What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 09 February 2020 20:19

(၉-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ) 2019-nCoV acute respiratory disease လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၁။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နေ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဉီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချိန်စက်မြို့မှ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး (၇-၁-၂၀၂၀) ရက်နေ့မှစ၍ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ စတင်ခံစားခဲ့ရပြီးနောက် (၈-၂-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခဲ့ပါသည်။

 

လူနာမှာ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူလူနာများနှင့်ထိတွေ့မှု ရာဇဝင် မရှိကြောင်းသိရှိရ ပါသည်။ ၄င်းလူနာထံမှ ဓာတ်ခွဲနမူနာရယူပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

 

၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ (၄-၂-၂၀၂၀) ရက်နေ့ တွင် ဝင်ရောက်လာသော အသက် (၅၃) နှစ်အရွယ်၊ တရုတ်အမျိုးသားတစ်ဉီးသည် (၈-၂-၂၀၂၀) ရက်နေ့ တွင် အဖျားရောဂါခံစားရသဖြင့် ပုဂ္ဂလိကဆေးရုံ တစ်ခုသို့သွားရောက်ပြသခဲ့ပြီး ထိုမှတဆင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။

 

လူနာတွင် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း ဆေးစစ်ချက်အဖြေများတွင် သွေးဥမွှားများ ကျဆင်း နေခြင်း၊ သွေးတွင်းသကြားဓာတ်များပြားနေခြင်းတို့ကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ သီးသန့်လူနာဆောင်တွင် ထားရှိကုသပြီး ဓာတ်ခွဲနမူနာရယူကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

 

၃။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ အသက် (၂၄)နှစ်အရွယ် တရုတ်လူမျိုး အမျိုးသမီး (၁)ဦးသည် (၁၈-၁-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး (၁၀)ရက်ခန့်နေထိုင်ခဲ့ကာ (၃-၂-၂၀၂၀)ရက်နေ့တွင် ဟူနန်ပြည်နယ်မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နေထိုင်စဉ်အတွင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိသော်လည်း (၈-၂-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းသွားခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးရုံ (၁)ခုသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ သီးသန့်လူနာခန်းတွင် ခွဲခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နေ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်ဖိန်မြို့တွင် (၄)ရက်ကြာ နေထိုင်ခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့၌ မောင်တောမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ (၃-၂-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၇-၂-၂၀၂၀) ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပါသည်။

 

၎င်းလူနာအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ မောင်တောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာခန်းတွင် ခွဲခြားထားရှိ ဆေးကုသလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။

 

၅။ စင်္ကာပူနိုင်ငံ International Health Regulation (IHR-2005) focal point မှ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲသို့ (၉-၂-၂၀၂၀) ရက်နေ့ နံနက် (၈:၅၁) အချိန်တွင် e-mail ဖြင့်ဆက်သွယ်၍ အသက် (၂၉) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် စင်ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ် (၅-၂-၂၀၂၀) ရက်နေ့၌ စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး နှင့် အနီးကပ်ထိတွေ့ခဲ့သူ (close contact) ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးသည် (၅-၂-၂၀၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာကြောင်း အကြောင်းကြားလာခဲ့ပါသည်။

 

သတင်းရရှိလျှင်ရရှိခြင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်၍ အဆိုပါနေ့ (၅-၂-၂၀၂၀) တွင် စင်ကာပူနိုင်ငံမှ ဆိုက်ရောက်လာသော လေကြောင်းလိုင်းများ၏ ခရီးသည်စာရင်း (Manifest) များအားစစ်ဆေးခြင်းနှင့် အဆိုပါခရီးသည်၏ Health Declaration Card အားရှာဖွေခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အဆိုပါအမျိုးသမီးနေထိုင်သည့် လိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များအား စုံစမ်းရှာဖွေခဲ့နိုင်ခဲ့ပါသည်။

 

အဆိုပါ အမျိုးသမီးနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါ အမျိုးသမီးတွင် လက်ရှိကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကု ဆေးရုံတွင် ခွဲခြားထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားပြီး အဆိုပါ အမျိုးသမီးနှင့်အနီးကပ် ထိတွေ့ခဲ့သူများတွင်လည်း လက်ရှိကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း နေအိမ်တွင် နေထိုင်စေ၍ အသွားအလာကန့်သတ်ခြင်း (Home Quarantine) ပြုလုပ်ထားပါသည်။

 

ထို့အပြင် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာရှိပါက ချက်ချင်းသတင်းပေးပို့ ဆောင်ရွက်ရန် အသိပေးထားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှလည်း နေ့စဉ်ဆက်သွယ်၍ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ပါသည်။

 

(ခ) သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၉-၂-၂၀၂၀) ရက်နေ့၊ ည (၆း၀၀) နာရီ အချိန်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၁၄) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

 

(ဂ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါစောင့်ကြည့် လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

(Zawgyi)

----------

(၉-၂-၂၀၂၀ ရက္ေန႔၊ ည (၈:၁၅) နာရီ) 2019-nCoV acute respiratory disease လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(က) က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ တြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ 2019-nCoV လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ထြက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၁။ မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္ေန အသက္ (၃၄) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဉီးသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ခ်ိန္စက္ၿမိဳ႕မွ (၃၁-၁-၂၀၂၀) ရက္ေန႔တြင္ ျပန္လည္ေရာက္ရွိလာၿပီး (၇-၁-၂၀၂၀) ရက္ေန႔မွစ၍ ဖ်ားနာျခင္းႏွင့္ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ား စတင္ခံစားခဲ့ရၿပီးေနာက္ (၈-၂-၂၀၂၀) ရက္ေန႔တြင္ ေပါက္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ တက္ေရာက္ကုသခဲ့ပါသည္။

 

လူနာမွာ လတ္တေလာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ျဖစ္ပြားသူလူနာမ်ားႏွင့္ထိေတြ႕မႈ ရာဇဝင္ မရွိေၾကာင္းသိရွိရ ပါသည္။ ၄င္းလူနာထံမွ ဓာတ္ခြဲနမူနာရယူၿပီး ကမာၻ႔က်န္းမာေရး အဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ ျဖစ္ပါသည္။

 

၂။ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ (၄-၂-၂၀၂၀) ရက္ေန႔ တြင္ ဝင္ေရာက္လာေသာ အသက္ (၅၃) ႏွစ္အ႐ြယ္၊ တ႐ုတ္အမ်ိဳးသားတစ္ဉီးသည္ (၈-၂-၂၀၂၀) ရက္ေန႔ တြင္ အဖ်ားေရာဂါခံစားရသျဖင့္ ပုဂၢလိကေဆး႐ုံ တစ္ခုသို႔သြားေရာက္ျပသခဲ့ၿပီး ထိုမွတဆင့္ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့ပါသည္။

 

လူနာတြင္ လတ္တေလာအသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါလကၡဏာမ်ား မေတြ႕ရွိရေသာ္လည္း ေဆးစစ္ခ်က္အေျဖမ်ားတြင္ ေသြးဥမႊားမ်ား က်ဆင္း ေနျခင္း၊ ေသြးတြင္းသၾကားဓာတ္မ်ားျပားေနျခင္းတို႔ေၾကာင့္ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ကာ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ သီးသန႔္လူနာေဆာင္တြင္ ထားရွိကုသၿပီး ဓာတ္ခြဲနမူနာရယူကာ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ ျဖစ္ပါသည္။

 

၃။ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ေန အသက္ (၂၄)ႏွစ္အ႐ြယ္ တ႐ုတ္လူမ်ိဳး အမ်ိဳးသမီး (၁)ဦးသည္ (၁၈-၁-၂၀၂၀)ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဟူနန္ျပည္နယ္သို႔ သြားေရာက္ခဲ့ၿပီး (၁၀)ရက္ခန္႔ေနထိုင္ခဲ့ကာ (၃-၂-၂၀၂၀)ရက္ေန႔တြင္ ဟူနန္ျပည္နယ္မွ မႏၲေလးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့ပါသည္။

 

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတြင္ ေနထိုင္စဥ္အတြင္း အသက္ရႉလမ္းေၾကာင္း ဆိုင္ရာ ေရာဂါရွိသူမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့ျခင္းမရွိေသာ္လည္း (၈-၂-၂၀၂၀)ရက္ေန႔တြင္ ဖ်ားျခင္း၊ အန္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ဝမ္းသြားျခင္း စသည့္ လကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ပုဂၢလိကေဆး႐ုံ (၁)ခုသို႔ သြားေရာက္ျပသခဲ့ၿပီး ထိုမွတစ္ဆင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့ပါသည္။ ၎လူနာအား ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးရွိ သီးသန္႔လူနာခန္းတြင္ ခြဲျခားထားရွိ ေဆးကုသမႈ ေပးလ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕အသိအမွတ္ျပဳ ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၄။ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ေန အသက္ (၂၁)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ က်န္ဖိန္ၿမိဳ႕တြင္ (၄)ရက္ၾကာ ေနထိုင္ခဲ့ၿပီး (၂-၂-၂၀၂၀) ရက္ေန႔၌ ေမာင္ေတာၿမိဳ႕နယ္သို႔ ျပန္လည္ေရာက္ရွိခဲ့ကာ (၃-၂-၂၀၂၀)ရက္ေန႔မွ စတင္၍ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း လကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၇-၂-၂၀၂၀) ရက္ေန႔တြင္ ေမာင္ေတာျပည္သူ႔ေဆး႐ုံသို႔ လာေရာက္ျပသခဲ့ပါသည္။

 

၎လူနာအား ေစာင့္ၾကည့္ လူနာအျဖစ္ သတ္မွတ္၍ ေမာင္ေတာျပည္သူ႔ေဆး႐ုံရွိ သီးသန္႔လူနာခန္းတြင္ ခြဲျခားထားရွိ ေဆးကုသလ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာရယူ၍ ကမာၻ႔က်န္းမာေရးအဖြဲ႕ အသိအမွတ္ျပဳ ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။

 

၅။ စကၤာပူႏိုင္ငံ International Health Regulation (IHR-2005) focal point မွ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲသို႔ (၉-၂-၂၀၂၀) ရက္ေန႔ နံနက္ (၈:၅၁) အခ်ိန္တြင္ e-mail ျဖင့္ဆက္သြယ္၍ အသက္ (၂၉) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးသည္ စင္ကာပူႏိုင္ငံတြင္ ေနထိုင္ခဲ့စဥ္ (၅-၂-၂၀၂၀) ရက္ေန႔၌ စင္ကာပူႏိုင္ငံမွ 2019 Novel Coronavirus (2019-nCoV) ဓာတ္ခြဲအတည္ျပဳလူနာတစ္ဦး ႏွင့္ အနီးကပ္ထိေတြ႕ခဲ့သူ (close contact) ျဖစ္ေၾကာင္း၊ အဆိုပါ အမ်ိဳးသမီးသည္ (၅-၂-၂၀၂၀) ရက္ေန႔တြင္ စင္ကာပူႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာလာေၾကာင္း အေၾကာင္းၾကားလာခဲ့ပါသည္။

 

သတင္းရရွိလွ်င္ရရွိျခင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆက္သြယ္၍ အဆိုပါေန႔ (၅-၂-၂၀၂၀) တြင္ စင္ကာပူႏိုင္ငံမွ ဆိုက္ေရာက္လာေသာ ေလေၾကာင္းလိုင္းမ်ား၏ ခရီးသည္စာရင္း (Manifest) မ်ားအားစစ္ေဆးျခင္းႏွင့္ အဆိုပါခရီးသည္၏ Health Declaration Card အားရွာေဖြျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ရာ အဆိုပါအမ်ိဳးသမီးေနထိုင္သည့္ လိပ္စာႏွင့္ ဆက္သြယ္ရန္ တယ္လီဖုန္းနံပါတ္မ်ားအား စုံစမ္းရွာေဖြခဲ့ႏိုင္ခဲ့ပါသည္။

 

အဆိုပါ အမ်ိဳးသမီးေနထိုင္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္သို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာန၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာန ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ားမွ ကြင္းဆင္း ေဆာင္႐ြက္ခဲ့ပါသည္။

 

အဆိုပါ အမ်ိဳးသမီးတြင္ လက္ရွိက်န္းမာေရးျပႆနာတစ္စုံတစ္ရာမရွိေသာ္လည္း ေဝဘာဂီအထူးကု ေဆး႐ုံတြင္ ခြဲျခားထားရွိ၍ အသြားအလာ ကန္႔သတ္ျခင္း (Quarantine) ျပဳလုပ္ထားၿပီး အဆိုပါ အမ်ိဳးသမီးႏွင့္အနီးကပ္ ထိေတြ႕ခဲ့သူမ်ားတြင္လည္း လက္ရွိက်န္းမာေရးျပႆနာတစ္စုံတစ္ရာမရွိေသာ္လည္း ေနအိမ္တြင္ ေနထိုင္ေစ၍ အသြားအလာကန္႔သတ္ျခင္း (Home Quarantine) ျပဳလုပ္ထားပါသည္။

 

ထို႔အျပင္ က်န္းမာေရးျပႆနာ တစ္စုံတစ္ရာရွိပါက ခ်က္ခ်င္းသတင္းေပးပို႔ ေဆာင္႐ြက္ရန္ အသိေပးထားၿပီး ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမွလည္း ေန႔စဥ္ဆက္သြယ္၍ ေစာင့္ၾကပ္ၾကည့္ရႈမည္ျဖစ္ပါသည္။

 

(ခ) သို႔ျဖစ္ပါ၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ (၉-၂-၂၀၂၀) ရက္ေန႔၊ ည (၆း၀၀) နာရီ အခ်ိန္အထိ သံသယလူနာ (၁) ဦးအပါအဝင္ လူနာ (၁၄) ဦး တို႔အား ေဆး႐ုံမ်ားတြင္ ဆက္လက္၍ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

 

(ဂ) က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအေနျဖင့္ 2019 Novel Coronavirus ေရာဂါေစာင့္ၾကည့္ လူနာႏွင့္ သံသယလူနာမ်ားေတြ႕ရွိပါက ဆက္လက္သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။

Read times Last modified on Sunday, 09 February 2020 20:42
Rate this item
(0 votes)