What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 February 2020 19:36

(၅-၂-၂၀၂၀ ရက်နေ့၊ ည (၇ : ၃၀) နာရီ) 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေသို့ (၁၅-၁-၂၀၂၀) ရက်နေ့မှ (၃၀-၁-၂၀၂၀) ရက်နေ့အထိ သွားရောက်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ အသက် (၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦးနှင့် ၎င်း၏ အသက် (၂၄) နှစ်အရွယ် မိခင်တို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ (၅-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာ ၎င်းဆေးရုံမှ ရန်ကင်းကလေးဆေးရုံကြီးသို့ ညွှန်းပို့လွှဲပြောင်းကုသခဲ့ပါသည်။ ၎င်းတို့အား ဆေးရုံ၌ စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။ အဆိုပါလူနာ (၂) ဦးအား စောင့်ကြပ်ကြည့်ရှု ကုသမှုများပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲ နမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

 

၃။ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦး တို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

 

(Zawgyi)

---------------

(၅-၂-၂၀၂၀ ရက္ေန႕၊ ည (၇ : ၃၀) နာရီ) 2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း 

 

၁။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ 2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ထြက္ဂိတ္မ်ားတြင္ လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထု အေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားျဖင့္ လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ၊ တိုင္ေပသို႔ (၁၅-၁-၂၀၂၀) ရက္ေန႕မွ (၃၀-၁-၂၀၂၀) ရက္ေန႕အထိ သြားေရာက္ခဲ့သည့္ မဂၤလာဒုံၿမိဳ႕နယ္မွ အသက္ (၂) ႏွစ္အ႐ြယ္ ကေလး (က်ား) တစ္ဦးႏွင့္ ၎၏ အသက္ (၂၄) ႏွစ္အ႐ြယ္ မိခင္တို႔သည္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားျဖင့္ ပုဂၢလိကေဆး႐ုံတစ္ခုသို႔ (၅-၂-၂၀၂၀) ရက္ေန႕တြင္ သြားေရာက္ျပသခဲ့ရာ ၎ေဆး႐ုံမွ ရန္ကင္းကေလးေဆး႐ုံႀကီးသို႔ ၫႊန္းပို႔လႊဲေျပာင္းကုသခဲ့ပါသည္။ ၎တို႔အား ေဆး႐ုံ၌ စစ္ေဆးရာတြင္ အျခားျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ား မေတြ႕ရွိခဲ့ပါ။ အဆိုပါလူနာ (၂) ဦးအား ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈမ်ားေပးလ်က္ရွိၿပီး ၎တို႔ထံမွ ဓာတ္ခြဲ နမူနာမ်ားအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ ျဖစ္ပါသည္။

 

၃။ ယေန႕ (၅-၂-၂၀၂၀) ရက္ေန႕၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ သံသယလူနာ (၂) ဦးအပါအဝင္ လူနာ (၁၀) ဦး တို႔အား သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရွကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါသည္။

Read times
Rate this item
(0 votes)