What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 June 2018 10:36

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၃)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၃) Google.com

ဆီးချိုရောဂါအတွက် နနွင်းရဲ့ အသုံးဝင်ပုံက ဘာပါလိမ့်

Related image

ဆီးချိုရောဂါရှိသူတွဟာ ဆီးချိုရောဂါမရှိတဲ့ သာမန်လူတွေထက် အနာကျက်နှုန်းအလွန်နည်းပါတယ်။ ဒဏ်ရာအသေးစာလေးတွေမှာတောင် ရောဂါပိုးဝင်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဒဏ်ရာအသေးစာကနေ တဖြည်းဖြည်းကြီးလာတာ အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဆီးချိုရောဂါတွေအတွက် ရောဂါပိုးမဝင်အောင် နနွင်းက အသုံးဝင်ပါတယ်။ နနွင်းက သဘာဝပိုးသတ်ဆေး ဖြစ်လို့ ကုတ်ရာ ခြစ်ရာ ရှာရာလိုမျိုး အသေးအဖွဲ့ ဒဏ်ရာလေးတွေအတွက် အနာကျက်နှုန်း မြန်ဆန်စေပါတယ်။ ကုတ်ခြစ်ဒဏ်ရာတွေပေါ်မှာ နနွင်းမှုန့်ကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ သွေးတိတ်စေနိုင်ပါတယ်။ စားဇွန်းတစ်ဝက်စာ နနွင်းမှုန့်ကို အုန်းဆီနဲ့ ပျစ်ပျစ်ဖျော်ပြီး အနာပေါ်မှာ တစ်နေ့နှစ်ကြိမ် ဒါမဟုတ် သုံးကြိမ် လိမ်းပေးနိုင်ပါတယ်။

လက်သည်း ၊ ခြေသည်းတွေမှာမှိုဆွဲရင် ဘယ်လိုလက္ခဏာတွေ ပြတက်လဲ

Related image

လက်သည်းထက်ခြေသည်းက ပိုပြီးမှိုစွဲတက်ပါတယ်။ အရေပြားမှာမှိုဆွဲတော့ ပွေးလိုခေါ်သလို လက်သည်းခြေသည်းမှာမှိုဆွဲတော့ လက်သည်းပွေး ခြေသည်းပွေးလို့ ခေါ်တက်ပါတယ်။ အရေပြားဝဲပေါက်တော့ ယားတက်ပေမယ့် လက်သည်းခြေသည်းပွေးဖြစ်ရင် မယားပါဘူး။ အနဲနဲ့ အများ အသိနောက်ကျတာများပါတယ်။ မူလအရောင်အတိုင်း ဝါကြန့်ကြန့် ၊ ညိုတိုတို ၊ နက်ပြာပြာ ၊ စိမ်းဝါဝါ စတဲ့အရောင်တွေ ပြောင်းလာမှ သိတာများပါတယ်။ ရှားရှားပါးပါးတချို့ ကတော့ မြေဖြူ လိုဖြူဆွတ်နေတဲ့ အစက်အပြောက် တွေလည်း ပေါ်တက်ပါတယ်။ ဒီလိုအရောင် ပြောင်းလဲလာရုံတင်မဟုတ် ၊ ကြာရင် လက်သည်းခြေသည်း တွေဟာ မာဆတ်ဆတ်ဖြစ်လိုဖြစ် ၊ ကြွတက်လာလို့ ၊ တွန့်ခေါက်မွဲခြောက်ဖြစ်လို့ဖြစ်နဲ့ ပုံပျက်ပါလေရော။

စိတ်ဖိစီးမှုများရင် ဘာတွေသောက်သင့်သလဲ

Related image

လေ့ကျင့်ခန်းလုပ်တာ ၊ ယောဂကျင့်တာ ၊ နှိပ်နယ်ပေးတာ ၊ တေးဂီတနားဆင်တာ ၊ ရေချိုးတာ ၊ စာရေးတာ ၊ အိပ်လိုက်တာတွေ တစ်ခုခုလုပ်ပါက တော်ရုံစိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေပါတယ်။ ဒီလို စိတ်ဖိစီမှုများနေချိန်မှာ အရည်တစ်ခုခုသောက်လိုက်ရုံနဲ့လည်း စိတ်ဖိစီးမှုကို လျော့နည်းသွားစေပါတယ်။ သောက်သင့်တဲ့ အရည်တွေကတော့ ရေအပါအဝင် ၊ အုန်းရည် ၊ လက်ဖက်စိမ်းလက်ဖက်ရည် ၊ ဟာဗယ်တီး ၊ နွားနို့ ၊ ချယ်ရီးသီး ၊ ဖျော်ရည် ၊ သစ်သီးဖျော်ရည် နဲ့ သီးစုံဖျော်ရည် စတာတွေဘဲ ဖြစ်ပါတယ်။

ရေခဲတုံးစာတဲ့အကျင့်ရှိသူတွေ ဘယ်လိုဖြစ်တက်ပါသလဲ

Image result for Ice eat

အအေးသောက်တဲ့အခါ ရေခဲတုံးလေးတွေ ကျွတ်ကျွတ်မြည်အောင် ဝါးစားလေ့ရှိတက်ပါလား ။ ဒီလိုအကျင့်ရှိရင် ကျန်းမာရေး ပြဿနာရှိတက်သလို နောက်ထပ်လေ့လာလာမှုအရ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်ဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပါတယ်။ သွားကြွေလွှာပျက်စီး စေတယ်။ သွားဖုံးပိုဝင်စေတယ်။ သွားကျဉ်စေတယ်။ သွေးအားနည်းလက္ခဏာဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းစေတယ်။ စိတ်ဖိစီးမှု ပြေပျောက်စေတယ်။ ရောင်ရမ်းမှုလျော့နည်းစေတယ် စတာတွေပါပဲ။

source:ပြည်မြန်မာ

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:နံနက်ခင်းမှာ ရေချိုးခြင်း၏ ကောင်းကျိုး ၆ ချက်

နံနက်ခင်းမှာ ရေချိုးခြင်း၏ ကောင်းကျိုး ၆ ချက်

Read times Last modified on Tuesday, 10 July 2018 12:42
Rate this item
(0 votes)