What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 June 2022 14:07

ဆီးချို သွေးချိုရောဂါ များအတွက် ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းများ

ဆီးချိုရောဂါ (Diabetesmellitus) ဆိုတာ ကိုယ်ခန္ဓာထဲက သကြားအချိုဓါတ် (Glucose) ထိန်းညှိမှုဆိုင်ရာ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဂလူးကို့စ် အချိုဓါတ်ဟာ ကြွက်သားတွေ၊ အာရုံကြောတွေ၊ ခန္ဓာကိုယ် တစ်ရှူးတွေ အတွက် အဓိက အင်အားတစ်ရပ် ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ အဓိက လောင်စာဟာလည်း အချိုဓာတ်ဖြစ်ပြီး ဆီးချိုရောဂါ ရှိနေသူများသည် သွေးထဲမှာ အချိုဓါတ်တွေ များစွာရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ် လွန်ကဲခြင်းဟာ ရေရှည်မှာ ကျန်းမာရေးကို များစွာ ထိခိုက်စေပါတယ်။

ဆီးချိုရောဂါလက္ခဏာများ

- မကြာခဏ ရေဆာခြင်း။ ဆီးသွားများခြင်း။ ဗိုက်အလွန် ဆာလောင်ခြင်း။ ကိုယ်အလေးချိန် လျော့ကျလာခြင်း။ နုံးခွေနေတတ်ခြင်း။ အမြင်အာရုံ ဝေဝါးခြင်း။ အနာပေါက်လျှင် တော်ရုံနှင့် အနာမကျက်ခြင်း။ မကြာခဏ အရေပြားမှိုစွဲတတ်ခြင်း ၊ မိန်းမကိုယ်အင်္ဂါ ပိုးဝင်ခြင်း။

ဆီးချိုရောဂါဖြစ်စေသော အရာများ

ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေးစနစ် (Immune System) က အင်ဆူလင် ထုတ်ပေးတဲ့ မုန့်ချိုအိတ်ရဲ့ ဆဲလ်တွေကို တိုက်ခိုက်ခြင်း။ အင်ဆူလင် ထုတ်လုပ်မှု လျော့နည်းလာခြင်း၊ အင်ဆူလင်၏ အစွမ်းသတ္တိကို သိရှိခံစားမှု လျော့နည်းလာခြင်း (Insulin Resistance) ။ အဝလွန်သူများ ဖြစ်နိုင်ခြင်း။

ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ။ ကျောက်ကပ်ဆိုင်ရာ ရောဂါများ။ အာရုံကြောဆိုင်ရာ ရောဂါများ။ မျက်စိ ရောဂါများ။ အရေပြားဆိုင်ရာ ရောဂါများ။

ပျောက်ကင်းမည့် နည်းလမ်းများ

ရုံးပတီသီး ၂ ထောင့်ကို ထိပ်နှစ်ဖက်ဖြတ်၍ အလယ်မှာ ဓားဖြင့် အပေါက်ဖောက်ပေးပြီး ရေဖြည့်ထားသည့် ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားပြီး မနက်စာစားခါနီးအချိန် သောက်သုံးရပါမည်။

- နေ့စဉ် အာဟာရမျှတအောင် စားသုံးခြင်း။

- ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်း။

- သွေးချို နေ့စဉ်မှတ်တမ်းထားခြင်း။

လုံးဝရှောင်ကြဉ်ရန်လိုအပ်သော အစားအစာများ

- ဂလူးကို့စ် ၊ သကြား ၊ ထန်းလျှက် ၊ ကြံသကာ ၊ ချောကလက် ၊ ရေခဲမုန့်၊ ယိုအမျိုးမျိုး ၊ အချိုရည်အမျိုးမျိုး ၊ သရက်သီးနှင့် အခြားသော အသီးများ ၊ ပျားရည် ၊ ဟောလစ် ၊ အိုဗာတင်း ၊ အရက်နှင့်ဘီယာ။

အဟာရမျှတအောင် စားနိုင်သော အစားအစာများ

- ထမင်း ၊ ကောက်ညှင်း ၊ ခေါက်ဆွဲ ၊ ပေါင်မုန့်၊ ဘီစကစ် ၊ အာလူး ၊ သစ်သီး (အစို ၊ အခြောက်) ၊ ဥအမျိုးမျိုး ၊ ကန်စွန်းဥ ၊ နွားနို့၊ သာကူ ၊ ဒိန်ခဲ ၊ ထောပတ် ၊ အချိုမှုန့်။

စိတ်ကြိုက်စားနိုင်သော အစားအစာများ

- ဟင်းရွက်အမျိုးမျိုး ၊ ခရမ်းချဉ်သီး ၊ ရှောက်သီး ၊ အသားအမျိုးမျိုး (အဆီထုတ်ပြီး) ၊ ငါး ၊ ပုဇွန် ၊ ခါးသော အစာများ (ကြက်ဟင်းခါးသီး) ၊ ဟင်းချိုရည် ၊ ကော်ဖီ/လက်ဖက်ရည် (သကြားမပါ ၊ ဆက် ခရင် နှင့်ဖျော်) ၊ ပဲအမျိုးမျိုး ၊ ကွေကာအုပ် ၊ ငရုတ်ကောင်း ၊ ဂေါ်ဖီထုပ် ၊ မုန်လာဥ (အနီ ၊ အဖြူ) ၊ မှို ၊ ကြက်သွန် ၊ ကန်စွန်းရွက် ၊ ဟင်းနုနွယ် ၊ သခွားသီး ၊ ခရမ်းသီး ၊ မာဂျရင်း ။

Read times Last modified on Wednesday, 15 June 2022 14:09
Rate this item
(1 Vote)