What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 March 2020 14:19

လူမှုဖူလုံရေးကတ် မရှိသော အလုပ်သမားများလည်း လူမှုဖူလုံရေး ဆေးခန်းများ၌ ကုသနိုင်

ပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးကတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူမှုဖူလုံရေးဆေးခန်းများ၌ ဆေးကုသမှုခံယူနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

“လူမှုဖူလုံရေးဥပဒေအရ မှတ်ပုံတင်လိုက်တာနဲ့ အလုပ်သမားတွေ ဆေးကုသခွင့် အလိုအလျောက်ရရှိမှာပါ။ လူမှုဖူလုံရေးအဖွဲ့တည်ထောင်တာ နှစ်ပေါင်း ၆၀ ကျော်ရှိပါပြီ။ ဒါကြောင့် ဥပဒေ၊ နည်းဥပဒေကလည်း အခိုင်အမာ ရှိနေပါပြီ”ဟု လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုကပြောသည်

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမှုဖူလုံရေးအဖွဲ့၏ မြို့နယ်ရုံး ၇၈ရုံး၊ တိုင်းဒေသကြီး ၁၄ ခု၌ ဆေးခန်း ၉၆ ခု၊ ဌာနကြီးဆေးခန်း ၆၀ ရှိကြောင်း၊ လတ်တလောတွင် ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့အစည်းအသီးသီးမှ လွှမ်းခြုံထားသည့် အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် အသိပညာပေးရန် လုပ်ငန်းများချမှတ်ထားကြောင်း သိရသည်။

 

Distributors & Suppliers (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for drug

 

ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကာ ဆေးဝါးလိုအပ်ပါကလည်း အဆိုပါဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဖြည့်ဆည်းပေးမည်ဖြစ်သည်။

 

“လူမှုဖူလုံရေးကတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူမှုဖူလုံရေးဥပဒေအရ ဆေးကုသခွင့်ရှိပါတယ်။ ဒါကြောင့် နေမကောင်းဖြစ်ပြီဆိုတာနဲ့ လူမှုဖူလုံရေးဆေးခန်းမှာ ဆေးကုသနိုင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

 

အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်နိုင်ရန် နိုင်ငံတကာ၌ ကျင့်သုံးနေသည့် နည်းစနစ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Mandalay Directory

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

====

လူမႈဖူလုံေရးကတ္ မရွိေသာ အလုပ္သမားမ်ားလည္း လူမႈဖူလုံေရး ေဆးခန္းမ်ား၌ ကုသႏိုင္

 

ျပည္တြင္းရွိ အလုပ္သမားမ်ားအေနျဖင့္ လူမႈဖူလုံေရးကတ္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ လူမႈဖူလုံေရးေဆးခန္းမ်ား၌ ေဆးကုသမႈခံယူႏိုင္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ သိရသည္။ 

 

“လူမႈဖူလုံေရးဥပေဒအရ မွတ္ပုံတင္လိုက္တာနဲ႔ အလုပ္သမားေတြ ေဆးကုသခြင့္ အလိုအေလ်ာက္ရရွိမွာပါ။ လူမႈဖူလုံေရးအဖြဲ႕တည္ေထာင္တာ ႏွစ္ေပါင္း ၆၀ ေက်ာ္ရွိပါၿပီ။ ဒါေၾကာင့္ ဥပေဒ၊ နည္းဥပေဒကလည္း အခိုင္အမာ ရွိေနပါၿပီ”ဟု လူမႈဖူလုံေရးအဖြဲ႕၏ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးတင္ကိုကိုကေျပာသည္။

 

တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ လူမႈဖူလုံေရးအဖြဲ႕၏ ၿမိဳ႕နယ္႐ုံး ၇၈႐ုံး၊ တိုင္းေဒသႀကီး ၁၄ ခု၌ ေဆးခန္း ၉၆ ခု၊ ဌာနႀကီးေဆးခန္း ၆၀ ရွိေၾကာင္း၊ လတ္တေလာတြင္ ကို႐ိုနာဗိုင္းရပ္ ကာကြယ္ေရးအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔ရွိ လူမႈဖူလုံေရးအဖြဲ႕အစည္းအသီးသီးမွ လႊမ္းၿခဳံထားသည့္ အာမခံအလုပ္သမားမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈေပးရန္ႏွင့္ အသိပညာေပးရန္ လုပ္ငန္းမ်ားခ်မွတ္ထားေၾကာင္း သိရသည္။

 

Distributors & Suppliers (ေဆးဝါးျဖန္႔ခ်ိေရးလုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for drug

 

ယင္းကဲ့သို႔ေဆာင္႐ြက္ရာတြင္ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အတိုင္း ေဆာင္႐ြက္ျခင္းျဖစ္ကာ ေဆးဝါးလိုအပ္ပါကလည္း အဆိုပါဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အတိုင္း ျဖည့္ဆည္းေပးမည္ျဖစ္သည္။

 

“လူမႈဖူလုံေရးကတ္ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ လူမႈဖူလုံေရးဥပေဒအရ ေဆးကုသခြင့္ရွိပါတယ္။ ဒါေၾကာင့္ ေနမေကာင္းျဖစ္ၿပီဆိုတာနဲ႔ လူမႈဖူလုံေရးေဆးခန္းမွာ ေဆးကုသႏိုင္ပါတယ္”ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္ သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) လက္ေထာက္ အေထြေထြအတြင္းေရးမႉး ေဒၚၿဖိဳးစႏၵာစိုးက ေျပာသည္။

 

အလုပ္သမားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ပိုမိုေကာင္းမြန္ႏိုင္ရန္ ႏိုင္ငံတကာ၌ က်င့္သုံးေနသည့္ နည္းစနစ္မ်ားအတိုင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Mandalay Directory

Read times
Rate this item
(0 votes)