းဟာ ဂျပန်မှာ ကိုဗစ်ဒုတိယလှိုင်းကို ကိုင်တွယ်တာမှာလည်း အထောက်အကူ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့အခါ ပြန်ဖြစ်မယ့် အလားအလာ ရှိနေပါတယ်။
နည်းသစ်က တံထွေးနမူနာကို အပူချိန် ၉၅ ဒီဂရီ စင်တီဂရိတ်ရောက်အောင် နှစ်မိနစ် အပူပေးတယ်။ ပြီးရင် အရောင်ပြောင်းတဲ့ ဆေးစစ်ရည် ဓာတ်စမ်းပစ္စည်းထဲ ထည့်လိုက်တယ်။ အဖြေရလဒ်ကို ၂၀ မှ ၂၅ မိနစ်အတွင်း သိရတယ်။ အဲဒါဟာ Kuwahara ရဲ့ အဖွဲ့မှ ရှာဖွေတွေ့ရှိထားတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့ SATIC ( signal amplification by the ternary initiation complexes) ကို အခြေပြုထားပါတယ်။
ဆေးစစ်နည်းက ပိုမြန်တဲ့အပြင် အထူးပြု ကိရိယာ မလိုအပ်တာ ဘာကြောင့်လဲဆိုတော့ PCR ဆေးစစ်နည်းလို ဗီဇပစ္စည်းတွေကို အားမြှင့်နေဖို့ မလိုတာကြောင့် ဖြစ်ပါတယ်။
SATIC နည်းနဲ့ ပတ်သက်လို့ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး Katsunobu Kato က ဥပဒေပြုအဖွဲ့ကို ပြောကြားရာမှာ "ဆေးကုသမှု ရှေ့တန်းမှာ ထိရောက်မှု ရှိနိုင်တယ်ဆိုရင် ကျွန်တော်တို့ တက်တက်ကြွကြွဖြင့် အဲဒီဟာကို သုံးစွဲကြမယ်" လို့ ထည့်သွင်းပြောကြားပါတယ်။
ဒီသတင်းကြောင့် Shionogi ရဲ့ ရှယ်ယာတွေ တိုကျိုမှာ ရောင်းဝယ်တာ ဈေးနှုန်း ၃ % တက်သွားပါတယ်?
ယခုနည်းသစ်အတွက် သုတေသနကို နိုင်ငံပိုင် Japan Agency for Medical Research and Developmentနဲ့အတူ အဖွဲ့အစည်းတွေက ကျောထောက်နောက်ခံ ပြုပေးပါတယ်၊ မူပိုင်ခွင့်ကိုတော့ Nihon University နဲ့Tokyo Medical University တို့က မေလမှာ ပူးတွဲ ရယူထားပါတယ်။
ဂျပန်နိုင်ငံဟာ PCR ဆေးစစ်ခြင်းကို တစ်ရက်လျှင် ၂၈,၀၀၀ အထိ လုပ်ကိုင်နိုင်စွမ်းရည် ရှိပြီး ဆေးစစ်မှု ၁၀,၀၀၀- အောက်ကိုသာ လုပ်ကိုင်လျက် ရှိပါတယ်၊ အဲဒီအရေအတွက် ကန့်သတ်ချက်ဟာ ခရီးသွားလာမှု တားမြစ်ချက်ကို ဖယ်ရှားပြီးချိန်မှာ ပြည်ပခရီးသည် ၂၅၀ ခန့်သာ နေ့စဉ် ဝင်ရောက်ခွင့် ရှိမယ်လို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
Ref: Nikkei Asian Review