What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 22:52

တောင်ကိုရီးယားတွင် mask လှောင်လျှင် ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဒေါ်လာ ၄၂၀၀၀

တောင်ကိုရီးယားတွင် ဗိုင်းရပ်ကူးစက်မှု ဟန့်တားရန် လူအများတို့ အသုံးပြုလျက် ရှိကြသည့် mask နှင့်

လက်သန့်ရှင်းရေးဆေးများကို သိုလှောင်ခြင်းအား ပိတ်ပင်ထားသည်။ သိုလှောင်ပါက ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်သည် သို့မဟုတ် ဒေါ်လာ ၄၂၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်သည်။

အရေးပေါ်အခြေအနေ ပေါ်ပေါက်နေချိန်တွင် အဆိုပါလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်သူများနှင့် ရောင်းချသူများအား coronavirus ဖြစ်ပွားခြင်းမှ အမြတ်ထုတ်ခြင်းကိုတားဆီးရန်ရည်ရွယ်သည်ဟု ဆိုးလ်မြို့ရှိ စီးပွားရေးနှင့်ဘဏ္ဍာရေး ၀ န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ် ပြဋ္ဌာန်းထားခြင်းသည် ဧပြီလကုန်အထိ အကျိုးသက်ရောက်နေလိမ့်မည်။
တစ်လတာ ပျမ်းမျှရောင်းအားပမာဏ၏ ၁.၅ ဆထက် ပိုသောပမာဏကို စုဆောင်းသိုလှောင်ခြင်းအား ၅ ရက်ထက် ပိုကြာအောင် သိုလှောင်ထားပါက အဆိုပါပြဋ္ဌာန်းချက်နှင့် ငြိစွန်းသည်ဟု သတ်မှတ်ပြီး ထိထိရောက်ရောက် အရေးယူ အပြစ်ပေးမည် ဖြစ်သည်။

နိုင်ငံသားများကို ဓားစာခံသဖွယ် ချနင်းပြီး ဈေးကစားခြင်းကို ဝန်ကြီးဌာနအနေဖြင့် ဘယ်သောအခါမှ လက်ခံမည် မဟုတ်ကြောင်းလည်း အခိုင်အမာ ပြောကြားသည်။ ‘‘ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူတာ သေချာစေရမယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

zawgyi

ေတာင္ကိုရီးယားတြင္ mask ေလွာင္လွ်င္ ေထာင္ဒဏ္ႏွစ္ႏွစ္ သို႔မဟုတ္ ဒဏ္ေငြ ေဒၚလာ ၄၂၀၀၀

ေတာင္ကိုရီးယားတြင္ ဗိုင္းရပ္ကူးစက္မႈ ဟန္႔တားရန္ လူအမ်ားတို႔ အသုံးျပဳလ်က္ ရွိၾကသည့္ mask ႏွင့္ လက္သန႔္ရွင္းေရးေဆးမ်ားကို သိုေလွာင္ျခင္းအား ပိတ္ပင္ထားသည္။ သိုေလွာင္ပါက ေထာင္ဒဏ္ႏွစ္ႏွစ္အထိ ခ်မွတ္ခံရႏိုင္သည္ သို႔မဟုတ္ ေဒၚလာ ၄၂၀၀၀ အထိ ဒဏ္ေငြခ်မွတ္ႏိုင္သည္။

အေရးေပၚအေျခအေန ေပၚေပါက္ေနခ်ိန္တြင္ အဆိုပါလူသုံးကုန္ပစၥည္းမ်ားကို ထုတ္လုပ္သူမ်ားႏွင့္ ေရာင္းခ်သူမ်ားအား coronavirus ျဖစ္ပြားျခင္းမွ အျမတ္ထုတ္ျခင္းကိုတားဆီးရန္ရည္႐ြယ္သည္ဟု ဆိုးလ္ၿမိဳ႕ရွိ စီးပြားေရးႏွင့္ဘ႑ာေရး ၀ န္ႀကီးဌာနမွ သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါ ျပစ္ဒဏ္ ျပ႒ာန္းထားျခင္းသည္ ဧၿပီလကုန္အထိ အက်ိဳးသက္ေရာက္ေနလိမ့္မည္။
တစ္လတာ ပ်မ္းမွ်ေရာင္းအားပမာဏ၏ ၁.၅ ဆထက္ ပိုေသာပမာဏကို စုေဆာင္းသိုေလွာင္ျခင္းအား ၅ ရက္ထက္ ပိုၾကာေအာင္ သိုေလွာင္ထားပါက အဆိုပါျပ႒ာန္းခ်က္ႏွင့္ ၿငိစြန္းသည္ဟု သတ္မွတ္ၿပီး ထိထိေရာက္ေရာက္ အေရးယူ အျပစ္ေပးမည္ ျဖစ္သည္။

ႏိုင္ငံသားမ်ားကို ဓားစာခံသဖြယ္ ခ်နင္းၿပီး ေဈးကစားျခင္းကို ၀န္ႀကီးဌာနအေနျဖင့္ ဘယ္ေသာအခါမွ လက္ခံမည္ မဟုတ္ေၾကာင္းလည္း အခိုင္အမာ ေျပာၾကားသည္။ ‘‘ကၽြန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ အေရးယူတာ ေသခ်ာေစရမယ္” ဟု ျဖည့္စြက္ ေျပာၾကားခဲ့သည္။

Read times Last modified on Wednesday, 05 February 2020 15:24
Rate this item
(1 Vote)