ကင်ဆာရောဂါကို တွန်းလှန် ကာကွယ်နိုင်သော အစားအစာ (၁၂) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁. ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို အဓိကကာကွယ်ပေးနိုင်ပါတယ်။
၂. အစိမ်းရင့်ရောင် အသီးအရွက်များ
အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေများစွာပါဝင်ပြီး ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကို လျှော့ချပေးပါတယ်။
၃. စပျစ်သီး
စပျစ်သီးနဲ့ စပျစ်ဝိုင်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရော ပါဝင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ် ပေးနိုင်ပါတယ်။
၄. လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည်မှာ ပါဝင်တဲ့ ဖလေဗိုနွိုက်က အူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေဖြစ်ပွားတာကနေ ကာကွယ်နိုင်သလို ကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။
၅. ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်က ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၆. ဖရဲသီး
ဖရဲသီးမှာ ကင်ဆာရောဂါကို တွန်းလှန် ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ် များစွာပါဝင်နေပါတယ်။
၇. ဘလူးဘယ်ရီသီး
ဘယ်ရီသီးအားလုံးမှာ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ ကင်ဆာရောဂါ အားလုံးကို ကာကွယ်မှု ပေးနိုင်ပါတယ်။
၈. ပန်းဂေါ်ဖီ မျိုးရင်းဝင်များ
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်တွေမှာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှောချနိုင်တဲ့ အစွမ်း ထက် အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။
၉. ကောက်နှံတစ်ခုလုံး
ကောက်နှံတစ်ခုလုံးမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့် အမျှင်ဓာတ်နဲ့ ဖိုက်တို အီစထရိုဂျင်တွေ ပါဝင်ပါတယ်။
၁၀. မုန်လာဥနီ
မုန်လာဥနီမှာ ဗီတာမင်အေဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ မကူးစက်နိုင်အောင် ဟန့်တားပေးပါတယ်။ မျက်စိကိုလည်း အားကောင်းစေပါတယ်။
၁၁. နနွင်း
ဟင်းထဲမှာ နနွင်းကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ပါဝင်အောင် ထည့်ချက်စားပေးပါ။ နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းက ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ တစ်ခြားကင်ဆာရောဂါတွေရဲ့ ဖြစ်ပွားနှုန်းကို နှေးစေပါတယ်။
၁၂. ငါး
ဆာဒင်းငါး၊ ပုစွန်ဆိတ်၊ ပင်လယ်ငါးတွေကနေ ဗီတာမင်ဒီဓာတ်ကို ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီက ကင်ဆာဆဲလ် ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို လျော့နည်းစေပါတယ်။