What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 October 2021 10:03

တရုတ်ပြည်တွင် ပြည်နယ် ၁၁ ခု ကိုဗစ်ကူးစက်မှုကြောင့် လော့ဒေါင်းချ

တရုတ်ပြည် မြောက်ပိုင်းတွင် အာဏာပိုင်တို့က ‌ကိုဗစ် အရေးပေါ်စီမံချက်များနှင့် လော့ဒေါင်းချခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြည်နယ် ၁၁ ခုတို့တွငါ ကူးစက်လူနာ ၁၀၀ ကျော် တွေ့ရှိခဲ့ခြင်းကြောင့် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည်။

"အောက်တိုဘာ ၁၇ ရက်ကစလို့ တရုတ်နိုင်ငံ နေရာအတော်များများမှာ ကူးစက်မှုတွေ လျင်မြန်စွာ ဖြစ်ပွားခဲ့တယ်" ဟု အမျိုးသား ကျန်းမာရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရသူ Mi Feng က ပြောကြားသည်။

တရုတ်လူဦးရေ၏ ၇၅%ခန့် ကာကွယ်ဆေး အပြည့်ထိုးထားပြီးပါလျက် ယခုလို ကူးစက်ပျံ့ပွားမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း Mi Feng က ပြောကြားသည်။

ရှန်ဟိုင်းမြို့မှ တရုတ်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကြသည့် ကာကွယ်ဆေး အပြည့်ထိုးထားပြီးဖြစ်သော သက်ကြီးပိုင်း ခရီးသွားအဖွဲ့တွင် ကူးစက်လူနာအချို့ အောက်တိုဘာလ ၁၆ ရက်တွင် တွေ့ရှိခဲ့သည်။

ကူးစက်လူနာ ၁၃၃ ဦးတွင် ၁၀၆ ဦးသည် ခရီးသွားအဖွဲ့ ၁၃ ဖွဲ့တွင် ပါဝင်သူများ ဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရသည် သုည-ကိုဗစ်မူဝါဒ ကျင့်သုံးကာ ကူးစက်မှုများကို ပြင်းပြင်းထန်ထန် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကာ တားဆီးလျက် ရှိပါသည်။

Read times
Rate this item
(0 votes)