မိခင်များသာမက ရင်သွေးငယ်များအတွက်ပါ အန္တရာယ်ကင်းဝေးဖို့ အရေးကြီးပါတယ်။
အချို့သောမိခင်များသည် ချောချောမွေ့မွေ့နှင့် ကျန်းမာသန်စွမ်းသော ကလေးမွေးဖွားလာသော်လည်း အချို့သောမိခင်တွေကတော့ မွေးဖွားရာမှာအခက်အခဲတစုံတရာကြုံတွေ့ရခြင်း၊ ကလေးငယ်တွင် မွေးရာပါချို့ယွင်းချက်များပါလာခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနှင့် ရင်ဆိုင်ရလေ့ရှိပါတယ်။
ထိုကဲ့သို့သော မိခင်လောင်းတွေကို High risk pregnancy အန္တရာယ်ရှိသောကိုယ်ဝန်ဆောင်အုပ်စု တစ်နည်း အားဖြင့် သတိထားရမယ့် ကိုယ်ဝန်ဆောင်အုပ်စုလို့ သတ်မှတ်နိုင်ပါတယ်။
READ - ရိုးရိုးမွေးမယ့်မိခင်တွေ ဘာတွေကိုသိထားသင့်သလဲ
High Risk Pregnancy ကို ဖြစ်စေသောအကြောင်းအရင်းများ
၁. ကိုယ်ဝန်ဆောင်မိခင်လောင်းရဲ့ အသက်အရွယ်
အသက် 35 နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျနှုန်းနှင့် ကလေးငယ်တွင် မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှုများဖြစ်ပွားနှုန်းဟာ ပိုမိုမြင့်မားနိုင်ပါတယ်။
၂. အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း
3. သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အပါအ၀င် အခြားသောရောဂါအခံရှိသူများ
4. HIV ပိုးကူးစက်ခံထားရသူများအပါအ၀င် လိင်မှတဆင့်ကူးစက်သောရောဂါရှိသူများ
5. ကိုယ်ဝန်ဆောင်ကာလရောက်မှ သွေးတွင်းရှိသကြားဓာတ်များသူများ၊ သွေးပေါင်ချိန်မြင့်မားသူများ
6. တကြိမ်နှင့်အထက် ကိုယ်ဝန်ဆောင်ဖူးသူများ
7. သားပျက်သားလျောဖြစ်ဖူးသူများ
8. ယခင်က ဗိုက်ခွဲမွေးဖူးသူများ၊ ပေါင်မပြည့်လမစေ့သော ကလေးမွေးဖူးတဲ့ရာဇ၀င်ရှိသူများ
9. သားအိမ်၊ သားအိမ်ခေါင်း၊ အချင်းနှင့်ပတ်သက်၍ ပုံမှန်မဟုတ်သော အနေအထားရှိသူများ
READ - ကိုယ်ဝန်ဆောင်စဉ်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့
Source: drmyanmar.com