What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 September 2020 12:22

ဘားလမ်းဆေးရုံမှ သူနာပြု ၂၀ ဦးနှင့် မေ့ဆေးဆရာဝန် တစ်ဦး COVID-19 ရောဂါ ပိုးတွေ့ရှိ

ဘားလမ်းဆေးရုံ (မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ)တွင် တာဝန် အသက် (၇၂နှစ်) ဝန်းကျင် မေ့ဆေးဆရာဝန် တစ်ဦး COVID-19 ရောဂါ ပိုးတွေ့ရှိခဲ့ပါတယ်။

 

ရှေ့အပတ် ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဘားလမ်းဆေးရုံတွင် တာဝန်ကျ မေ့ဆေးဆရာဝန် တစ်ဦး COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရမှ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  ထိုဆရာဝန်သည် လက်ရှိအချိန် Quarantine ဝင်နေတယ်လို့လည်း သိရပါတယ်။ ဘားလမ်းဆေးရုံမှ တာဝန်ရှိသူများက ရောဂါပိုးတွေ့ရှိမှုအပေါ် မေ့ဆေးဆရာဝန် နဲ့ အနီးကပ် ထိတွေ့ခဲ့သူ သူနာပြု အယောက် ၂၅ ကို စက်တင်ဘာလ ၂၄ ရက်နေ့ COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးရန် တို့ဖက် နမူနာများကို ရယူခဲ့ ပါတယ်။

 

စက်တင်ဘာလ ၂၆ ရက်နေ့တွင် COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှု အဖြေရလာဒ်တွင် ဘားလမ်းဆေးရုံမှ တာဝန်ကျ မေ့ဆေးဆရာဝန် နဲ့ ထိတွေခဲ့သူ သူနာပြု ၂၅ ယောက် မှ ၂၀ ယောက် ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ 

 

ဘားလမ်းဆေးရုံမှ COVID-19 ရောဂါပိုးတွေ့ရှိသူ သူနာပြု ၂၀ ယောက်ကို လက်ရှိအချိန် ဆေးရုံ Quarantine အဖြစ် ထားရှိထားတယ်လို့ သိရပါတယ်။

 

အဆိုပါ ရောဂါတွေ့ရှိဟာဆိုရင် ဘားလမ်းဆေးရုံကို ယာယီပိတ်ထားဖို့ ပြုလုပ်နေစဉ်မှာပဲ အချိန်တိုတိူအတွင်း ဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိအချိန်မှာ ဘားလမ်းဆေးရုံတွင် ဆေးကုသမှုများ ယာယီ ရပ်နားထားတယ်လို့လည်း သိရပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံတွင် (၂၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၈၁၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၈၀) ဦး တွေ့ရှိရပါသည်။

 

(၂၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉,၉၉၁) ဦးရှိပြီ ဖြစ်ပါသည်။

 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၆၈၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၉၈)ဦး ရှိပါသည်။

 

Written By Aung Win (Myanmar Health Products Guide)

Read times
Rate this item
(0 votes)