What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 July 2018 11:07

paracetamol ( အကိုက်အခဲပျောက်ဆေး / အဖျားကျဆေး )

paracetamol ( အကိုက်အခဲပျောက်ဆေး / အဖျားကျဆေး ) Google.com

မရှိအဖြစ်ဆောင်ထားသင့်တဲ့ဆေးပါပါရာစီတမော ကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်တဲ့ ဆေးတစ်မျိုးဖြစ်ပြီး ၎င်းဆေးမှာ paracetamol 500 မီလီဂရမ် ပါတာများပါတယ်။

လူသိများတဲ့ Biogesic ဆေးဟာ ပါရာစီတမော် 500 mg ပါ ဒီဆေးဟာ နာကျင်ကိုက်ခဲမှူ လူသုံးများတဲ့ ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ဖျားနာချင်သလိုလို စတင်ခံစားနေရချိန်တွင် ကြိုတင်သောက်သုံးနိုင်ပါတယ်။500 mg ကို နာကျင်ကိုက်ခဲမှူ/ ဖျားနာမှု ပေါ်မူတည်ပြီး တကြိမ်မှ လေးကြိမ်ထိသောက်နိုင်ပါတယ်။

အစာအိမ်ထိတတ်တဲ့အတွက် အစာနှင့်အတူ တွဲသောက်သင့်ပါတယ်။ ဒါပေမယ့် အကိုက်ခဲပျောက်ဆေးတွေထဲမှာ ပါရာစီတမောကို အစားမရှိတဲ့ အချိန် သောက်သုံးရင် အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။
အစာအိမ်ရောင်တတ် နာတတ်သူများ အစားတစ်ခုခု စားပြီးနောက် (သို့မဟုတ်) အောက်မှာပါတဲ့ Omeprazole / Siloxogene တို့နဲ့တွဲသောက်ရမှာလည်းဖြစ်ပါတယ်။ ထိုမှသာ အစာအိမ်ကို မန္တရာယ်မဖြစ်အောင် ကာဗာ အဖြစ် ကာရှိပေးနေမှာလည်း ဖြစ်ပါတယ်။ အကယ်၍ ပါရာသီတမောနှင့် နာကျင်မှူ မပျောက်ပါက ဆရာဝန်နှင့်တိုင်ပင်၍ နောက်ထပ် အကိုက်ခဲပျောက်ဆေး တစ်မျိုးထပ်မံဖြည့်စွပ်၍ သောက်နိုင်ပါတယ်။

အသည်းရောဂါရှိသူများ ၊ အစာအိမ်ရောင်ဖူးသူ/ အစာအိမ်အနာရှိသူများ ၊ ပါရာစီတမော မတည့်သူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်၍ သောက်သုံးသင့်ပါတယ်။ပါရာစီတမော မတည့်သူများ ဆရာဝန်နှင့် တိုင်ပင်၍ တခြားအကိုက်ခဲပျောက်ဆေး သောက်သုံးရမှာလည်း ဖြစ်ပါတယ်။

ကလေးငယ်များကို တိုက်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှတိုက်သင့်ပါတယ်။ကလေးတွေရဲ့ ခန္တာကိုယ် အလေးချိန်ပေါ်မူတည်ပြီး ပါရာစတီမော်ကို တိုက်ရမှလည်း ဖြစ်ပါတယ်။ ပါရာစတီမော်သည် အသည်းကိုထိခိုက်တတ်တဲ့အတွက် ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ပမာဏထက်ပိုသွားရင် ကလေးအသည်းထိခိုက်နိုင်ပါတယ်။လိုအပ်တာထက်ပိုသောက်သုံးလျှင် အသည်းပျက်၍ အသည်းအစားထိုးကုရတဲ့အထိ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ပါရာစတီမော်ကို စိတ်ထင်ရာ အလွယ်တကူ သောက်သုံးခြင် မှ ရှောင်ကျဉ်ရမှာလည်း ဖြစ်ပါတယ်။

source:Dr.Nyi Tha Ra

Read:နေ့လည်စာ မစားတဲ့ ကလေး တွေ ပညာရေး ထိခိုက်နိုင်

နေ့လည်စာ မစားတဲ့ ကလေး တွေ ပညာရေး ထိခိုက်နိုင်

Read times Last modified on Tuesday, 10 July 2018 12:36
Rate this item
(0 votes)