What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 July 2018 11:59

သံလွင်ဆီကို ဘာလို့သောက်သင့်တာလဲ ?

သံလွင်ဆီကို ဘာလို့သောက်သင့်တာလဲ ? Google.com

သံလွင်ဆီဆိုတာ နှလုံးကို ကျန်းမာစေပြီး ကိုလက်စတော လျော့နည်းခြင်း ၊ရောင်ယမ်းမှုလျော့ကျစေခြင်း စတဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံပါတယ်။

မနက်စာမစားခင် သံလွင်ဆီတစ်ခွက်သောက်မယ်ဆိုပါက (သို့) သံလွင်ဆီ နှစ်ဇွန်းသုံးဇွန်းလောက်စားမယ်ဆိုပါက 

၎င်းမှာပါရှိတဲ့ အစွမ်းသတ္တိများက သင့်ကိုအပြည့်အ၀ ကျန်းမာစေမှာဖြစ်ပါတယ်။ သံလွင်ဆီမှာဘာဂုဏ်သတ္တိတွေပါဝင်လဲဆိုတာ တစ်ချက်အရင်ကြည့်ကြရအောင်။

ကိုယ်အလေးချိန်ကျစေပါတယ်။

သံလွင်ဆီကို တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးမယ်ဆိုပါက ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။ ဗိုက်အဆီတွေကို များစွာလျော့ကျစေတဲ့ အတွက် အ၀လွန်တဲ့ လူတွေ သံလွင်ဆီကို စားပေးသင့်ပါတယ်။

အစာကြေလွယ်ခြင်း

Related image

ကြက်ဆူဆီကို ၀မ်းချုပ်ခြင်းပျောက်စေဖို့သုံးပြီး အချို့နေရာတွေမှာလောင်စာအဖြစ်သုံးကြပါတယ်။အဲ့လိုပဲ သံလွင်ဆီကို ဗိုက်အောင့်ဗိုက်နာခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

ကိုလက်စတောကျစေခြင်း

Related image

သံလွင်ဆီအစစ်က ကိုလက်စတောကျစေပြီး နှလုံးရောဂါကိုဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
မလိုလားအပ်တဲ့ သွေးတွေကိုလည်း သန့်စင်ပေးကာ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို အထူးသဖြင့် ကာကွယ်ပေးပါတယ်။

အရိုးကျန်းမာရေး

Related image

သံလွင်ဆီကို ပုံမှန်သောက်ပါက အရိုးတွင်းရှိကယ်ဆီယမ်တွေကို အားပိုကောင်းစေကာ အရိုးပွရောဂါကိုလည်း တားဆီးပေးပါတယ်။

နှလုံးကျန်းမာရေး

Related image

အပေါ်ကပြောထားတဲ့ အတိုင်း သံလွင်ဆီက နှလုံးရောဂါကို ကာကွယ်ပေးပြီး နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ဝေဒနာမှန်သမျှကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ခံစားမှု

Related image

သံလွင်ဆီက စိတ်ခံစားမှုကို ကောင်းမွန်စေပြီး ရောဂါပိုးဝင်ရောက်ခြင်းကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။ သံလွင်ဆီမှာပါတဲ့ 
အင်တီအောက်ဆီဒန့်က အခြားအဆီများထက်ပိုပြီး များပါတယ်။

သွေးတိုးကျစေခြင်း

Related image

သွေးတိုးရောဂါရှိတဲ့ လူတွေမှီဝဲသင့်တာ သံလွင်ဆီဖြစ်ပါတယ်။ သံလွင်ဆီက နှလုံးအားနည်းခြင်းကို လျော့ကျစေကာ
သွေးတိုးခြင်းကို ပုံမှန်ဖြစ်စေပါတယ်။

မှတ်ချက် ။ ။

သံလွင်ဆီက အခြားဆေးတွေနဲ့ ဓါတ်မတည့်မှုရှိတက်ပါတယ်။

ကိုယ်ဝန်ဆောင်သည်နှင့် ကလေးနို့တိုက်နေတဲ့ မိခင်တွေအနေနဲ့ သံလွင်ဆီကို ရှောင်သင့်ပါတယ်။

သံလွင်ဆီကိုနေ့စဉ်မသောက်ခင်မှာ ဆရာဝန်နဲ့ အရင်ဆေးစစ်ချက်ယူပြီးမှ လုပ်ဆောင်သင့်ပါတယ်။

သံလွင်ဆီသောက်နေပြီဆိုရင်တော့ အဆီများတဲ့ အစာ ၊ ကယ်လိုရီများတဲ့ အစာတွေကို အတက်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

Read:ဆံပင် ကျွတ်နေရင် သတိထား

ဆံပင် ကျွတ်နေရင် သတိထား

Read times Last modified on Saturday, 07 July 2018 14:48
Rate this item
(1 Vote)