What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 June 2022 14:24

ရောဂါမျိုးစုံကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

ရောဂါမျိုးစုံကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည် Google.com

သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရောပြီး သောက်သုံးတာက အဆစ်ရောင်၊ ကင်ဆာ၊ သည်းခြေအိတ် ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။

သစ်ကြမ်းပိုးခေါက် မှာပါတဲ့ Hydrogen Peroxide က ပျားရည်ထဲရောက်သွားပြီး သောက်သုံးလိုက်ရင် လူ့ခန္ဓာကိုယ်ထဲက ဘေးဖြစ်နိုင်တဲ့ ဘက်ထရီးယားနဲ့ မှိုတွေရဲ့ ကြီးထွားမှုနှုန်းကို ရပ်တန့်စေပြီး ဖယ်ရှားပေးပါတယ်။

နှလုံးရောဂါ

သစ်ကြမ်းပိုးခေါက် အမှုန့်နဲ့ ပျားရည်ကို မွှေလိုက်ပြီး ပေါင်မှုန့်နဲ့ နေ့စဉ် မနက်စာ အဖြစ် စားသုံးပါ။ သွေးကြောထဲက ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရုတ်တရက် ရပ်တန့်မှု (heart attack)ကို ကာကွယ်ပေးပါတယ်။

အဆစ်ရောင်၊ အဆစ်အမြစ်ကိုက်ခဲ့တဲ့ ရောဂါ

ရေနွေး ပူပူလေးထဲမှာ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ထည့်ပြီး မနက်တစ်ခါ၊ ညတစ်ခါ သောက်ပေးပါ။ အမြဲတမ်းသောက်ပေးနေရင် နာတာရှည် အဆစ်အမြစ် ကိုက်ခဲမှုတွေကို ပျောက်ကင်းစေပါတယ်။

သည်းခြေအိတ် ရောဂါ

ရေနွေးပူပူလေးထဲကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပြီး မွှေပါ။ ဒါက သည်းခြေအိတ်ထဲမှာရှိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

ကိုလက်စထရော

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရေနွေးကြမ်းထဲ ထည့်ပြီး သောက်ပေးပါ။ သောက်သောက်ပြီးချင်း ၂ နာရီလောက်မှာ သွေးအတွင်း ကိုလက်စထရော ဓာတ် ၁၀ % လောက် ကျဆင်းသွားပါလိမ့်မယ်။

ကင်ဆာ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်နဲ့ ရောပြီး ၃ လလောက် စားသုံးပေးပါက ကင်ဆာရောဂါကို ပျောက်ကင်းစေပါတယ်။

Read times
Rate this item
(0 votes)