What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 August 2020 18:06

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ADB Bank မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထိုင်းနိုင်ငံအတွက် ထောက်ပံမည်

ADB Bank မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထိုင်းနိုင်ငံအတွက် ထောက်ပံမယ်လို့ ADB Bank ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ADB Bank ရဲ့ ဥက္ကဌ Masatsugu Asakawa က " ထိုင်းနိုင်ငံကို အချိန်မီကူညီပံ့ပိုးဖို့နဲ့ ကူးစက်ရောဂါကြောင့် လူမှုရေး ၊ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို လျှော့ချရန်ကတိကဝတ်ပြုထားပြီး ၊ ငါတို့ရဲ့ဘတ်ဂျက်အထောက်အပံ့ကအစိုးရရဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ရန်ပုံငွေထောက်ပံ့ပေးမှာပါ၊ အနာဂတ်မှာ COVID-19 လှိုင်းလုံးများအတွက် တိုင်းပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖို့အတွက် ဖြစ်တယ်လို့ " ပြောကြားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုရှိပေမယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးများနှင့် ပေါင်းစည်းမှုကြောင့် တိုင်းပြည်သည်ကူးစက်မှုနှုန်း အလွန် အားနည်းနေဆဲဖြစ်ပါတယ်။ COVID-19 ဖြစ်ပွားမှုများပြားလာပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများအကန့်အသတ် ဖြစ်နေပါတယ်။

 

အဆိုပါ ချေးငွေဆိုင်ရာ သဘောတူညီချက်ကို ADB Bank နှင့် အစိုးရဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ဩဂုတ်လကုန်မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။

 

အာရှနှင့် ပစိဖိတ်ဒေသများတွင် ဖြစ်ပွားနေသော ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် ABD Bank မှ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။

Ref: ADB Bank

Read times
Rate this item
(1 Vote)